Headlines News :
Home » , »  အိန္ဒိယနိုင်ငံ၏ မိုးခေါင်မှုကြောင့် ယခုနှစ် မြန်မာ့ပဲဈေးကွက် ကောင်းနိုင်ဖွယ်ရှိကြောင်း စိုက်ပျိုးရေးပညာရှင်များ ခန့်မှန်း

 အိန္ဒိယနိုင်ငံ၏ မိုးခေါင်မှုကြောင့် ယခုနှစ် မြန်မာ့ပဲဈေးကွက် ကောင်းနိုင်ဖွယ်ရှိကြောင်း စိုက်ပျိုးရေးပညာရှင်များ ခန့်မှန်း

Written By လွင့်မောင်မောင် on Sunday, September 30, 2012 | 7:18 PM

7526
ဓာတ်ပုံ - ၀င်းမြင့်ကျော်
 ဆောင်းသီးနှံ တစ်မျိုးဖြစ်သည့် ပဲသီးနှံ၏ ယခုနှစ်ဈေးကွက် အခြေအနေမှာ ကောင်းမွန်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူ လယ်သမားများ၏ ခန့်မှန်းပြောကြားချက်များအရ သိရှိရပါသည်။
ပြည်တွင်း၌ ပဲသီးနှံဈေးကွက် ပျက်သည်မှာ နှစ်နှစ်ဆက်တိုက်ရှိပြီ ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်၌ ရာသီဥတုကြောင့် ဈေးနှုန်းကျဆင်းခဲ့ပြီး၊  ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ခုနှစ်၌မူ ပြည်ပ၀ယ်လိုအား မကောင်းသောကြောင့် ပဲဈေးကွက်ပျက်ခဲ့ရကြောင်း သိရသည်။
“ဈေးကွက်ပျက်တာ နှစ်နှစ်ဆက်တိုက်ရှိပြီ။ ဒီနှစ်တော့ အလားအလာကောင်းမယ် ခန့်မှန်းရတယ်။ ဘာကြောင့်ဆို အခုအိန္ဒိယမှာမိုးခေါင် နေတယ်။ ပဲအထွက်နှုန်းကျနိုင်တယ်။ တရုတ်လည်း ရာသီဥတု အခြေအနေက မသေချာဘူး။ ဒါကြောင့် ဒီနှစ်ပြည်ပအ၀ယ်လိုက်ပြီး ပြည်တွင်းဈေးကွက် အခြေအနေကောင်းဖို့ များ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးရုံးမှ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်မှ၊ ပဲစိုက်တောင်သူကို စိုးလွင်ဦးကလည်း” တရုတ်နဲ့အိန္ဒိယ က မနှစ်က ပဲမ၀ယ်တော့ ပြည်တွင်း ပဲဈေးကွက်ပျက်တာပေါ့။ ဒီနှစ်တော့ တရုတ်နဲ့အိန္ဒိယက ရာသီဥတုအခြေ အနေကြောင့် ပြန်ဝယ်မယ်ထင်တယ်။ သူ တို့ဆီကပဲမထွက်တော့ဘူး ဆိုလာမယ့် ပဲရာသီဈေးကောင်း နိုင်တာပေါ့”ဟု ပြောပြခဲ့သည်။
ပြည်တွင်းပဲဈေးကွက်မှာ တရုတ် နှင့် အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအားပေါ် မူတည်၍ ဈေးကွက် အပြောင်းအလဲ ဖြစ်ပြီး ပြီးခဲ့သည့် ပဲရာသီချိန်၌မူဈေး ကွက်အစ၌ ပဲဈေးကောင်းခဲ့သော် လည်း နောက်ပိုင်း၌ ဈေးပြန်ကျခဲ့ ကြောင်း၊ တောင်သူများဈေးကွက်သို့ ထုတ်ရောင်းချိန်တွင် ပဲဈေးနှုန်းမှာ ကျပ်နှစ်သောင်း ၀န်းကျင်သာရရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဇူလိုင်၊ သြဂုတ်၌မူ ပြည်တွင်း ပဲဈေးနှုန်းများ ကျပ်လေးသောင်းနှင့် အထက်သို့ ဈေးပြန်တက်ခဲ့ကြောင်း သို့သော် အဆိုပါအချိန်၌ တောင်သူလက်ထဲ၌ ထုတ်ရောင်းရန် ပဲလက်ကျန်မရှိတော့ကြောင်း ကိုစိုးလွင်ဦးကဆိုသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template