Headlines News :
Home » , » ဗဟုသုတဘဲ နဲရော့လေသလား? တရုပ်ကုမ္မဏီကရမယ့် ကော်မရှင်ကိုဘဲမျှော်ကိုးလေသလား?

ဗဟုသုတဘဲ နဲရော့လေသလား? တရုပ်ကုမ္မဏီကရမယ့် ကော်မရှင်ကိုဘဲမျှော်ကိုးလေသလား?

Written By လွင့်မောင်မောင် on Friday, August 31, 2012 | 8:10 AM


ယနေ့ထုတ်မြန်မာ့အလင်းသတင်းတွင် " တရုပ်နိုင်ငံတွင်ထုတ်လုပ်ထားသည် မြန်မာကြိုက် ချယ်ရီဝက်ဂွန် မီနီစလွန်းကားများကိုယခုလကုန်မှစတင်ကာ ပြန်လည်ရောင်းချပေးသွားမည်ကြောင်းတာဝန်ရှိဌာနတာဝန်ရှိသူတဦးထံမှသိရှိရသည်။ ကားတွေကရောက်နေပြီ၊စတင်ရောင်းချဖို့အတွက်ပြင်ဆင်နေပါတယ်။ လက်ရှိဈေးကွက်ရဲ့ လိုအပ်ချက်အရ ကားစီးရေ ၂၀၀ဝန်းကျင်ကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။ " ပါရှိလာတဲ့ သတင်းကိုဖတ်လိုက်ရတော့ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာဌာအာဏာပိုင်တွေဟာ နိုင်ငံတကာမှာ တရုပ်ထုတ်ကားကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ပစ္စည်းတခုအသုံးပြုထားမှုကြောင့် သူတို့နိုင်ငံတွေမှာ ဓါတ်ခွဲစစ်ဆေးနေတယ်ဆိုတဲ့ သတင်းကိုမဖတ်မိတာလား၊ နိုင်ငံတကာဗဟုသုတနည်းပါးတာလား၊

တရုပ်ကုမ္မဏီကနေ ပေးလာမယ့်ကော်မရှင်ငွေကိုမျှော်ကိုးပြီး ခွင့်ပြုနိုင်သူအာဏာပိုင်တဦးဦးကဘဲ အန္တရယ်ဖြစ်စေနိုင်တာကိုသိသိကြီးနဲ့ ခွင့်ပြုခဲ့တာလား အတွေးတွေများလာရပါတယ်။ ခုလိုခေတ်ပြောင်းစပ်ကူးမတ်ကူးကာလမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်တဲ့ အရာရှိကြီးတွေ ကြုံးဝါးသံကို အစိုးရဌာနအသီးသီးမှာလည်း ကြားနေရတော့ တို့မြန်မာပြည်သူတွေ ဒီလိုဥာဉ်ဆိုးတွေ လက်က အမြန်ဆုံး လွတ်ကင်းဖို့......(Aung pan)

AF Ijournal
"တရုတ်လုပ် Chery ကား မော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်ခြင်း ရှိ မရှိ စစ်ဆေးနေ"

တရုတ်လုပ် Chery ကားမော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်မှု ရှိ မရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။အဆိုပါ Chery ကား မော် ဒယ်နှစ်ခုမှာJ3 ဆီဒင်ကာ နဲ့
T11ပြိုင်ကားမော်ဒယ်များဖြစ်ကြပြီး၊ ယင်းကားများကိုတင်သွင်းသည့် ဗား တက်စ်ကုမ္ပဏီက ကျောက်ဂွမ်းပါ ဝင်သည်ဆိုသောအင်ဂျင်နှင့်အိပ်ဇော စနစ်မှ ဂတ်စကက်နမူနာခြောက်ခု ကို ဆက်စကို ဓာတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးလျက်ရှိသည်။ ဓာတ်ခွဲခန်းမှ အဖြေကိုလာမည့် ရက်သတ္တပတ် တွင်သိရမည်ဆို၏။

ကျောက်ဂွမ်း(Asbestos) ဆို သည်မှာ မီးမလောင်နိုင်သည့်ပစ္စည်း တစ်မျိုးဖြစ်ပြီး၊ မီးသတ်သမားများ ဝတ်ဆင်လေ့ရှိသည့် မီးခံဝတ်စုံတွင် ထည့်သွင်းအသုံးပြုသော်လည်း လူ သားတို့အတွက် အန္တရာယ်ရှိသဖြင့် ကမ္ဘာ့နိုင်ငံငါးဆယ်တို့တွင် ကျောက်ဂွမ်းသုံးခြင်းကို တားမြစ်ပိတ်ပင်ထား ကြသည်။ ယင်းသို့ တားမြစ်ပိတ်ပင် သည့် နိုင်ငံများထဲတွင် သြစတြေး လျနိုင်ငံသည်လည်း အပါအဝင်ဖြစ် လေရာ ယင်းChery ကား မော်ဒယ် နှစ်ခုတို့တွင် ကျောက်ဂွမ်းများ ပါဝင် နေကြောင်းသေချာပါက ကားအစီး ရေ ၂၃ဝဝဝ ကိုယင်းတို့လာရာဌာန သို့ ပြန်ပို့မည်ဖြစ်ကြောင်းသိရသည်။

ကျောက်ဂွမ်းမှထွက်သည့်အနံ့ကိုကြာရှည်စွာရှူရှိုက်ပါကအသက်ရှူလမ်းကြောင်းတွင် ရောဂါ ဖြစ်နိုင်ကြောင်း ဆေးပညာရှင်များက ဆိုသည်။ မောင့်အဲလိဇဘက် ဆေး ရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပါရဂူ ဒေါက်တာချန်တောင်အင်က ''ကျောက်ဂွမ်းအမျှင်တွေဟာ အ ဆုတ်ထဲဝင်တာများရင် အန္တရာယ် ဖြစ်စေနိုင်တယ်။ အဆုတ်ထဲကို ကျောက်ဂွမ်း အမျှင်တွေရောက်နေ တာကို နှစ် ၂ဝ ကနေ ၃ဝ လောက် ကြာမှသိရတတ်တယ်။ ဒါကြောင့် ရောဂါဖြစ်နေတာကို လူတွေမသိကြ တာများတယ်''ဟု ပြောသည်။

ကျောက်ဂွမ်းအမျှင် စလေးများ သည် အသက်ရှူသည့်အခါ နည်း နည်းချင်းပါသွားပြီးနောက် ယင်း အမျှင်များ ထောင်နှင့်ချီ၍ အဆုတ် ထဲသို့ရောက်နေပါက ဖယ်ရှားပစ်ရန် ခက်ခဲသည်ဟု ၄င်းက ဆိုသည်။
စင်ကာပူနိုင်ငံတွင်မူ Chery ကားပေါင်း ၁၈ဝဝ ကျော်မျှ မောင်း နှင်သွားလာနေကြသော်လည်း ယခု သံသယဖြစ်နေကြသည့် မော်ဒယ် များမှာမူ ၄၁၄ စီးသာရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်လည်း ကျောက်ဂွမ်းကို ၁၉၈၉ မှစတင်၍ တားမြစ်ခဲ့ပြီး၊ ကားများတွင် အသုံး မပြုရန် ကိုမူ ၁၉၉၅ ခုနှစ်တွင် တား မြစ်ခဲ့ကြောင်း သိရသည်။

''ဝူဟူး အခြေစိုက် Chery ကားစက်ရုံကလည်း စင်ကာပူကို ပို့တဲ့ကားတွေမှာ ကျောက်ဂွမ်းတွေ ပါမပါဆိုတာကို စစ်ဆေးနေပါ တယ်''ဟု ယင်းကားများကို တင် သွင်းသော ဗားတက်စ်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဆင်ခိုင်ဘီကစထရိတ်တိုင်းမ်စ်သတင်းစာသို့ ပြော ကြားခဲ့သည်။ 


ဆက်စပ်ဖတ်ရှုရန်......... တရုတ်နိုင်ငံမှ Chery ကုမ္ပဏီ ထုတ်ကားများတွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့်သုံးထားမှုတွေ့ရှိ၍ သြစတျေးလျတွင် ကားများပြန်သိမ်းနေပြီး စင်ကာပူတွင်လည်း Chery ကားများအားစစ်ဆေးနေ မြန်မာနိုင်ငံတွင်လည်း Chery ကုမ္ပဏီထုတ်ကားများ တင်သွင်းအသုံးပြုမှုများပြား
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template