Headlines News :
Home » » ယနေ့အမျိုးသားလွှတ်တော် အစည်းအဝေး ၌ ခုံရုံးဝန်ထမ်းများ စွပ်စွဲ ပြစ်တင်သည့်အဆို ဆွေးနွေးကြမည်

ယနေ့အမျိုးသားလွှတ်တော် အစည်းအဝေး ၌ ခုံရုံးဝန်ထမ်းများ စွပ်စွဲ ပြစ်တင်သည့်အဆို ဆွေးနွေးကြမည်

Written By လွင့်မောင်မောင် on Tuesday, August 28, 2012 | 1:03 PM

 
 နေပြည်တော်၊ သြဂုတ်၊၂၈

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့်  အဖွဲ့ဝင်များအား ဖွဲ့စည်းပုံအခြေ
ခံ ဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေရေ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း တို့အရ စွပ်စွဲပြစ်တင် သည့်အဆို ကို ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၃၄)ရက်နေ့မြောက်နေ့ (၂၈.၈.၂၀၁၂)အင်္ဂါနေ့တွင် အမျိုးသား လွတ်တော်တွင် တင်ဆွေးနွေး ကြမည်ဖြစ်သည်။

ယင်းအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆ဦးကဆွေးနွေးမည်ဖြစ်ပြီး ယင်း၁၆ဦးအနက်၆ဦး
မှာတပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြသည်။

ကိုယ်စားလှယ်များဆွေးနွေးမှုအပြီး တွင်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးမည်ဖြစ်သည်။ယင်းနောက်မှ အမျိုးသားလွှတ်တော်၏အဆုံးအဖြတ် ရယူမည်ဟုသတင်းရရှိသည်။

ပါဝင်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် ၁၆ဦး၏ အမည်စာရင်းများမှာအောက်ပါအတိုင်းဖြစ်သည်။

(၁)ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါက်တာအေးမောင်
(၂)ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘရန်ရှောင်
(၃)တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီးဇော်မိုး
(၄)တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီးဇော်သန်းထိုက်
(၅)ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၄) ဦးစိုင်းသန့်ဇင်
(၆)ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) မှ ဦးဇုန်လှယ်ထန်း
(၇)တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးကြီး ခင်စိုး
(၈)တပ်မတော်သာကိုယ်စားလှယ်ဗိုလ်မှုနေမျိုးကျော်
(၉)မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇) မှဒေါက်တာဗညားအောင်မိုး
(၁၀)ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ဒေါ်ခင်ဝိုင်းကြည်
(၁၁)တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးမျိုးထွန်းအောင်
(၁၂) စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဦးတင်မြ
(၁၃) ရှမ်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးနေ၀င်းထွန်း
(၁၄)တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးကျော်နိုင်ဌေး
(၁၅)ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃) ဦးဖုန်းမြင့်အောင်
(၁၆)ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်ရီ တို့ဖြစ်သည်။

စွမ်းရဲထွဋ်
Popular Myanmar News Journal


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template