တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြတ်ကို- ဓာတ်ပုံ - ဖြိုးဇင် |
မိမိတို့သည်ပြည်သူကခန့်ထားသည့်အစိုးရဖြစ်ကြောင်း၊ကျွန်တော်အပါအ၀င်အစိုးရ
အဖွဲ့ဝင်ဝန်ကြီးအားလုံး၊လွှတ်တော်ဥက္ကဋ္ဌရော၊ဒုဥက္ကဋ္ဌအားလုံးဟာတနင်္သာရီတိုင်းထဲမှာရှိတဲ့မဲ
ဆန္ဒနယ်တွေကရွေးချယ်ခန့် ထားခြင်းဖြစ်ကြောင်း၊
ကျွန်တော်တို့လုပ်တာကိုင်တာနဲ့ပတ်သက်ပြီးအမှားတွေတွေ့ရင်အချိန်မရွေး ကျွန်တော်တို့ကိုပြောပါ။ကျွန်တော်တို့စေတနာကဒီဒေသကိုဖွံ့ဖြိုးတိုးတက်
စေချင်တဲ့စေတနာနဲ့လုပ်ကိုင်ဆောင်ရွက်တာဖြစ်ကြောင်း၊အမှားအယွင်းဆို တာရှိကောင်းရှိမည်ဖြစ်ကြောင်း၊ရှိတဲ့အမှားအယွင်းကိုလည်းကျွန်တော်တို့ ပြင်လို့ရတယ်ဆိုရင်
ကျွန်တော်တို့ချက်ချင်းပြင်ပါ့မယ်...
ဟုတနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကယနေ့26-8-2012(၉)နာရီတွင်
ထားဝယ်မြို့ တော်ခန်းမ၌ကျင်းပပြုလုပ်သည့်ထားဝယ်ဖွံ့ဖြိုးတက်မှုအများပိုင်ကုမဏီ၏ အစုရှယ်ယာရှင်များသို့ရှင်းလင်းပွဲအမှာစကားပြောကြားရာတွင်ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမဏီ၏ အစုရှယ်ယာရှင်များအပြင်မြို့မိမြို့ဖများ၊ဌာနဆိုင်ရာအကြီးအကဲများ၊နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊၈၈မျိုးဆက်ထားဝယ်ကျောင်းသားများ၊စီးပွားရေးလုပ်ငန်းရှင်များ
တက်ရောက်ခဲ့ကြသည်။
သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ဖြိုးဇင်