Game ဝါသနာရှင်တွေ အတွက် စာအုပ်လေး တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဦးဆုံး ထုတ်ဝေတဲ့ Game အကြောင်းသီးသန့် ထုတ်ဝေသော စာအုပ်လေးလည်း ဖြစ်ပါတယ်။
မနေ့က ( 20-Aug-2012 ) မှာ Yangon Central Hotel မှာ နေ့လည် ၁ နာရီကနေ ၂ နာရီခွဲအ

ထိ
စာနယ်ဇင်းများနှင့် မိတ်ဆွေများကို ဖိတ်ခေါ်ကာ မိတ်ဆက်ပွဲလေး
ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ Aunty Tint ရဲ့ ဖိတ်ကြားချက် အရ ကျနော်လည်း
ရောက်သွားဖြစ်ခဲ့ပါတယ်။
ဒီစာအုပ်လေးရဲ့ ရည်ရွယ်ချက်ကတော့ ဂိမ်းတစ်ခုရဲ့ သဘောသဘာဝ ၊ ဒီဂိမ်းကို ကစားမယ် ဆိုရင် လိုအပ်မည့် Hard Ware ၊ ဒီဂိမ်းရဲ့ လျှို့ဝှက်ချက်တွေ ၊ ပြီးတော့ တခြားတခြားသော ဗဟုသုတပေါင်းများစွာကို ဖော်ပြပေးထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဒီစာအုပ်လေးကို ပြုစုသူတွေကလည်း တကယ့်ကို မိဘအိမ်ရဲ့ အဆူအပူ အအော်အငေါက်ကို ခံပြီးတော့ ရူးရူးသွပ်သွပ် ကစားခဲ့ကြတဲ့ Gamer များပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက် နဲ့ မျှော်လင့်ချက်တွေ ကြီးမားလွန်းတဲ့ အတွက် စာအုပ်ရဲ့ စာရွက် အရည်အသွေးက ကောင်းလွန်းလှပါတယ်။ ဒါကလည်း သူတို့ရဲ့ စေတနာနဲ့ နိုင်ငံတကာကို ရင်ဘောင်တန်းစေချင်တဲ့ စိတ်ဓါတ်ကြောင့်ပါပဲ။
ဒီစာအုပ်လေးကို လာမယ့် Sep-2012 ကနေ စတင်ထုတ်ဝေပါလိမ့်မယ်။ ပထမဦးဆုံး လမှာတော့ သူတို့ တည်ထောင်သူ သူငယ်ချင်းတွေပဲ ရေးသားပြီးတော့ နောက်လ နောက်လတွေမှာတော့ တခြားသော ဝါသနာရှင် Gamer တွေလည်း ဝင်ရောက် ရေးသားလို့ ရနိုင်သလို ၊ တခြားသော ကဏ္ဍတွေလည်း တိုးချဲ့သွားမှာပါ။
ဒီစာအုပ်လေးမှာ နိုင်ငံတကာမှာ ကျင်းပလေ့ ရှိတဲ့ ဂိမ်းပြိုင်ပွဲတွေ ၊ မြန်မာနိုင်ငံမှာ ကျင်းပမည့် ဂိမ်းပြိုင်ပွဲတွေကိုလည်း အချိန်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဖော်ပြပေးထားမှာပါ။
ကျနော့်ရဲ့ အမြင်နဲ့ သုံးသပ်ချက်အရတော့ Game ကို ရူးရူးသွပ်သွပ် ကစားကြတဲ့ ဝါသနာရှင်များ အနေနဲ့ ဒီစာအုပ်လေးကိုတော့ အမြဲတမ်း ဆောင်ထားကာ လေ့လာဖတ်ရှု့သင့်တယ်လို့ အကြံပေးချင်ပါတယ်။
နောက်ထပ် နောက်ထပ်သော ဒီစာအုပ်လေးနဲ့ ပတ်သတ်ပြီးတော့ Update News တွေကိုလည်း ဖော်ပြပေးသွားပါ့မယ်။ အခုတော့ ကျနော့် ဖဘ အကောင့်ထဲမှာ ရှိတဲ့ ဂိမ်းကို ရူးသွပ် ခုံမင်တဲ့ မိတ်ဆွေများကို တဂ်လိုက်ပါတယ်။
သြော် . . . ပြောဖို့ မေ့နေတယ်။ ဒီစာအုပ်လေး နာမည်က Gamers ပါ။
စာအုပ်လေးရဲ့ Facebook စာမျက်နှာကတော့ https://www.facebook.com/pages/ForGamersByGamers/245797315541996
ဂိမ်းကို ချစ်ခင် ရူးသွပ်စွာ ကစားသူတိုင်း အတွက် ဒီစာအုပ်လေးက အဖော်မွန်ကောင်းတစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။
လေးစားစွာဖြင့်

ကိုဇော် Ko Zaw