Headlines News :
Home » , » လက်ပံတောင်းကြေးနီစီမံကိန်းထွက် ဒုတ္ထ္ထာရေသောက် သုံးခြင်းကြောင့် ကိုယ်အင်္ဂါမညီမျှမှုများ ဖြစ်ပေါ်

လက်ပံတောင်းကြေးနီစီမံကိန်းထွက် ဒုတ္ထ္ထာရေသောက် သုံးခြင်းကြောင့် ကိုယ်အင်္ဂါမညီမျှမှုများ ဖြစ်ပေါ်

Written By လွင့်မောင်မောင် on Tuesday, August 28, 2012 | 8:15 PM



လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းများ ဖော်ဆောင်ရာ စွန့်ပစ်မြေ ဆီလွှာများနှင့် စွန့်ပစ် ပစ္စည်းများ စုပုံခြင်းကြောင့်  လက်ပံတောင်း ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ရှိရွာအချို့  သောက်သုံးရေ အခက်အခဲ နှင့် ရင်ဆိုင်လာရ ကြောင်း မိုးကြိုးပြင် မြောက်ပိုင်း မှ ဒေသခံများထံက သိရှိရသည်။

အဆိုပါ စွန့်ပစ် ပစ္စည်းများ တင်ပါဝင်သော ဓာတုဆေးဝါးများမှာ  မြေဆီလွှာအတွင်းမှ သောက်သုံးရေကန်များအတွင်းသို့ စိမ့်ဝင်ခြင်းကြောင့် သောက်သုံးရေရှားပါးနေခြင်းဖြစ်သည်။‘

''ကျွန်မတို့ရွာနဲ့  ၂မိုင်ကျော် ဝေးတဲ့ ရွာတွေမှာ သောက်ရေထဲ ဒုတ္ထ္ထာရေတွေဝင်ပြီး သောက်ရေ ရှားပါးနေပါပြီ။ သူတို့ အခု မြစ်ရေပဲ သောက်နေရတယ်'' ပာု မိုးကြိုးပြင်မြောက်ပိုင်းရွာမှ မမြင့်မြင့်သိန်းက ပြောသည်။

ကြေးနီတူးဖော်ရေးလုပ်ငန်းနှင့် နီးစပ်သည့် ကျေးရွာများဖြစ်သော ကန်ကုန်း၊ကန်တော ၊ရေကြည်ပင်၊ ရွေးပင်ကောက်၊ဝက်ဒန်း  အစရှိသည့် ကျေးရွာများမှာ ထိုအခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါဒုတ္ထ္ထာရေများသည် ကော့ပါးဆာလဖိတ်များ အများဆုံးပါဝင်ပြီး အိုင်းယွန်းနှင့် ဇင့် သတ္ထုဓါတ်များလည်း ပါဝင်နေကြောင်းဆရာဝန်တစ်ဦးထံက  သိရှိရသည်။

''ဒုတ္ထ္ထာရေတွေသောက်မိရင် ကျောက်ကပ် မှာကျောက်တည်တာတွေဖြစ်နိုင်တယ် ။ ကိုယ်အင်္ဂါ မညီမျှတာ ရောဂါတွေလည်း ခံစားရနိုင်ပါတယ် '' ဟု ရေနှင့်ပတ်သက်ပြီး နာလည်တတ်ကျွမ်းသည့် အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက ပြောသည်။

ထို့ပြင် အညစ်အကြေးနှင့်ဓါတုဆေးဝါးများရှိနေသည့် နေရာနှင့် ပေ(၅ဝ) အကွာတွင်သာ သောက်သုံးရေကန်များ ရှိသင့်ကြောင်း ထိုအချက်မှာလဲ မြန်မာနိုင်ငံတွင် မည်သူမှလိုက်နာကျင့်သုံး ခြင်းမရှိသည့် ကျန်းမာရေးဆိုင်ရာ စည်းမျည်းတစ်ခုဖြစ်ကြောင်း အထက်ပါဆရာဝန်က ပြောကြားသည်။

အဆိုပါ ရွာများရှိ ဒေသခံကလေးသူငယ်အချို့ မှာလည်း ဓာတုဆေးဝါးများ စိမ့်ဝင်သည့်ရေများ သောက်သုံးမိခြင်းကြောင့်  ကိုယ်အင်္ဂါမညီမျှသော လက္ခဏာများ ခံစားလာရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“  ဒီရွာတွေက ကလေးအချို့ က ရေတွေကြောင့်လားတော့ မသိဘူး ဗိုက်ရွဲတာတွေ ခေါင်းကြီး ကိုယ်သေးတာတွေ ဖြစ်လာတယ်'' ပာု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စွန့်ပစ်ပစ္စည်းများ မစုပုံရေးအတွက် ဒေသခံတောင်သူလယ်သမားများက အဓိကထား လူ၁ဝဝဝ ဝန်းကျင်က   ကြေးနီစီမံကိန်းအနီးတွင် လယ်ယာမြေ မကျူးကျော်ရဆိုသည့်  ဆိုင်းဘုတ် များဖြင့် သြဂုတ်လ(၂၅)နှင့်(၂၇)ရက်နေ့များတွင် သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသသည်။

 လယ်မြေပျက်စီးမှုများ ကြုံတွေ့နေရပြီး ကျေးရွာ (၄) ရွာခန့်မှာ ရွာပျက်များ အဖြစ်သို ရောက်ရှိနေကြောင်းကိုလည်း သိရသည်။

''ကျွန်မတို့  ဆန္ဒပြတော့  ရဲတွေ အုပ်ချုပ်ရေးမှုတွေကပုဒ်မ (၁၄၄)နဲ့ တားတယ်။ နောက်လည်း ဆန္ဒ ဆက်ပြမယ်။ ဒါပေမဲ့ သူတို့ကိုတော့ ဘာမှပြန်မပြောတော့ ဘူး။'' ပာု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် လယ်မြေပျက်စီးမှုများ ကြုံတွေ့နေရပြီး ကျေးရွာ (၄) ရွာခန့်မှာ ရွာပျက်များ အဖြစ်သို့   ရောက်ရှိနေကြောင်း သာမက စာသင်ကျောင်း တစ်ကျောင်းနှင့်  ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းပါ သိမ်းယူခြင်းခံခဲ့ ရကြောင်းကိုလည်း သိရသည်။

ထို့သို့  ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ခြင်းနှင့်  ဓာတုပစ္စည်း အန္တရယ်ခံစားလာနိုင်ခြင်း ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် ဇူလိုင် ၂၈ရက်နှင့် ၂၉ရက်တွင် ခံစားနိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့ပြီးနောက် သြဂုတ်(၂၁)ရက်တွင်   ကြေးနီစီမံကိန်းအား ပြန်လည်လုပ်ပိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template