Headlines News :
Home » , » ခုံရုံးဥက္ကဌ နှင့် အဖွဲ့ဝင်များကို စစ်ဆေးကြားနာရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ခုံရုံးဥက္ကဌ နှင့် အဖွဲ့ဝင်များကို စစ်ဆေးကြားနာရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

Written By လွင့်မောင်မောင် on Wednesday, August 29, 2012 | 4:06 PM



အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်မှ ပြည်သူ့လွှတ်တော် ဥက္ကဌ ထံ ယနေ့ (သြဂုတ်လ ၂၉ ရက်နေ့)တွင် သ၀ဏ်လွှာတစ်ရပ် ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ချက် အဆိုသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၃ ဦး၏ ထောက်ခံဆန္ဒမဲများဖြင့် အတည်ဖြစ်ခဲ့ပါသဖြင့် အမျိုးသားလွှတ်တော်၏ စွပ်စွဲချက်ကို ပြည်သူ့ လွှတ်တော်မှ ဆက်လက်ဆောင်ရွက်ပေးပါရန် သဝဏ်လွှာ ပေးပို့အပ် ပါသည်ဟု ပါရှိသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အမျိုးသားလွှတ်တော်မှ ပေးပို့လာသည့် သဝဏ်လွှာနှင့် အတူ ပြည်သူ့လွှတ်တော်ဘက်မှ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များကို စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။ ထို့နောက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် (၁၅) ဦးပါဝင်ကာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template