Headlines News :
Home » » “ခေါင်းဆောင်သုံးယောက်ညီညွတ်နေရင် ကျွန်တော်တို့ အပြောင်းအလဲက အဆင်ချောမယ်လို့ထင်တယ်”စာရေးဆရာ ဦကျော်ဝင်းနှင့် တွေ့ဆုံခြင်း

“ခေါင်းဆောင်သုံးယောက်ညီညွတ်နေရင် ကျွန်တော်တို့ အပြောင်းအလဲက အဆင်ချောမယ်လို့ထင်တယ်”စာရေးဆရာ ဦကျော်ဝင်းနှင့် တွေ့ဆုံခြင်း

Written By လွင့်မောင်မောင် on Saturday, September 1, 2012 | 12:34 AM

ဆရာ ကျော်ဝင်းနဲ့ ကျွန်တော် ဒုတိယအကြိမ်မြောက်(the street view journal အနေဖြင့်) အင်တာဗျူးခွင့်ရခဲ့ပါတယ် ပထမအကြိမ်အင်တာဗျူးခဲ့တုန်းက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ပြီးခေါ်စပဲ ရှိပါသေးတယ် အဲ့ဒီအင်တာဗျူးကို face book ပေါ်တင်ခဲ့တုန်းက ဆရာရဲ့သုံးသပ်ချက်တွေ တော်တော်များများကို လက်ခံ ပြီး ဖတ်ရူကြတာတွေ့ရပါတယ် ကျွန်တော် ထင်တာ ပြောရရင်လည်း အဲ့ဒီအင်တာဗျူးမှာ ဆရာ သုံးသပ်ထားတာတွေ တော်တော်များများ မှန်နေခဲ့တာကို တွေ့ရပါတယ်။ အခု (၁ ၊ ၉ ။၂၀၁ ) မှာ ထွက်ရှိမယ့် street view ဂျာနယ်မှာ ဖေါ်ပြထားတဲ့ အင်တာဗျူးကို အခု ဖေါ်ပြပေးလိုက်ပါတယ်။

" Diversity Unity ပေါ့ တစ်ဖက်က တသွေးတသံ တမိန့်ဆိုရင် ဒါအာဏာ ရှင် ဖြစ်သွားပြီ check and balance ဖြစ်မှာ မဟုတ်တော့ဘူး Check and Balance ဖြစ်ဖို့ မတူတဲ့ အမြင်တွေ ပွင့်ပွင့်လင်းလင်းဖေါ်ထုတ်ဖို့လိုပါတယ် ဒါပေမယ့် မတူတာကို ရိုးမယ်ဖွဲ့ပြီးတော့ ကွဲကြ ပြဲကြ ရန်ဖြစ်ကြတာတော့ မကောင်းပါဘူး ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်တို့ သမိုင်းမှာ အဲ့ဒါတွေ သိပ်များလည်း တောက်လျှောက်ပေါ့ အဲ့လိုတွေများခဲ့လို့လည်း တိုင်းပြည်ဒုက္ခရောက်ခဲ့ရတာတော်တော်များပါတယ်အဲ့ဒီသင်ခန်းစာတွေလည်းရှိခဲ့တာပဲ။အဲ့တော့ ဘာပဲ ပြောပြော မတူတာက မတူတာပဲပေါ့ တူတာကိုညှိနိုင်းကြရင် ဖြစ်မှာပါ။"

မြန်မာနိုင်ငံတွင်လက်ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများ၊ဥပဒေပြုရေးအာဏာ၊အုပ်ချုပ်ရေးအာဏာ၊တရားစီရင်ရေးအာဏာ စသော မဏ္ဍိုင် သုံးရပ် ကြား အပြန်လှန် ထိန်းကြောင်းမှု Check and Balance လုပ်ခြင်းသဘောတရားများနှင့် လက်ရှိဖြစ်ပေါ်နေသာ အားပြိုင်မှုများနှင့် ပတ်သက်ပြီး စာရေးဆရာ ကျော်ဝင်းနှင့် The Street View ဂျာနယ်တို့ တွေ့ဆုံမေးမြန်းချက်များကို ဖေါ်ပြလိုက်ပါသည်။

Q; အခုချိန်မှာပေါ့ဆရာ အားလုံးက စိတ်ဝင်စားနေကြတယ်လို့ပြောရမယ့် လွှတ်တော်နဲ့ခုံရုံးကြားက ဖြစ်နေတဲ့ ကိစ္စပေါ့ဒီအပေါ်မှာပဲ တစ်ချို့က ဒါကို အားပြိုင်မှုလို့ပြောကြသလို ဒါကို တစ်ချို့ကလည်း ဒီမိုကရေစီသဘောတရားအရာ check and balance သေဘောပဲ ဒီမိုကရေစီရဲ့ သဘောသဘာဝအရပဲလို့ပြောကြတာတွေလည်းရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေအပေါ်မှာလည်း စိုးရိမ်ကြတဲ့သူတွေလည်းရှိနေတာကို တွေ့ရပါတယ်။ ဆရာအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခင်းကျင်းတွေနဲ့ ပတ်သက်ပြီး မြင်မိသလောက် သုံးသပ်ပေးပါဦး။

ANS ;ဒီနှစ်ပေါ့နော် ၂၀၁၂ ဧပြီလောက်က ICG ပေါ့ ICG ဆိုတာ International Crisis Group ပေါ့ သူက INGO လို့လည်း ပြောလို့ရတယ် ဘရပ်စဲအခြေစိုက်ပေါ့ ရုံးခွဲကတော့ အင်ဒိုနီးရှားမှာ ရှိထင်တယ်။သူကတော့ မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ပေါ့။ ယေဘုယျတော့ အဲ့ဒီအဖွဲ့အမြင်တွေက အထိုက်အလျောက် မျှတယ်လို့ မြင်ပါတယ်။ ကျွန်တော်တော့ စောင့်ဖတ်ဖြစ်ပါတယ်။ ဒီနှစ်ဧပြီလမှာ မြန်မာ့နိုင်ငံရေး တစ်နှစ်ခရီးပေါ့ နဲပတ်သက်ပြီး လေ့လားထားတာ တွေ့ရတယ် အဲ့ဒါကို အခုထွက်တဲ့ wave မှာလည်း ထည့်ထားတယ်။ အဲ့ထဲမှာ အချက်တစ်ချက်ပါတယ် အဲ့ဒါက မြန်မာပြည်မှာ Hard liner တွေ က ဦးဆောင်ပြီး နောက်ကြောင်းပြန်သွားမယ့် အလားအလာတွေ မရှိသလောက်နည်းပါတယ်လို့ သုံးသပ်ထားတယ်

ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးဝါဒီတွေကြားထည်းမှာ ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်တယ်။ အထူးသဖြင့်တော့ သူကBy name နဲ့ရေးထားတယ် သမ္မတကြီးဦးသိန်းစိန်နဲ့ ဦးသူရရွှေမန်းကြားမှာ ပြိုင်ဆိုင်မှုရှိလာနိုင်တယ်လို့ ရေးထားတယ်။ ဒီပြိုင်ဆိုင်မှုက အရပ်စကားနဲ့ ပြောရရင် ဘရိတ်ပေါက်သွားရင် ပေါ့ဗျာ တိုင်းပြည်အတွက် တစ်စုံတစ်ရာ အန္ဒရယ်ရှိကောင်းရှိလာနိုင်တယ်လို့ သုံးသပ်ချက်ထည့်ထားတယ်။

အဲ့ဒီတော့ အခုဖြစ်ပျက်နေတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေး အာဏာပေါ့ အဏာဘက်ကပြောရင် အုပ်ချုပ်ရေးအဏာနဲ့ ဥပဒေပြုရေးအဏာ ကြားကဖြစ်နေတဲ့ အငြင်းပွားမှု။ ခုန ICGရဲ့သုံးသပ်ချက်နဲ့ဆက်စပ်စဉ်းစားရင်တော့ပြိုင်ဆိုင်မှုတွေက ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်ကောင်းဆိုင်နေမှာပေါ့ ။ဒါပေမဲ့ ဒါက သိပ်တော့ မဆန်းပါဘူး ဒါမျိုးတွေက တစ်ခြားနိုင်ငံတွေမှာလည်းရှိနေတာပဲ။ ပြီးတော့သူတို့နှစ်ယောက်လုံးကို သမ္မတဦးသိန်းစိန်ရော ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဥိးရွှေမန်းရောက ကမ္ဘာကရော မြန်မာကရော လက်ခံထားကြတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေ သူတို့မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲ မှု ကျွန်တော်တော့ သိပ်ရှိတယ်လို့ မထင်ဘူး။ အခုဖြစ်ကိစ္စက အဲ့ဒီပြိုင်ဆိုင် မှုနဲ့ ပတ်သက်ချင်လည်း ပတ်သက်မယ်။တစ်ချို့တော့ ဒါနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ယူဆတယ်။ကျွန်တော်တော့ ဒါကို သိပ်ပြီး မှတ်ချက်မပေးနိုင်ဘူး။ဘာလို့လဲဆိုတော့ ကိုမသိတဲ့ ကိစ္စတွေ။ ကျွန်တော့်အထင်ပေါ့ ပိုပြီးတော့ ထင်မြင်မှုပေးရမယ်ဆိုရင် ဒါက အခြေခံဥပဒေရဲ့ အားနည်းချက်နဲ့ နည်းနည်းဆိုင်မယ်ထင်တယ်။အဲ့ဒါကလည်း မဆန်းပါဘူး အခြေဥပဒေရေးတဲ့သူတွေကို အပြစ်မတင်ပါဘူး။ဘယ်အခြေခံဥပဒေမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အမေရိကန် အခြေခံဥပဒေတောင် စရေးတုန်းကအားနည်းချက်တွေ အတော်များတာ တဖြည်းဖြည်း ပြင်ယူရတာ။

အဲ့တော့ အခုပြသာနာက ကျွန်တော်လက်လှမ်းမီသလောက် ပြောရရင် လွှတ်တော်က ဖွဲ့တဲ့ ကော်မတီတွေ ဒီကော်မတီတွေ အခြေခံဥပဒေခုံရုံးက ပြည်ထောင်စုအဆင်မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။အဲ့တော့ constitution မှာထဲမှာကျတော့လည်း ပြည်ထောင်စုအဆင့်ပါဆိုတဲ့စကား တရားဝင်ဖေါ်ပြထားတဲ့ စကားလုံးမပါဘူး။ ခုံရုံးရဲ့တာဝန်ကြတော့လည်း အခြေခံဥပဒေကိုပဲ အဓိပယ်ဖွင့်ရတယ် မပါတဲ့ စာသားကို ထပ်ပြီး အဓိပယ် ဖွင့်လို့မရဘူး ။အဲ့တော့ သူဘက်က သိပ်မှားတယ်လို့လည်း ကျွန်တော်မထင်ဘူး ဒါပေမယ့် တစ်ဖက်က လက်တွေ့လုပ်ကြည့်တဲ့ အခါကြတော့ ရည်ရွယ်ချက်ကိုက ဥပဒေပြုအဏာနဲ့ အုပ်ချုပ်ရေးအာဏာက အပြန်အလှန်အထိန်းအကွပ်ဖြစ်ဖို့ လိုတယ်။ အဲ့တော့ ဥပဒေပြုရေးအဖွဲ့တွေက ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုရင် အုပ်ချုပ်ရေးအာဏာကိုထိန်းဖို့ အခက်အခဲဖြစ်မယ်။အဲ့ဒါမဖြစ်သင့်ဘူး။တကယ်လက်တွေ့ကျတော့ဒီကော်မတီတွေအားလုံးက ပြည်ထောင်စုအဆင့်ဖြစ်ခဲ့ရင် အထိန်းအကွပ်အားကောင်းမယ်။

အဲ့တော့တစ်ဖက်က ပြန်ကြည့်ရင် ပြည်ထောင်စုအဆင့်သတ်မှတ်ပေးရေးဆိုတဲ့လွှတ်တော်ရဲ့တောင်းဆိုမှုက သဘာဝကျတယ်။မှန်တယ်လို့ထင်တယ်။ အဲ့တော့ ချုပ်လိုက်မယ်ဆိုရင်တော့ နှစ်ဘက်စလုံးက သူ့ဟာနဲ့သူမှန်နေတယ်။ပြီးတော့ နှစ် ဖက်လုံးရဲ့စေတနာတွေကလည်း တကယ့်ကို တိုင်းပြည်အပြောင်းအလဲအတွက် စေတနာသန့်သန့်နဲ့ လုပ်နေတယ်လို့ ကျွန်တော်တော့ထင်တယ်။ အဲ့ဒီအခြေကိုပြန်စဉ်းစားရင် ဒီပြသာနာက အကျယ်ကျယ်မဖြစ်သင့်ဘူးလို့ထင်တယ်။အထူးသဖြင့်ခေါင်းဆောင်နှစ်ဦးပေါ့ သဘောထားကြီးကြီးနဲ့ ညှိလိုက်ကြရင် လွယ်လွယ်ကူကူနဲ့ ပြေလည်သွားမယ်လို့ ကျွန်တော်တော့ထင်တယ်။ကြားက အဖြေပေါ့ဗျာ ကျွန်တော်တို့ဘေးလူအနေနဲ့ စဉ်းစားကြည့်ရင် လက်တွေ့လုပ်ငန်းစဉ်မှာကြတော့ ဒီကော်မတီတွေက ပြည်ထောင်စုအဆင့်လည်းတကယ်ဖြစ်သင့်တယ်။ဒါမှလည်း အထိန်းအကွပ် Check and balance အားကောင်းမယ်။ ဒါပေမယ့်လည်း Constitution မပါဘူး ဒါပေမယ့် လွှတ်တော်ဥပဒေမှာ ကြပါနေတယ်။ အဲ့ဒီတော့ အကောင်းဆုံးကတော့Constitutionထဲမှာလွှတ်တော်ကဖွဲ့စည်းတဲ့အဖွဲ့အစည်းတွေဟပြည်ထောင်စုအဆင့်ဟုတ်တယ်ဆိုတဲ့ စာသားလေးထည့်ပေးလိုက်မယ်ဆိုရင် မပြေလည်နိုင်ဘူးလား။ဒါကကျွန်တော်ကြားကစဉ်းစားကြည့်တာ။

အဲ့လိုမဟုတ်ပဲနဲ့ စွပ်ဆွဲပြစ်တင်မှုတွေကို အဆုံးအစမရှိလုပ် ကြပြီးတော့နှုတ်ထွက်ပေးရမယ်ဆိုတာ ဘာညာကတော့ အရေးကြီးတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲက အလွန်နုနယ်သေးတဲ့ အနေထားရှိတယ်။ ပြီးတော့ တကယ်စေတနာ မှန်မှန်လုပ်နေကြတဲ့ခေါင်းဆောင် နှစ်ယောက်ကြားထဲမှာ နည်းနည်းလေးမှ အက်ကြောင်းမပေါ်စေချင်ဘူး။ ကျွန်တော်တစ်ဦးချင်းဆန္ဒအရတော့ အပြေလည်ဆုံးနည်းနဲ့ အမြန်ဆုံဲး့ ညှိကြရင် ကောင်းမယ်လို့ ထင်တယ်။ ကျွန်တော်စဉ်းစားရတဲ့ တစ်ခြားအဖြေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်စေချင်တဲ့ ပြည်ထောင်စုအဆင့် ဆိုတာကို သမ္မတက အသိအမှတ်ပြုပေးလိုက် အဲ့လိုအသိအမှတ်ပြုပေးနိုင်ဖို့အတွက်Constitutionဒီစာသားက ဖြည့်ဖို့လိုလိမ့်မယ်လို့ထင်တယ်။လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်းအခြေခံဥပဒေခုံရုံးကို နုတ်ထွက်ရလောက်တဲ့အထိ စွပ်ဆွဲပစ်တင်တာမျိုးကို ထိန်းထိန်းသိမ်းသိမ်း နဲ့ လျော့ချစေချင်တယ်။ အဲ့ဒါကတိုင်းပြည်အတွက်အဖြေပိုကောင်းလိမ့်မယ်ထင်တယ်။နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခုအပြောင်းအလဲမှာ ကမ္ဘာကရော ပြည်တွင်းကရော အသိမှတ်ပြုလက်ခံလာ တဲ့ ခေါင်းဆောင် နှစ်ယောက်ရှိတယ် အဏာရပါတီ(USDP)ကပေါ့ အဲ့ဒါကသမ္မတကြီးနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ပေါ့။

နောက်တစ်ခုကလူထုတစ်ရပ်လုံးကရောကမ္ဘာကရောအသိအမှတ်ပြုထားတဲ့ နောက်ထပ်ခေါင်းဆောင်တစ်ယောက်ရှိတယ်။လွယ်လွယ်အသုံးအနူန်းနဲ့ပြောရင် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ သူတို့သုံးယောက်ညီညွတ်နေရင်ကျွန်တော်တို့အပြောင်းအလဲကအဆင်ချောမယ်ထင်တယ်။လွှတ်တော်မှာပြောကြဆိုကြတာတွေကိုတိုက်ရိုက်မကြားရပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြောတာတော့ဂျာနယ်တွေကကြားရတယ်။သူ့ရပ်တည်ချက်လေး ကျွန်တော်သဘောကျတယ်။ဒိကိစ္စက အကျယ်ကျယ်မဖြစ်သင့်ဘူး အချိန်ယူညှိနှိုင်းကြမယ်ဆိုတာ ပြောထားတယ်။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကကြားဝင်ဖြန်ဖြေပေးနိုင်မယ်ဆိုရင်ဒီပြုပြင်ပြောင်းလဲရေးခေါင်းဆောင်နှစ်ယောက်ကြားမှာ ယုံကြည်မှုတည်ဆောက်ပေးနိုင်ရင် အတိုင်းထက်အလွန်ပဲလို့ ပြောချင်ပါတယ်။

Q;
ကိုယ်စားလှယ်တစ်ချို့ကလည်း ပြောတာတွေရှိပါတယ်ဆရာ ခုန ဆရာပြောသလိုပေါ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲ့ဒီစာသားကို ထပ်ဖြည့်တာတော့ ဟုတ်ပါတယ်။ဒါပေမယ့် အခုဆွေးနွေးနေတာတောင် မှ တပ်မတော်သားကိုယ်စားလှယ်အချို့က ကန့်ကွက်တာ မထောက်ခံတာမျိုးရှိတယ်ပေါ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ဖြည့်ဖို့ ပြင်ဖို့ဆိုရင် တပ်မတော်သားကိုယ်စားလှယ်ဖက်က ထောက်ခံဖို့လည်းလိုလာပြီပေါ့ တကယ်လို့များ မပါလာရင် ဘယ်လိုလုပ်မလည်း အဲ့လို သုံးသပ်တာလည်း ရှိနေတော့ ဆရာဘယ်လိုမြင်မိလဲ သုံးသပ်ကြည့်ပေးပါဦး။

ANS;
ကျွန်တော်ထင်ပါတယ် လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းကိုယ်တိုင်က တစ်ချိန်က တပ်မတော်က ခေါင်းဆောင်တစ်ယောက် သမ္မတကြီးဦးသိန်စိန်ရောပေါ့ သူတို့ (နှစ်)ယောက် ညီညီညွတ်ညွတ်နဲ့ဆိုရင် တပ်မတော်ဘက်ကလည်း သိပ်ပြင်းထန်မယ်မထင်ဘူးအခုထိကျွန်တော်တို့ကြားရတာကတော့ တပ်မတော်က ကြားကနေပြီူးတော့ ရပ်တယ်လို့ ကြားရတယ်။ အဲ့ဒီရပ်တည်ချက်ကို ကျွန်တော်က သဘောကျပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တင်းတင်းမာမာနဲ့ မဖြစ်စေချင်ဘူး။ USDP ကလည်း ဘာပဲပြောပြော မဲအများဆုံးရထားတဲ့ အနေအထား NLD ကလည်း ဒုတိယမဲအများဆုံးရထားတယ်ဆိုပေမယ့် ဒီကိစ္စကိုသိပ်ပြီး ကဏဇောက လုပ်မယ်လို့ မထင်ဘူး တပ်မတော်ခေါင်းဆောင်တွေကလည်းနားလည်ပေးလိမ့်မယ်ထင်တယ်။အဲ့တော့ဒီပြသာနာကို ကျော်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ အခြေခံဥပဒေတစ်ခုလုးံပြင်တာမဟုတ်ပဲ ဖြည့်စွက်တဲ့ သဘောလောက်ပဲ ရှိတာ။ နောက်ပြီးတော့ သမ္မတရဲ့ လွှတ်တော်ကို တင်တဲ့ သ၀ဏ်လွှာမှာလည်း ဒီသဘောပါတယ်။

အဲ့ဒီသဘောထားကို တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ သိပ်ပြီးတော့ ဆန့်ကျင်မယ်မထင်ဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ Hot issue ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်းနူန်းပါတာကို ဖယ်ရှားရေး ဒီ Hot issue ကိုဒီချိန်မှာ မကိုင်သင့်ဘူး NLD ကိုလည်း ဒီချိန်မှာ မကိုင်သင့်တဲ့အကြောင် အလျင်းသင့်တိုင်း ကျွန်တော်တို့ ရေးပါတယ်။မပြင်ရဘူး မပြောဘူး တစ်ချိန်တော့ ပြင်ရမှာပေါ့ သို့သော် ဒီအချိန်မှာ မကိုင်သင့်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ပြသာနာကြီးနိုင်တယ် အထူးသဖြင့် စစ်ဘက်အရပ်ဘက် နဲ့ ပတ်သက်ပြီး ဘရိတ်ပေါက်သွားလို့ ရှိရင် နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်။

အခု ပြသာနာက အဲ့ဒီ ၂၅ ရာခိုင်နူန်းဖယ်ရှားရေးမဟုတ်ဘူး။တစ်ချက်ထည်းပဲ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ထိုက်သင့်တဲ့နေရာပေးပြီးတော့ Check and balance အားကောင်းအောင်လုပ်ကြဖို့ အဲ့ဒါကတော့ ဒီမိုကရေစီလိုလားသူတိုင်းတပ်မတော်အပါအ၀င်ပေါ့ သိပ်ပြီးတင်းတင်းမာမာ ဆန့်ကျင်မယ်တော့ မထင်ဘူး ဒါလေးတော့ စမ်းကြည့်သင့်တယ်။ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်လည်း နောက်တစ်လမ်းတော့ ရှာရမှာပေါ့ အရေးကြီးတာက ဒီကိစ္စကို အကြောင်းခံပြီးတော့ ပြုပြင်ပြောင်းလဲရေး ၀ါဒီတွေ ကြားမှာ သဘောထား သိပ်မကွဲစေချင်ဘူး။ ဒီမိုကရေစီ ရဲ့ ရည်ရွယ်ချက် ကိုက အားပြိုင်မှုပြောလို့ရပါတယ်။တစ်ဖက်က ငြင်းခုံမှု၊ ဆရာကြီး ဒဂုံတာရာရဲ့ စကားနဲ့ ပြောရရင် မတည့်အတူနေပေါ့။ တပြိုင်နက်ထဲ အရေးကြီးတာက ညီညွတ်ရေးလည်းပါပါတယ်။ Diversity Unity ပေါ့ တစ်ဖက်က တသွေးတသံ တမိန့်ဆိုရင် ဒါအာဏာ ရှင် ဖြစ်သွားပြီ check and balance ဖြစ်မှာ မဟုတ်တော့ဘူး Check and Balance ဖြစ်ဖို့ မတူတဲ့ အမြင်တွေ ပွင့်ပွင့်လင်းလင်းဖေါ်ထုတ်ဖို့လိုပါတယ်

ဒါပေမယ့် မတူတာကို ရိုးမယ်ဖွဲ့ပြီးတော့ ကွဲကြ ပြဲကြ ရန်ဖြစ်ကြတာတော့ မကောင်းပါဘူး ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်တို့ သမိုင်းမှာ အဲ့ဒါတွေ သိပ်များလည်း တောက်လျှောက်ပေါ့ အဲ့လိုတွေများခဲ့လို့လည်း တိုင်းပြည်ဒုက္ခရောက်ခဲ့ရတာတော်တော်များပါတယ်အဲ့ဒီသင်ခန်းစာတွေလည်းရှိခဲ့တာပဲ။အဲ့တော့ ဘာပဲ ပြောပြော မတူတာက မတူတာပဲပေါ့ တူတာကိုညှိနိုင်းကြရင် ဖြစ်မှာပါ။ အခုကိစ္စက လွှတ်တော်က တောင်းတာလည်း တရားပါတယ်။ ဒီကော်မတီတွေက တကယ်ပြည်ထောင်စုအဆင့်ဖြစ်မှ ဒီအုပ်ချုပ်ရေးအာဏာကို Check and Balance လုပ်နိုင်မှာ။ ဒါပေမယ့် တစ်ဖက်က ခုရုံးကြတော့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ထည့်မရေးထားတော့ လစ်ဟာသလိုဖြစ်နေတယ်။ပြောရရင်ဗျာ ဘယ်သူမှ မမှားဘူး ဘယ်သူမှ မမှားတော့ ငါမှန်တယ်သူမှားတယ်ဆိုတာကို နည်းနည်းလေးဖယ်ထားလိုက်ပြီးတော့ တိုင်းပြည်အကျိုးအတွက် ညှိလိုက်ကြရင် ကောင်းမှာပါ။ ကျွန်တော်က တော့ ညှိစေချင်တယ်။


Q ;
ဟုတ်ကဲ့ဆရာ အခုက ဆရာ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကလည်း တရားလွှတ်တော်ရုံးချုပ်ကို စာချွန်တော် လျှောက်ထားလိုက်တယ်ပေါ့ အဲ့ဒီအထည်းမှာ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်တဲ့ဆောင်ရွက်ချက်တွေ ပြုလုပ်တယ်လို့ ပါနေတယ်တော့ ခုနဆရာပြောသလို ပြေလည်အောင်ညှိယူပြီး လုပ်ဖို့ ဆိုပေမယ့်လည်း ဒီလိုမျိုးဖြစ်လာတော့ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍုင် တို့ အားပြိုင်ကြတဲ့ သဘောများ ထပ်ရောက်သွားနိုင်ဦးမလား ဒါရော စိုးရိမ်စရာ ဖြစ်နေမလားဆရာ။

ANS;
အခုက မဏ္ဍိုင်နှစ်ခု တည်ဖြစ်တာ အကျယ်ကျယ်ဆက်များလာရင်တော့ တတိယဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ပါ ပါလာမှာပေါ့ အဲ့လိုဆိုရင် မကောင်းဘူးပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့က အကျယ်ကျယ်ဆက်မဖြစ်စေချင်တာ ။အဲ့ဒီဒီ မဏ္ဍိုင်သုံးခုတင်မကဘူး စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေလည်းရေးလာမယ် အဲ့တော့ ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ လူထုအတွက်ကလည်းမကောင်းဘူး စိုးရိမ်စရာတွေစိတ်မချမ်းသာစရာတွေ ကြုံလာမယ်။ ပြီးတော့ ဒီကိစ္စက တိုင်းပြည်တစ်ခုလုံး ဒီမိုကရေစီ စနစ် ကူးပြောင်းရေးနဲ့ ယှဉ်လိုက်ရင် သိပ်ပြီးတော့ အရေးမကြီးပါဘူး အလုပ်ဖြစ်ရေး ရူထောင့်က စဉ်းစားရင် သူမှန်တယ်ငါမှားတယ် စဉ်းစားနေစရာမလိုပါဘူး အလုပ်ဖြစ်အောင် ပြင်ပေးလိုက် ပြီးပြီပေါ့ ကျွန်တော်ကတော့ အဲ့လိုဖြစ်စေချင်တယ်။

Q;အခုရက်ပိုင်းထဲမှာလည်း နိုင်ငံတော်သမ္မတကနေပြီးတော့ ၀န်ကြီးအပြောင်းအလဲတွေ လုပ်လိုက်တယ်။ နောက်ပြီး အမည်ပျက်စရင်းဝင်အချို့ကိုလည်း ပယ်ဖျက်ပေးလိုက်တာလည်း ရှိတယ်ပေါ့။ အခုလုပ်တဲ့ အစိုးရအဖွဲ့အပြောင်းလဲက သိသိသာသာ အပြောင်းလဲလို့ ဆိုရမှာပေါ့ အဲ့ဒီလိုအပြောင်းအလဲတွေပေါ်မှာရော ဆရာအနေနဲ့ ဘယ်လိုမြင်မိလဲ။

ANS;အပြောင်းအလဲတွေကတော့ အကောင်းဘက်ကိုပဲ ဦးတည်တာပေါ့ ကျွန်တော်တို့ ကြိုဆိုရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့သွားနေတဲ့ အဆင့်သုံးဆင့်လို့ယေဘုယျပြောလို့ရတယ်။ ပထမ Liberalization ဖြေလျော့တဲ့အဆင့် ။ ဖြေလျော့တဲ့အဆင့်မှာ ၀ုန်းဒိုင်းနဲ့ တစ်ပရိတ်ထဲ ဖြေလျော့လို့မရဘူးထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်။အခုဖြေလျော့နေတဲ့ အဆင့်ပိုပြီးတော့ မြင့်မားလာတယ် အရှိန်ရလာတယ်လို့ မြင်ပါတယ်။ တပြိုင်နက်ထဲ လုပ်ရမှာက ခိုင်မာအောင်လုပ်ကြရတဲ့ Transaction အဆင့်ပေါ့ ဒါကလည်း အခုလုပ်သလောက်ရှိနေပါပြီ။ ဘာပဲပြောပြော ဖြေလျော့တာကိုတော့ ကောင်းတဲ့ဘက်က ကြိုဆိုပါတယ်။ အဲ့ဒီကိစ္စနဲ့အခုကိစ္စနဲ့ တွဲမစဉ်းစားဖို့လိုပါတယ်။ဆိုလိုတာကတော့ဗျာတည့်တည့်ပြောရရင် လူထုကို စည်းရုံးဖို့အတွက် သမ္မတက လုပ်ပြတာလို့ စွပ်ဆွဲချက်တွေ မထွက်စေချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဖြေလျော့တဲ့ ကိစ္စက ကောင်းတဲ့ကိစ္စလေ ကောင်းတဲ့ ကိစ္စကို သဘောထားတိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ ကြိုဆိုကြရမှာပဲ။

Q ; အခုဆိုရင် ကျွန်တော်တို့ မြန်မာ့နိုင်ငံရေး အခင်းကျင်းက Player ဆုံနေပြီလို့ ဆိုရမှာပေါ့ ဆရာနဲ့ ပထမခါတွေ့တုန်းဒီလောက် မဆုံသေးဘူး ဒေါ်အောင်ဆန်းစုကြည်အပါဝင် NLD လည်းပါလာပြီ။ ၈၈ ကျောင်းသားခေါင်းဆောင်တွေလည်း ပူးပေါင်းလုပ်လာကြတယ်ပေါ့ ဒီလိုအချိန်ကာလတစ်ခုကိုရောက်နေတော့ အနာဂတ်အလားလာကရော ဘယ်လိုဖြစ်လာနိုင်မလဲ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီ စံနူန်းတွေကို အချိန်ဘယ်လောက်အတွင်းမှာ သိသိသာ ရလာနိုင်မယ်ဆိုတာ သုံးသပ်ပြပေးပါဥိးဆရာ

ANS;
အခုဟာက Player တွေ ဆုံလာတယ် သဘောထားတွေ တော်တော်များများတူညီလာတယ်ဆိုတဲ့အချက်ပဲ ရှိသေးတယ်။လက်တွေ့လုပ်ရမယ့် လုပ်ငန်းတွေကတော့ အများကြီးကျန်သေးတယ်။ ကျွန်တော့်အထင်ပြောရရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက တော်တော်မြန်ဆန်တော်တော်သွက်လက်တယ်။ဒါပေမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကတော့ တော်တော်လုပ်ရဦးမယ်။ဒါကလည်း အပြစ်တင်လို့တော့ မရဘူး ဘာလို့လည်းဆိုတော့ ကျွန်တော်တို့မှာ အားနည်းတဲ့ အနေထားတစ်ခုက စရတယ်။စရတဲ့အခါကြတော့ ၀ုန်းဒိုင်းနဲ့လုပ်လို့မရဘူး အရင်အခါနဲ့ နှိုင်းယှဉ်ရလို့ရှိရင် Player တွေ ဆုံလာတယ် သဘောထားတူညီမှုတွေများလာတယ် ဆိုတဲ့ အားကောင်းချက်ပဲ ရှိတယ်။.လက်တွေ့ခြေလှမ်းက သိပ်ပြီးသိသိသာသာ မလှမ်းနိုင်သေးဘူးထင်တာပဲ။ အဲ့ဒါက အပြစ်တင်ပြောတာမဟုတ်ဘူး။ အနေထားက ဒီအတိုင်းပဲ ဖြစ်နေတာ ဒီတိုင်းပဲ သွားဦးမှာပဲ။

Q;
ဆရာအနေနဲ့ တခြားရောဘာများ ပြောချင်တာ ရှိသေးလဲ ခင်မျ။

ANS;အဲဒါကတော့ဗျာ ကျွန်တော်တို့ တစ်သက်ပေါ့နော် (၆၀)ကျော်နေပါပြီ ကျွန်တော့်တစ်သက်မှာ ဒီအနေထားမျိုး တစ်ခါမှ မရဘူး ဒီတစ်ခါပဲ တိုင်းပြည်အနာဂတ်အတွက် အကောင်းဘက်က မျှော်လင့်လို့ရဖူးတယ် အဲ့တော့ ဒီအနေထားတွေ မပျက်စေချင်ဘူး ဘာအကြောင်းနဲ့ မှ မပျက်စေချင်ဘူး။ ဒါကြောင့် Player တွေအားလုံးကို မေတ္တာရပ်ခံချင်တာက ရတောင့်ရခဲ အခွင့်အရေးလေးကို နောက်ပြန်မရောက်စေချင်ဘူး ဖြစ်နိုင်ရင်ရှေ့တိုးဖို့ပေါ့။ မမြန်ရင်နေပါစေ နောက်မဆုတ်ရင် ကျွန်တော်တို့ကျေနပ်ပါပြီ။ ရှေ့ဆက်ပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ၀ိုင်းဝန်းလုပ်ကြပါ ဒါတော့ မေတ္တာရပ်ခံချင်ပါတယ်။


ဟုတ်ကဲ့ပါဆရာအခုလို အချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါ တယ်ခင်မျာ။

မင်းသူ

ကိုယ်ရေးအကျဉ်း အမည်-ဉီးကျော်ဝင်း
မွေးသက္ကရာဇ်- ၁၀-၄-၁၉၅၂
မွေးဖွားရာဒေသ-စစ်ကိုင်းတိုင်း ဒေသကြီးမုံရွာမြို့

စိန်ခေါ်နေသော

ဖွံ့ဖြိုးရေးဆာင်းပါးနှင့် စာပေ

လောကထဲသို့ဝင်ရောက်ခဲ့သည်၊ဦးနှောက်မုန်တိုင်းဆင်ခြင်းစာအုပ် ဖြင့်

၂၀ဝ၄ခုနှစ် ဆရာဝန် တင်ရွှေ ဆု။

ကမ္ဘာပြားပြီ ဘာသာပြန်(၃)တွဲ စာအုပ်ဖြင့် ၂၀ဝ၆ခုနှစ် အမျိုးသား စာပေဘာသာပြန်(သုတ)ဆုရရှိ ခဲ့သည်၊ စပယ်ဖြူ မဂ္ဂဇင်း။ အယ်ဒီ တာချုပ်။ခေတ်ဆန်းဂျာနယ်နှင့် မိုးဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး
၂၀ဝ၆ ဇွန်လက စတင်ပြီး The Wave မဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာဆောင်အဖြစ်ဆောင်ရွက်လျှက်ရှိသည်။ 

  ဒေါင်းမာန်ဟုန်.. မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template