Headlines News :
Home » , » ထားဝယ်ကမျောကင်းတံတားအနီးShopping Mall စီမံကိန်းကျပ်သိန်းပေါင်း ၃သောင်းမှ၅ သောင်းကြားရင်းနှီးမြှုပ်နှံမည်

ထားဝယ်ကမျောကင်းတံတားအနီးShopping Mall စီမံကိန်းကျပ်သိန်းပေါင်း ၃သောင်းမှ၅ သောင်းကြားရင်းနှီးမြှုပ်နှံမည်

Written By လွင့်မောင်မောင် on Wednesday, August 29, 2012 | 11:08 PM

Photo: ထားဝယ်ကမျောကင်းတံတားအနီးShopping Mall စီမံကိန်းကျပ်သိန်းပေါင်း
၃သောင်းမှ၅ သောင်းကြားရင်းနှီးမြှုပ်နှံမည်

ထားဝယ် မှမောင်းမကန်နှင့်လောင်းလုံးမြို့နယ်များသို့ဆက်သွယ်ထားသည့်
ကမျောကင်းတံတားအနီးတွင်ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမဏီက
တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည့် Shopping Mall စီမံကိန်း
၌ကျပ်သိန်းပေါင်း၃သောင်းမှ ၅သောင်းအကြားအသုံးပြုမည်ဟုရည်ရွယ်ထား
ကြောင်းထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမဏီ၏ဥက္ကဋ္ဌဖြစ်သူဦးခင်စိုးက
ယနေ့နံနက်(၉)နာရီတွင်ထားဝယ်မြို့တော်ခန်းမ၌ပြုလုပ်သည့်အစုရှယ်ယာရှင်
များသို့ရှင်းလင်းတင်ပြပွဲတွင်ပြောကြားခဲ့သည်။ထိုစီမံကိန်းတွင်လုံးချင်းအိမ်ရာ
၁၅၀ ခန့်ဆောက်လုပ်ရန်ရည်ရွယ်ထားပြီး၊ကွန်ဒိုမီနီယံတစ်လုံးပါတည်
ဆောက်မည်ဖြစ်ကြောင်း၊မူကြိုကျောင်း၊မူလတန်းကျောင်းနှင့်ဆေးပေးခန်း
ပါထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီးဆိုင်ခန်း ၁၂၀ ပါဝင်သည့်ဆိုင်တန်း
တစ်ခုကိုလည်းတည်ဆောက်မည်ဖြစ်ကြောင်း၊ကစားကွင်းတစ်ခုကိုလည်း
ထည့်သွင်းတည်ဆောက်ကာလာမည့်နှစ်အတွင်းဒေသခံလူငယ် ၃၀၀ ခန့်
အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည်ဖြစ်ကြောင်းသိရသည်။ထို့အပြင်
ရဟတ်ယာဉ်ကွင်းကိုလည်းတည်ဆောက်ထားပြီး ထိုမှတစ်ဆင့်လော်းလုံး
ဘုတ်ကျွန်းသို့ သွားရောက်လည်ပတ်နိုင်ရန်ရည်ရွယ်ကြောင်းဦးခင်စိုးက
ရှင်းလင်းရာတွင်ထည့်သွင်းပြောကြားခဲ့သည်။အဆိုပါကုမဏီအနေဖြင့်
ထားဝယ်- ဘန်ကောက်၊ထားဝယ်- ချင်းမိုင် လေကြောင်းပြေးဆွဲနိုင်ရန်
လေကြောင်းလိုင်းတစ်ခုကိုလည်းထူထောင်ရန်ညှိနှိုင်းနေကြောင်းသိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ဖြိုးဇင်
ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမဏီ၏ဥက္ကဋ္ဌဖြစ်သူဦးခင်စိုး


ထားဝယ် မှမောင်းမကန်နှင့်လောင်းလုံးမြို့နယ်များသို့ဆက်သွယ်ထားသည့်
ကမျောကင်းတံတားအနီးတွင်ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမဏီက
တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည့် Shopping Mall စီမံကိန်း
၌ကျပ်သိန်းပေါင်း၃သောင်းမှ ၅သောင်းအကြားအသုံးပြုမည်ဟုရည်ရွယ်ထား
ကြောင်း၊
ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမဏီ၏ဥက္ကဋ္ဌဖြစ်သူဦးခင်စိုးက
ယနေ့နံနက်(၉)နာရီတွင်ထားဝယ်မြို့တော်ခန်းမ၌ပြုလုပ်သည့်အစုရှယ်ယာရှင်
များသို့ရှင်းလင်းတင်ပြပွဲတွင်ပြောကြားခဲ့သည်။
ထိုစီမံကိန်းတွင်လုံးချင်းအိမ်ရာ၁၅၀ ခန့်ဆောက်လုပ်ရန်ရည်ရွယ်ထားပြီး၊ကွန်ဒိုမီနီယံတစ်လုံးပါတည်
ဆောက်မည်ဖြစ်ကြောင်း၊
မူကြိုကျောင်း၊မူလတန်းကျောင်းနှင့်ဆေးပေးခန်း
ပါထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီးဆိုင်ခန်း ၁၂၀ ပါဝင်သည့်ဆိုင်တန်း
တစ်ခုကိုလည်းတည်ဆောက်မည်ဖြစ်ကြောင်း၊ကစားကွင်းတစ်ခုကိုလည်း
ထည့်သွင်းတည်ဆောက်ကာလာမည့်နှစ်အတွင်းဒေသခံလူငယ် ၃၀၀ ခန့်
အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင်ရဟတ်ယာဉ်ကွင်းကိုလည်းတည်ဆောက်ထားပြီး ထိုမှတစ်ဆင့်လောင်းလုံး
ဘုတ်ကျွန်းသို့ သွားရောက်လည်ပတ်နိုင်ရန်ရည်ရွယ်ကြောင်းဦးခင်စိုးက
ရှင်းလင်းရာတွင်ထည့်သွင်းပြောကြားခဲ့သည်။အဆိုပါကုမ္ပဏီအနေဖြင့်
ထားဝယ်- ဘန်ကောက်၊ထားဝယ်- ချင်းမိုင် လေကြောင်းပြေးဆွဲနိုင်ရန်
လေကြောင်းလိုင်းတစ်ခုကိုလည်းထူထောင်ရန်ညှိနှိုင်းနေကြောင်းသိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ဖြိုးဇင်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template