ရန်ကုန်၊ သြဂုတ် ၂၇
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး က Facebook စာမျက်နှာ ( http://www.facebook.com/constitutional.tribunal) ကို သြဂုတ်လ၂၅ရက်နေ့က စတင်လွှင့်တင
်ထားကြောင်း အဆိုပါ စာမျက်နှာတွင် ဖော်ပြထားချက်အရသိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ကို ၃၀-၃-၂၀၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုံး၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် ၂၀၁၁/၁၁ ဖြင့်ဦးသိန်းစိုး ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ခုံရုံး ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတော် သမ္မတရုံး၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် ၁၁/၂၀၁၁ ဖြင့်-
(က) ဒေါက်တာတင်အောင်အေး
(ခ) ဒေါ်ခင်လှမြင့်
(ဂ) ဦးထွန်းကြည်
(ဃ) ဦးစိုးသိန်း
(င) ဦးခင်ထွန်း
(စ) ဦးဆန်းမြင့်
(ဆ) ဦးမြင့်ကြိုင်
(ဇ) ဒေါ်မိမိရီ
တို့ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ခုံရုံး၊ အဖွဲ့ဝင်များ အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့သည်