Headlines News :
Home » » သူများကို လက်စားချေဖို့ အပင်ပန်း မခံဘူး ဆိုတဲ့ “ဖွေးဖွေး”

သူများကို လက်စားချေဖို့ အပင်ပန်း မခံဘူး ဆိုတဲ့ “ဖွေးဖွေး”

Written By လွင့်မောင်မောင် on Wednesday, August 29, 2012 | 7:45 PM



ဖွေးဖွေး ဒီနှစ်က ဘယ်နှနှစ်ပြည့် မွေးနေ့လဲ။
၂၄ နှစ် ပြည့်တာပါရှင်။ လူကြီးဖြစ်သွားပါပြီရှင်။ နောက်နှစ်ကျရင်တော့ လာမမေးနဲ့တော့။ (၂၅) နှစ်ကျော်ရင် အသက် ဘယ်လောက်ရှိပြီဆိုတာ မပြောပြတော့ဘူး။

ဒီနှစ် ကိုယ့်မွေးနေ့လေးမှာ ဘာတွေလုပ်မယ်လို့ စိတ်ကူးမိသေးလဲ။
ဒီနှစ်ကတော့ မခင်စန္ဒာမြင့် တည်တဲ့ ရှုတင်လည်းဖြစ်တော့ အလုပ်က မအားဘူး။ မနားရဘူး။ အရင်တုန်းက မွေးနေ့ဆို အလုပ်မလုပ်တာများတယ်။ ဒီနှစ်ကတော့ အလုပ်လုပ်ရင်းနဲ့ပဲ ဖြတ်သန်းရမှာပေါ့။ ညနေကျရင်တော့ ဦးပွားတို့၊ ကိုစိုင်းစိုင်း၊ မခင်စန္ဒာမြင့်နဲ့ ခုဒီကားထဲမှာပါတဲ့ ညီမလေးတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေးပဲ မုန့်သွားစားဖို့ စိတ်ကူးတယ်။ ရှုတင်နားတဲ့နေ့ကျရင်တော့ ခါတိုင်းလိုပဲ အလှူသွား လုပ်ဖြစ်မယ်။

အသက်တစ်နှစ် ကြီးလာလို့ ကိုယ့်မွေးနေ့ရောက်တိုင်း ဖွေးဖွေး ပြန်ပြီးဆင်ခြင်သုံးသပ်မိတာက…
ငါလူကြီးဖြစ်လာပြီ။ ပြီးတော့ ငယ်ငယ်ကတည်းက လူကြီးဖြစ်ချင်တာဆိုတော့ အသက်ကြီးလာတဲ့အတွက် ပျော်တယ်။ အချိန်တွေ နည်းလာသလို ခံစားရတယ်။

တစ်နှစ်ထက် တစ်နှစ် ပရိသတ်က ဖွေးဖွေးကို တန်ဖိုးထားပြီး အားပေးလာတယ်လို့ ခံစားရတယ်။ ဒီနှစ်ဆိုလည်း ပရိသတ်ကပေးတဲ့ လက်ဆောင်တွေထဲမှာ တော်တော် ပင်ပင်ပန်းပန်းလေး လုပ်ပြီး ပေးထားတာ တွေ့ရတယ်။ နယ်ဘက်ကလည်း ပို့ပေးကြတယ်။ အားလုံးကို ဖွေးဖွေး တကယ်ကျေးဇူးတင်ပါတယ်လို့ ဒီစာမျက်နှာပေါ်ကနေ ပြောချင်ပါတယ်။

ဖွေးဖွေး ဘာကြောင့် လူကြီးဖြစ်ချင်တာလဲ။
အင်း ငယ်ငယ်ကတည်းက အိမ်မှာကလေးလို နေရတာများတယ်။ ခုကျတော့ ကိုယ့်ကို မိဘက ယုံကြည်လာတယ်။ ငါ့သမီး ရင့်ကျက်လာပြီ။ အားကိုးယုံကြည်တဲ့ ခံစားချက်မျိုးရချင်လို့ လူကြီးဖြစ်ချင်တာ။
ခုဆို ဖွေးဖွေးနောက်ကို မေမေက သိပ်မလိုက်တော့သလိုပဲ။

အမေတို့ ဖွေးဖွေးကို ယုံကြည်လာပြီလို့ ခံစားရတယ်။ စစချင်း ဖွေးဖွေး အလုပ်လုပ်တဲ့ နှစ်နှစ် သုံးနှစ် အတွင်းမှာ အမေက တောက်လျှောက်လိုက်တယ်။ ခုကျတော့ ကန်ပေါင်မှာ ဆိုင်ဖွင့်လိုက်တာလည်း ပါတယ်။ အမေက ဆိုင်ထိုင်တယ်။ ဖွေးက ကိုယ့်ဘာသာကိုယ် သွားတယ်။ အမေက ကြော်ငြာရိုက်လောက်တော့ လိုက်ပေးဖြစ် တယ်။ ကားရိုက်ကျတော့ အမေ့ကိုလည်း သနားတယ်။

လူကြီးလည်းဖြစ်နေပြီဆိုတော့ အညောင်းတွေမိမှာလည်း စိုးတယ်။ အမေ မလိုက်တဲ့ အစပိုင်းက နည်းနည်းတော့ အားငယ်တာပေါ့။ နောက်ပိုင်းကျတော့ ပိုပြီး ကိုယ့်အားကိုယ်ကိုးတဲ့ ယုံကြည်မှုမျိုး ရလာတယ်လို့ ခံစားရသလို ရှုတင်ကလူတွေနဲ့လည်း ပိုပြီး ရင်းနှီးမှု ရလာတယ်။

စိုင်းစိုင်းနဲ့ ဖွေးဖွေးရဲ့ တွေ့ဆုံမှုက..
ဒါပထမဆုံးပါပဲ။

ဇာတ်ကားရိုက်ကူးမှုအတွက် ဘယ်လိုညှိယူခဲ့ရတာတွေရှိလဲ။
အရမ်းကြီး ထွေထွေထူးထူးတော့ ညှိယူရတာမျိုး မရှိပါဘူး။ အဆင်ပြေပါတယ်။

ဒီကားမှာ ဖွေးဖွေးရဲ့ ကာရိုက်တာက..
စာကြမ်းပိုး မိန်းမဝါဒီပေါ့။ နောက်ပိုင်းကျတော့ စိုင်းစိုင်းအသည်းခွဲလိုက်တဲ့ ဟော့ရှော့ သုံးယောက်က ဖွေးဖွေးကို ပုံစံပြောင်းပေးပြီး စိုင်းစိုင်းကို ကလဲ့စားချေတဲ့ ဇာတ်ရုပ်ပေါ့။

အပြင်မှာဆိုရင်ရော..
အဲဒီလောက်ကြီး သူများကို လက်စားချေဖို့ အပင်ပန်းမခံဘူး။

ဒီနှစ် မွေးနေ့လက်ဆောင် ပထမဆုံး ဘယ်သူ့ဆီက ရတာလဲ။
အဖေ့ဆီက ပြီးတော့ ပရိသတ်တွေဆီက ရတယ်။

အရင်ဆုံး Birthday Wish လုပ်တာ ဘယ်သူလဲ။
Message တွေက ပြုံပြီးဝင်လာတာဆိုတော့ မမှတ်မိတော့ဘူး။

ဖွေးဖွေး ပရိသတ်ကို ပြောချင်တာက..

ဆက်ပြီးတော့ ကြိုးစားသွားပါဦးမယ်။ ဒီလိုနေရာတစ်ခုရတာ ပရိသတ်အားပေးလို့ပါ။ ပရိသတ်ကျေးဇူးက ကြီးမားပါတယ်။ ဆက်ပြီးတော့လည်း အားပေးပါဦး။ ကျေးဇူးတင်ပါတယ်လို့။

ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template