အမှိုက်ကားဖြင့်စွန့်ပစ်စော်ကားခြင်းခံရသောကလေးများ၏ကလေးသူငယ်အခွင့်အရေး များ နစ်နာခြင်းအတွက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာအမျိုးသား ကောမတီသို့စာတင်
ကလေးတွေဟာ ကျနော်တို့ နိုင်ငံရဲ့ အနာဂတ်၊ ကျနော်တို့ ကမ္ဘာရဲ့ အနာဂတ်တွေပါ။ တောင်းရမ်း စားသောက်နေတဲ့ ကလေးတွေ၊ လေလွင်နေတဲ့ ကလေးတွေ တိုင်းပြည်မှာ မရှိအောင်တဲ့ လုပ်တဲ့ စီမံချက် ကို လက်ခံပါတယ်။
လုပ်တဲ့အခါမှာ နည်းမှန် လမ်းမှန် လုပ်ထုံးလုပ်နည်းနဲ့ လုပ်ဖို့ တော့လိုအပ်ပါတယ်။အခုလို အမှိုက်ကားထဲ ကို အမှိုက်လို သဘောထားပြီး တန်းဖိုးမထားပဲစွန့်ပစ် စော်ကားတာ ကတော့ လုံးဝ လက်မခံနိုင်ပါဘူး။

ကျနော်တို့ မြန်မာနိုင်ငံ အနာဂတ်ကို အမှိုက်ကားထဲစွန့် ပစ်စော်ကားတာနဲ့ အတူတူပါပဲ။ လုပ်တဲ့ အခါ မှာ နိုင်ငံတကာ ကလေးသူငယ် ဥပဒေတွေ ၊ ပြည်တွင်းက ကလေး သူငယ် ဥပဒေတွေ၊ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ နည်းမှန် လမ်းမှန်လုပ်ဖို့ လိုအပ်ပါတယ်။

သူတို့တွေပြန်လည်ထူထောင်ရေးတွေ့လိုအပ်ပါတယ်။ ကလေးတွေ၊ ကလေး မိဘတွေရဲ့ဘ၀ရပ်တည်မှု
အတွက်ပြန်လည် ထူထောင်ဖို့ အသက်မွေးဝမ်းကျောင်း ပညာတွေ လိုအပ်ပါတယ်။
လုပ်တဲ့အခါမှာ အစိုးရရယ် ကုလသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ၊ NGO တွေ နိုင်ငံသူ/နိုင်ငံသားတွေ အားလုံးက နည်းမှန် လမ်းမှန် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ကလေးတွေ အမှိုက်ကားဖြင့် စွန့်ပစ် စော်ကားခြင်း ခံရတဲ့ ကလေးတွေရဲ့ အနာဂတ်၊ ကလေး သူငယ် အခွင့်အရေးများ နစ်နာမှုအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို တင်ပြ ရခြင်းဖြစ်တယ်။

ဇော်ထွန်း(HRDP)လူ့ အခွင့်အရေးကာကွယ် မျြင့်တင်သူများကွန်ယက်
(ပြည်ဒေသ)
