Headlines News :
Home » , » ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် အရေးကြီးအဆိုအား ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်

ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် အရေးကြီးအဆိုအား ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်

Written By လွင့်မောင်မောင် on Monday, August 27, 2012 | 3:53 PM



လေးစားအပ်သော နာယကကြီးရှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များရှင့်
အခု ဦးမြင့်စိုးတင်သွားတဲ့အဆိုကို တရားဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်းရပါတယ်။ နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ရပါတယ်။ တရားဥပဒေရှုထောင့်ကနေ အများအပြားဆွေးနွေးသွာ

းပြီးဖြစ်ပါတယ်။ အဲ့ဒါတွေကိုတော့ 
ကျွန်မထပ်ပြီးတော့ မဆွေးနွေးချင်ပါဘူး။ ကျွန်မ နိုင်ငံေ၇းရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်နဲ့ တရားရေးမှဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာ ညီမျှရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။

ထို့နည်းတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်တာ၊ သဘောမတူညီမှုတွေဖြစ်တာ၊ ပြသနာတွေ တက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေရောက်တဲ့အခါကျလို့ရှိရင် ကြိုက်သလို၊ မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေဟာ ရှိတတ်ပါတယ်။ ဒီလိုပြသနာတွေ တက်လို့ ကျွန်မတို့အ နေနဲ့ စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မ၇ှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာဖြစ်ဖြစ်၊ တကယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လို ဖြေရှင်းလဲ ဆိုတဲ့ဟာပါပဲ။

ကျွန်မတို့ ပြသနာကို ဖြေ၇ှင်းတဲ့ နေရာမှာ တကယ့် ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ မှီအောင် တကယ်ကို ပြည်သူ ပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ကျွန်မတို့ ဦးတည်ရဲ့လားဆိုတာ စဉ်းစားပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းဟာ မှန်လို့ ရှိလို့ရှိရင် ကျွန်မတို့ရဲ့နိုင်ငံရဲ့ သိက္ခာလည်း တက်ပါလိမ့်မယ်။ ကျွန်မတို့ ပြည်သူတွေကလည်း ဖြေရှင်းပုံဖြေရှင်းနည်းရဲ့ ရလဒ်ကို လေးလေးစားစားနဲ့ လက်ခံမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မပြောချင်တာက အခုကိစ္စဟာ တရားဥပဒေကိစ္စဖြစ်တဲ့ပိုင်းမှာ တရားဥပေဒအရ ကျေကျေလည်လည် နှစ်ဦးနှစ်ဖက်ဟာ ဆွေးနွေး ဖို့လိုပါတယ်။ တစ်ဖက်ကို တစ်ဖက် လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင်နဲ့ မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့ မ၇ပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို ကျွန်မတို့ လေးစားဖို့ လိုပါတယ်။ နားလည်အောင် လုပ်ဖို့ လိုပါတယ်။

ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့ လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့လေးစားမှုကို ခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ ကိုက်ညီမှ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေ၇ှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိ၇ှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template