Headlines News :
Home » » ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယ၀န်ကြီးများခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယ၀န်ကြီးများခန့်အပ်တာဝန်ပေးခြင်း

Written By လွင့်မောင်မောင် on Wednesday, August 29, 2012 | 9:12 AM




ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်မှတ်ရေးထိုးလျက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီး များ ခန့်အပ်တာဝန်ပေးခြင်း  အမိန့်ကြော်ငြာစာကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ရာသတင်းအပြည့်အစုံမှာ
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရ   အဖွဲ့ဥပဒေပုဒ်မ-၁၂ တို့အရ အောက်ဖော် ပြပါပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ အမိန့်အမှတ် (၂၂/၂၀၁၂) ဖြင့်   ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
(၁) ဦးစိုးသိန်း    သမ္မတရုံးဝန်ကြီးဌာန
(၂) ဦးအောင်မင်း    သမ္မတရုံးဝန်ကြီးဌာန
(၃) ဦးလှထွန်း    သမ္မတရုံးဝန်ကြီးဌာန
(၄) ဦးတင်နိုင်သိန်း    သမ္မတရုံးဝန်ကြီးဌာန
(၅) ဦးအောင်ကြည်    ပြန်ကြားရေးဝန်ကြီးဌာန
(၆) ဦးကျော်ဆန်း    သမ၀ါယမ၀န်ကြီးဌာန
(၇) ဦးအုန်းမြင့်    မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
(၈) ဦးအေးမြင့်    စက်မှုဝန်ကြီးဌာန
(၉) ဦးတင့်ဆန်း    အားကစားဝန်ကြီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ) ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ အောက်ပါပုဂ်္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ဒုတိယ၀န်ကြီးများ  အဖြစ်ခန့်အပ်တာဝန်ပေးလိုက်သည်။
(၁) ရဲချုပ်ကျော်ကျော်ထွန်း    ပြည်ထဲရေးဝန်ကြီးဌာန
(၂) ဦးပိုက်ထွေး    ပြန်ကြားရေးဝန်ကြီးဌာန
(၃) ဦးသန်းဆွေ    ယဉ်ကျေးမှုဝန်ကြီးဌာန
(၄) ဦးအောင်သိမ်း    သမ္မတရုံးဝန်ကြီးဌာန
(၅) ဒေါက်တာလင်းအောင်    ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
(၆) ဦးဆက်အောင်    အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၇) ဒေါက်တာဒေါ်ခင်စန်းရီ    အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၈) ဒေါ်စုစုလှိုင်    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(၉) ဦးသောင်းတင်    ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၁၀) ဦးထင်အောင်    စွမ်းအင်ဝန်ကြီးဌာန
(၁၁) ဗိုလ်မှူးချုပ်ဝင်းမြင့်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန
(၁၂) ဦးအေးမြင့်မောင်    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(၁၃) ဒေါက်တာဒေါ်သက်သက်ဇင်    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော်ရေးရာဝန်ကြီးဌာန
(၁၄) ဦးသောင်းထိုက်    အားကစားဝန်ကြီးဌာန
(၁၅) ဒေါက်တာဒေါ်သိန်းသိန်းဌေး    ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး (၉)ဦးနှင့် ဒုတိယ၀န်ကြီး (၁၅) ဦးတို့ဖြစ်ကြသည်။
ညီညီ Hot News


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template