ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်း စင်တာလို့ ခေါ်တဲ့ MCC ခန်းမမှာ မြန်မာစံတော်ချိန် ညနေ ၄ နာရီကပဲ စတင်လိုက် တဲ့ အခမ်းအနားကို ကိုမင်းကိုနိုင်က အဖွင့်အမှာ စကားပြောကြားပြီး ၈၈ မျိုးဆက်ကျောင်းသား၊
ကျောင်းသူများ နဲ့ အဆိုတော်များက" ၈၈ ငြိမ်းချမ်းရေး တေးသံ" အဖွင့် သီချင်းကို ဆက်လက် သီဆိုကြ ပါတယ်။
အခမ်းအနားကို မကြာသေးခင်ကမှ သမ္မတရုံး ၀န်ကြီး ဖြစ်လာတဲ့ ယခင် စက်မှု ၀န်ကြီး ဦးစိုးသိန်းလည်း တက်ရောက်လာပါတယ်။ နောက် သမ္မတရုံး ၀န်ကြီးဖြစ်တဲ့ ဦးအောင်မင်းလည်း တက်ရောက်လာပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ပြည်သူ့ ဗိုလ်ချုပ်ကြီး ဦးတင်ဦးလည်း တက်ရောက်အားပေးပါတယ်။
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနဲ့ ဘဘ ဦးတင်ဦးတို့ကိုလည်း ဦးကိုကို ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို တွေ့ ရပါတယ်။
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနဲ့ ဘဘ ဦးတင်ဦးတို့ကိုလည်း ဦးကိုကို ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို တွေ့ ရပါတယ်။

ဒီကနေ့ ကျင်းပတဲ့ စေတနာ ၀သန် ဂီတရန်ပုံငွေပွဲကို SKY NET က တိုက်ရိုက်ထုတ်လွှင့်မှာလည်းဖြစ်ပါတယ်။ ပွဲမစခင်ကတည်းက စကိုင်းနက်က ကိုမင်းကိုနိုင်ကို အင်တာဗျူး လုပ်နေပုံပါ ။

ဒီအပြင် ပိုလှသော မနက်ဖြန် သီချင်းခွေကိုလည်း ဖြန့်ချီနေပြီဖြစ်ပါတယ်။ ဒီပွဲကို တချိန်က ၈၈ မှာ ဦးဆောင်ခဲ့ကြ တဲ့ သူတွေအားလုံး ဆုံဆည်းကြတဲ့ထူးခြားတဲ့ ပွဲပါ။ မြန်မာနိုင်ငံကို ဒီကနေ့ မှ ရောက်တဲ့ ကိုမိုးသီးဇွန်နဲ့ အဖွဲ့၊ တနေ့က ရောက်နေတဲ့ ဒေါက်တာနိုင်အောင် စသဖြင့် ပြည်တော်ပြန်တွေလည်း တက်ရောက်နေပါတယ်။


