Headlines News :
Home » , » ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထား

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထား

Written By လွင့်မောင်မောင် on Tuesday, August 28, 2012 | 1:59 PM

 ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထား
သည်ဟု သတင်း ရရှိသည်။

“ ဟုတ်တယ်။ အခုတစ်လော ရခိုင်အမျိုးသားပိုင် အိမ်တစ်ချို့ “အိမ်ရောင်းမည်” ဆိုပြီး စာကပ် ထားတာကို တွေ့ရပါတယ်။ စိတ်မကောင်း စရာပါ။ အဓိကတော့ မောင်တောမှာ ရခိုင်တွေ နေနိုင်မယ့် အနေအထား မရှိဆိုတာကို ပြသနေတာ ဖြစ်ပါတယ်” ဟု မောင်တောမြို့ လူကြီး တစ်ဦးက ပြောသည်။

အိမ်ရောင်းမည် စာတန်းများ ယခု ရက်ပိုင်းအတွင်း ပိုများပြားလာကြောင်း အမှတ် (၁) ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

“ ဒီလို စာကပ်ထားတဲ့ အိမ် ၁၆ အိမ်ခန့်ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမှာ လုံခြုံမှုက မရှိ တော့ဘူး။ အရေးအခင်းတုန်းက အိမ်တွေကို မီးရှို့တဲ့ ခေါင်းဆောင် လုပ်သူတွေကို ထိထိ ရောက်ရောက် အရေးယူတာ မရှိဘူး။ ဘာမှ မဟုတ်တဲ့ လူတွေကိုဘဲ ဖမ်းဆီးပြတယ်။ ဒီအရေး အခင်းကို ဖန်တီးတဲ့ UN နဲ့ အန်ဂျီအိုမှာ လုပ်နေကြတဲ့လူတွေကို အစိုးရက လွတ်ပေး လိုက်တယ် လေ။ ဒီလို အစိုးရက လုပ်နေရင် ရှေ့မှာ ပိုဆိုးမယ်။ မောင်တော ဒေသခံတွေ ရဲ့ ဘ၀လုံခြုံမရှိဘူးလို့ ခံစားနေကြတယ်။ ဒါကြောင့် အိမ်တွေကိုရောင်းပြီး ရန်ကုန်ကို ပြောင်းဖို့ စဉ်းစား လာကြတယ်” ဟု ပြောသည်။

ယခု အိမ်ရောင်းရန် စာတန်းများကပ်ထားသည့် နေအိမ်များမှာ မောင်တောမြို့ လမ်းမကြီးမှ ကံ့ကော် လ္ဘက်ရည်ဆိုင်၊ ဦးစောလှချေပိုင် ဖြိုးကဖီး၊ ဦးကျော်ဘအေး၊ လင်းသစ် လ္ဘက်ရည်ဆိုင်၊ ဦးအောင်မင်း နိုင် (အိမ်ဆောက်လုပ်ဆဲ) အပါအ၀င် တခြားအိမ် တချို့လည်း ပါဝင်သည်ဟု သိရသည်။

နိုင်ငံတော် အစိုးရသည် နိုင်ငံတကာ ဖိအားကို စိုးရိမ်သဖြင့် အပြစ်ရှိ၍ ဖမ်းဆီးထားသူများကိုပင် တစ်စုံတစ်ရာ အမူမစစ်ဘဲ လွှတ်ပေးမူများ ရှိနေကြောင်း ကားဒရိုင်ဘာ တစ်ဦးကလည်း ပြောသည်။

“ ဒီမှာအခြေအနေက စစ်တပ်ရှိနေသမျှ ငြိမ်နေမယ်။ စစ်တပ် ပြန်သွားရင် ကျွန်တော်တို့ အေးချမ်းဖို့ အနေအထား မရှိဘူး။ မောင်တောမြို့မှာ ရခိုင်တွေကိုသတ်၊ အိမ်တွေကို မီးချို့တဲ့သူတွေကို ဖမ်းပြီး အစိုးရက ပြန်လွှတ်ပေးနေတော့ ကျွန်တော်တို့က ဘယ်သူ့ကို အားကိုးရမှာလည်း။ ဒီမှာ ဥပဒေ မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီက လူတွေ တခြားတနေရာကို ပြောင်းဖို့ စဉ်းစားလာကြတယ်” ဟု မောင်တောမြို့မှ ကားဒရိုင်ဘာ တဦး က ပြောသည်။

မောင်တောမြို့တွင် အလိုတော်ပြည့်ကျောင်း၊ ရဲစခန်း၊ ကြေးနန်းကွင်း၊ ဗဟိုကျောင်းအပါအ၀င် နေရာ ၅ နေရာကို ဗုံးခွဲမည်ဆိုသည့်သတင်းများ မကြာသေးမီက ထွက်ပေါ်ခဲ့သည့်အတွက် လူထုအတွင်း စိုး ရိမ်မှုများ မြင့်မားလာခဲ့သည်။

မောင်တောမြို့တွင် မီးစက်လမ်းဆုံ၊ နာရီစင်ရှေ့၊ သာသနဗိမာန်။ မြို့တော်ခန်းမ၊ ဗဟိုကျောင်း၊ အလို တော်ပြည့် ကျောင်း၊ အထက်တန်းကျောင်း၊ ရွှေဇားတံတား၊ အောင်ဗလ၊ မြို့ဦးကျောင်းနှင့် ဘော်လုံး ကွင်းတို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကျက် ချထားသော်လည်း မောင်တော ဒေသခံ ရခိုင်များမှာ သက်ဆိုင်ရာတို့၏ စီမံခန့်ခွဲမူ ညံ့ဖျင်းမူကြောင့် နေချင်စိတ် ကုန်လာနေကြသည်ဟု သိရသည်။
Ko Soe Win(Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template