
သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန် လေဆိပ်တွင် ဒေါက်တာနိုင်အောင် နှင့် အဖွဲ့အား လာရောက်ကြို ဆိုကြစဉ် နိုင်ငံတော် သမ္မတ၏ ရခိုင်အရေး နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဦးဇာဂနာက သတင်း မီဒီယာများအား ဆဲဆိုခဲ့ကြောင်း သိရသည်။
ယင်းကိစ္စဖြစ်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၁ ရက်နေ့တွင် ဦးဇာဂနာမှ မီဒီယာများအား ဆဲဆိုခြင်း မဟုတ်ကြောင်း လေဆိပ်တွင် တရားဝင် ရှင်းလင်းပြောကြားသည်။
"ကျွန်တော့်ကို လူတစ်ယောက်က တွန်းလိုက်လို့ မှောက်ရက်လဲသွားတယ် ၊ အဲဒီလူကို ကျွန်တော်ပြန်ဆဲတာ မီဒီယာတွေကို ဆဲတာမဟုတ်ဘူး ၊ တကယ်လို့ မီဒီယာကို ကျွန်တော်ဆဲတယ်ဆိုရင်လည်း ကျွန်တော်အတိအလင်းတောင်းပန်တယ် " ဟု ယနေ့ မိုးသီးဇွန်နှင့် အဖွဲ့အား လာရောက်ကြိုဆိုစဉ် လေဆိပ်၌ သတင်းမီဒီယာများအား တရားဝင် ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။
ကျော်သူ-Yangon Media Group