Headlines News :
Home » » ဒီရေတောစိုက်သဖြင့် တရားစွဲခံရသူ ၅၆ ဦးအမှု မေလ ၁၄ ရက်နေ့ အမိန့်ချမည်

ဒီရေတောစိုက်သဖြင့် တရားစွဲခံရသူ ၅၆ ဦးအမှု မေလ ၁၄ ရက်နေ့ အမိန့်ချမည်

Written By Live100 on Monday, May 11, 2015 | 8:19 PM


 
 မေလ ၁၁ ရက် (ဒေးဒရဲ)

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တောင်ဘက်ပိုင်းတွင် ဒီရေတောများ စိုက်ပျိုးခဲ့သဖြင့် ပုဒ်မ ၄၄၇ (ကျူးကျော်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် တရားစွဲခံနေရသည့် ဒေသခံ ၅၆ ဦး အမှုကို မေလ ၁၄ ရက်နေ့တွင် ဒေးဒရဲမြို့နယ်တရားသူကြီး ဒေါ်သန်းသန်းဝင်းက အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သစ်ထူးလွင်က သတင်းရရှိသည်။

ဒေးဒရဲမြို့နယ်၊ တောင်ဘက်ပိုင်းရှိ ကျုံတက်နှင့် တော်ပေါင်စိန်ကျေးရွာ အုပ်စုများတွင် ပင်လယ်ဒီရေ တိုက်စားမှုများ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများက ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ထံ တင်ပြခဲ့ရာ ၀န်ကြီးချုပ်က ဒီရေတောများစိုက်ရန် နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သည့်အတွက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မေလအတွင်းက ဒေသခံများစုပေါင်း၍ ကျုံကနပ်ကျက်မြေအတွင်း၌ ဒီရေတောအပင် ၁ သိန်းကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးသည့်ဒေသခံများကို စားကျက်မြေအတွင်း လယ်ယာမြေစိုက်ပျိုးနေသူများက ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ဒေးဒရဲမြို့နယ်တရားရုံးတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လက တရားစွဲဆိုခဲ့ရာ ယခင်မြို့နယ် တရားသူကြီး ဦးရဲထွဋ်အောင်က အမှုကိုလက်ခံကြားနာခဲ့သည်။

ယင်းအမှုများအား အချိန် ၉ လကျော် ကြားနာပြီးနောက် တရားသူကြီး ဦးရဲထွဋ်အောင် ပြောင်းရွှေ့သွားခဲ့ရာ အသစ်ထပ်မံရောက်ရှိလာခဲ့သည့် မြို့နယ်တရားသူကြီး ဒေါ်သန်းသန်းဝင်းက အပြီးသတ်အမိန့်ချမှတ်ရန် မေလ ၁၄ ရက်နေ့ကို ချိန်းဆိုထားခြင်းဖြစ်သည်။

“ကျွန်မတို့က ၀န်ကြီးချုပ်ကြီးနဲ့ သွားတွေ့ပြီး ပင်လယ်ရေတိုက်စားမှုတွေအကြောင်း တင်ပြခဲ့တယ်။ ၀န်ကြီးချုပ်က အဘတို့လည်း စိုက်မယ်၊ သမီးတို့လည်းစိုက်ပါဆိုလို့ ကျွန်မတို့ဒေသခံတွေ စုပေါင်းပြီး စားကျက်မြေထဲမှာ ဒီရေတောတွေ စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါကို စားကျက်ထဲမှာ ကျူးကျော်ြီ့း လယ်လုပ်နေသူတွေက ကျွန်မတို့ဒေသခံ ၅၆ ဦးကို ပုဒ်မ ၄၄၇၊ ၄၂၇ တွေနဲ့ တရားစွဲခဲ့တာ။ အခု အဲဒီအမှုကို အမိန့်ချမှာပေါ့။ တရားရုံးတော်အနေနဲ့ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ပေးမယ်လို့ ကျွန်မတို့ ယုံကြည် မျှော်လင့်ထားပါတယ်”ဟု တရားစွဲခံနေရသည့် တော်ကနိ - ညောင်လိန်ကုန်း ကျေးရွာမှ ဒေသခံအမျိုးသမီးတဦးက သစ်ထူးလွင်ကို ပြောသည်။

သူမက ဆက်လက်ပြီး“ကျွန်မတို့ ဒီရေတောစိုက်ကြတယ်ဆိုတာ နာဂစ်ကို ကြောက်လို့ပါ။ နာဂစ်မုန်တိုင်းတိုက်တုန်းက ဒီရေတောမရှိလို့ လူပေါင်းများစွာသေခဲ့ကြတော့ အဲ့လိုမျိုး ထပ်ဖြစ်လာမှာစိုးလို့ ဒီရေတောတွေ စုပေါင်းစိုက်ကြတာပါ။ ဒီလိုလုပ်တာက ကိုယ့်အကျိုးတခုတည်း မဟုတ်ပါဘူး။ ဒေးဒရဲ တောင်ဘက်ပိုင်း ဒေသတခုလုံး လုံခြုံဖို့အတွက်ပါ။ သစ်ပင်စိုက်တယ်ဆိုတာ သဘာဝ ပတ်ဝန်းကျင်အတွက်လည်း ကောင်းသလို ကျွန်မတို့တိုင်းပြည်အတွက်လည်း ကောင်းတဲ့ အလုပ်ပါ။ အခုတော့ စားကျက်မြေထဲမှာ တာဝန်သိစိတ်နဲ့ သစ်ပင်စိုက်တဲ့လူက တရားစွဲခံရပြီး ဒုက္ခရောက်နေတယ်။ စားကျက်မြေထဲ ကျူးကျော်လယ်လုပ်နေသူတွေကတော့ ဘာမှအရေးယူ မခံရဘဲ တနှစ်တနှစ် စပါးတွေသိမ်းပြီး အဆင်ပြေနေကြတယ်”ဟု ပြောသည်။

ပုသိမ်မြို့ HRWDN ကွန်ရက် မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦး ဦးဆောင်၍ ယမန်နှစ် နှစ်ဆန်းပိုင်းက ဒေးဒရဲမြို့နယ်အတွင်း ဒီရေတောများစိုက်ပျိုးကြရန် လိုက်လံဟောပြောခဲ့ရာ နယ်မြေခံ ရဲတပ်ဖွဲ့က ခွင့်ပြုချက်မရဘဲ ဟောပြောမှု၊ ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးမှုတို့ဖြင့် ဦးထွန်းထွန်းဦးနှင့် ဒေသခံ ၄ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ယင်းအမှုများကို ထိုစဉ်က ဒေးဒရဲမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးရဲထွဋ်အောင်က ပုဒ်မ ၁၈ တစ်မှုလျှင် ထောင်ဒဏ် ၂ လနှုန်းဖြင့် HRWDN ကွန်ရက်အဖွဲ့ဝင် ဦးထွန်းထွန်းဦးကို ထောင်ဒဏ် ၆ လ၊ ဒေသခံ ၄ ဦးကို ထောင်ဒဏ် ၂ လနှင့် ၄ လ ပြစ်ဒဏ်များ အသီးသီးချမှတ် အပြစ်ပေးခဲ့သည်။

BY THIT HTOO LWIN
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template