Headlines News :
Home » » ပလက်ဝစစ်ဘေးဒုက္ခသည်တွေ တစ်ပတ်အတွင်းနေရပ်ပြန်ကြဖို့ ညွှန်ကြား

ပလက်ဝစစ်ဘေးဒုက္ခသည်တွေ တစ်ပတ်အတွင်းနေရပ်ပြန်ကြဖို့ ညွှန်ကြား

Written By Live100 on Saturday, May 16, 2015 | 8:19 AM



 ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာကနေ ကြွေတောင်ကျေးရွာကို ရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည် ၃ဝဝ ကျော်ကို အစိုးရတပ်မတော် ခလရ-၂၈၉ တပ်ရင်းဗျူဟာမှူးက လာမယ့်မေလ ၁၈ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း မိမိတို့နေရပ်ကို အပြီးပြန်ကြဖို့ အကြောင်းကြားထားပါတယ်။

ပြိုင်ဆိုကျေးရွာအနီးမှာ အခြေအနေတွေမတည်ငြိမ်သေးတာကြောင့် အခုလက်ရှိနေရာမှာပဲ ဆက်လက်နေထိုင် ခွင့်ပြုဖို့ ပလက်မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြထားတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပလက်ဝမြို့အခြေစိုက် ခူမီးလူငယ်အသင်းဥက္ကဌ ဦးစတီဗင်က ပြောပါတယ်။

"သူတို့က အခုအချိန်တော့ ပြန်လို့မဖြစ်သေးဘူး၊ ပြန်လို့မဖြစ်သေးဘူးဆိုတာက ဒီလထဲမှာပဲ ၁ဝ ရက်နေ့ တိုက်ပွဲဖြစ်တာနဲ့ သေနတ်သံတွေကြားနေရသေးတယ်၊ နောက်ပြီးဒီဒေသတဝိုက်မှာလည်း မြေမြုပ်မိုင်းတွေ ကလည်း ထောင်ထားတာတွေရှိတယ်၊ သွားတာလာတာတွေ သတိထားဖို့ပြောထားတာလည်းရှိတယ်၊ ပြီးရင် နှစ်ဘက်လက်နက်ကိုင်တပ်များက စစ်ရေးလှုပ်ရှားလာပြီဆိုရင် သူတို့ကို အတင်းအကြပ် လမ်းပြခေါ်တာတို့ နောက် ကင်းတို့ဘာတို့ ညစောင့်ခိုင်းတာတို့ဘာတို့ရှိတယ်လေ၊ အဲ့ဒါတွေပြန်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့် ယာယီခိုလှုံတဲ့နေရာမှာပဲ ဆက်လက်နေထိုင်ခွင့်ပြုဖို့ဆိုတာ သူတို့စာတင်တယ်"

ပြိုင်ဆိုကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ မတ်လကုန်နဲ့ ဧပြီလ ဒုတိယပတ် အတွင်းက တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြိုင်ဆိုရွာခံအမျိုးသားတစ်ဦး ဒီနေ့အချိန်အထိ ပျောက်ဆုံးနေ တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ပြိုင်ဆိုရွာက လူဦးရေ ၃ဝဝ ကျော်ဟာ ခြေကျင်နှစ်ရက်ခရီးရှိတဲ့ ကြွေတောင်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြတာ ဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template