Headlines News :
Home » » ကျူးဘားခေါင်းဆောင် ရောလ်ကတ်စထရို ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံ ဂါရ၀ပြု

ကျူးဘားခေါင်းဆောင် ရောလ်ကတ်စထရို ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံ ဂါရ၀ပြု

Written By Live100 on Monday, May 11, 2015 | 2:30 PM

 ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နဲ့ ကျူးဘား ၂ နိုင်ငံဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ကြားက အဓိက စေ့စပ်ပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဖရန်စစ်ကို ကျူးဘာခေါင်းဆောင် ရောလ်ကတ်စထရိုက ပြီးခဲ့တဲ့
 မေ ၁၀ ရက်နေ့က ဗာတီကန်နန်းတော်မှာ သွားရောက် ဂါရ၀ပြုခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ကျင်းပခဲ့တဲ့  ရုရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲ အနှစ် ၇၀ ပြည့်အခမ်းအနားကို တက်ရောက်ရင်း အပြန်မှာ ဗာတီကန်နန်းတော်ကို ၀င်ရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ကျူးဘားနိုင်ငံနဲ့ ဗာတီကန်ရှိ ရိုမန်ကတ်သလစ်ခရစ်ယာန်ကျောင်းတော်တို့ဟာ ၁၉၅၉ ကျူးဘားတော်လှန်ရေး ဖြစ်ပြီးကတည်းက သံတမန်အဆက်အသွယ် မပြတ်ရှိခဲ့ပါတယ်။
၁၉၉၆ ခုနှစ်က ကျူးဘားခေါင်းဆောင် ဖီဒယ် ကတ်စထရိုက ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ကို ဗာတီကန်နန်းတော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး ပုပ်ရဟန်း မင်းတပါးကို တွေ့ဆုံတဲ့ ပထမဆုံးကျူးဘားခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ရောလ်ကတ်စထရို ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်က ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ရဲ့ ကျူးဘားနိုင်ငံခရီးစဉ်အတွက် စီစဉ်ရင် ဗာတီကန်နန်းတော်ကို နောက်ဆုံးရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကျူးဘားဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ဖို့ လက်ရှိ ပုပ်ရဟန်း မင်းကြီးက လျို့ဝှက်တွေ့ဆုံပွဲတွေ စီစဉ်ပေးခဲ့ပြီး တချို့ဆွေးနွေးပွဲတွေမှာ ပုပ်ရဟန်းမင်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ကျူးဘားတော်လှန်ရေးကတည်းက စခဲ့တဲ့ အမေရိကန်ရဲ့ စီးပွားပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး အမေရိကန်က ပြန်ရုပ်သိမ်းနေပါပြီ။
လာမယ့် စက်တင်ဘာလမှာ ပုပ်ရဟန်းမင်းကြီး ကျူးဘားနိုင်ငံကို သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။
ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဖရန်စစ်ဟာ အသက် ၇၈ နှစ်ရှိပြီ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်၊ ပုပ်ရဟန်းမင်းကြီး ဘင်နီဒက်စ်နောက် ကျူးဘားနိုင်ငံကို သွားရောက်တဲ့ တတိယမြောက် ပုပ်ရဟန်းမင်း ဖြစ်လာပါမယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template