Headlines News :
Home » » မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နှင့် ဒုသတင်းထောက်ချုပ် ပြန်လွတ်

မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နှင့် ဒုသတင်းထောက်ချုပ် ပြန်လွတ်

Written By Live100 on Friday, May 15, 2015 | 10:17 PM


|Dawei Watch| မော်လမြိုင်၊ မေ  ၁၅
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ၂ လစီ ကျခံထားရသည့်
မြန်မာပို့စ် ဂျာနယ် အယ်ဒီတာချူပ် ဦးသန်းထိုက်သူ နှင့် ဒု
သတင်းထောက်ချူပ် ဦးဆန်းမိုးထွန်းတို့ ပြစ်ဒဏ်စေ့၍ မေလ ၁၅ ရက်နေ့
နံနက်တွင် မော်လမြိုင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည်။
“ပညာရည်နိမ့်ကျမှုကြောင့် လွှတ်တော်တွင် တပ်မတော်သား ပါဝင်နေရခြင်းဟု
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးပြော” ခေါင်းစဉ်ဖြင့် ၂၀၁၄ ခုနှစ်
ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ(၆) အမှတ် (၅)
စာမျက်နှစ် (၃) ပါ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က  အယ်ဒီတာ ချုပ်နှင့် ဒု -
သတင်းထောက်ချုပ်တို့ကို ပုဒ်မ-၅၀၀ ဖြင့် တရားစွဲဆိုခဲ့သည်။
ယင်းရေးသားဖော်ပြချက်သည် တရားလို ဗိုလ်မှူးသိန်းဇော်အပေါ် နစ်နာစေရန်
အကြံဖြင့်သော်လည်းကောင်း၊ တရားလို၏ ဂုဏ်သိက္ခာနှင့် အသရေကို နစ်နာစေမည်ဟု
ယုံကြည်ရန် အကြောင်းရှိလျက်နှင့်သော်လည်းကောင်း ဖော်ပြခြင်းဖြစ်ကြောင်း
ပေါ်ပေါက်နေသည်ဟုဆိုပြီး မော်လမြိုင်မြို့နယ် တရားရုံးက ၂၀၁၅ ခုနှစ် မတ်လ
၁၈ ရက်နေ့တွင် ၄င်းတို့နှစ်ဦးကို ထောင်ဒဏ် နှစ်လစီ ကျခံစေရန်
အမိန့်ချခဲ့ခြင်း ဖြစ်သည်။
“အမှုနဲ့ ပတ်သက်ပြီး သတင်းပို့တဲ့ ညီလေးကိုရော၊ တရားစွဲတဲ့
ဗိုလ်မှူးသိန်းဇော်ကိုရော၊ အမိန့်ချတဲ့  တရားသူကြီးကိုရော မမုန်းပါဘူး၊
အားလုံးကို နားလည်မှုပေးနိုင်ပါတယ်”ဟု ဦးသန်းထိုက်သူက ဆိုသည်။
တရားရင်ဆိုင်နေရသည့် ကာလတစ်လျှောက် ကြုံခဲ့ရသည့်များကို ထောက်ချင့်ပါက
တရားရေး မဏ္ဍိုင်ကို အုပ်ချူပ်ရေးက ၀င်ရောက် စွက်ဖက်မှုရှိသည်ဟု မြင်ကြောင်း
၎င်းက ဝေဖန်သည်။
မြန်မာပို့စ် အယ်ဒီတာချုပ်နှင့် ဒု - သတင်းထောက်ချုပ်တို့သည်
ယင်းသတင်းဖော်ပြမှုကြောင့် တစ်နှစ်ကျော်ကြာ တရား ရင်ဆိုင်ခဲ့ရပြီး ၂၀၁၅
ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ထောင်ဒဏ်ကျခံခဲ့ရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template