Headlines News :
Home » » ရိုဟင်ဂျာလှေစီးပြေး ရွှေ့ပြောင်းသူများ အရေး နဲ့ပတ်သက်ပြီး အစိုးရကတုန့်ပြန်

ရိုဟင်ဂျာလှေစီးပြေး ရွှေ့ပြောင်းသူများ အရေး နဲ့ပတ်သက်ပြီး အစိုးရကတုန့်ပြန်

Written By Live100 on Saturday, May 16, 2015 | 8:24 AM


 ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုအတွင်းမှာ သူ့သား လူကုန်ကူးတွေ နဲ့ ပါသွားပုံ ကို အဖေဖြစ်သူ က ပြောပြ
 အက်ဒမန်ပင်လယ်တွင်းမှာ လှေစီးပြေး ရွှေ့ပြောင်းသူများ ကမ်းမကပ်နိုင်ပဲ ဒုက္ခရောက်နေကြတဲ့ အရေး နဲ့ပတ်သက်ပြီး မြန်မာအစိုးရပိုင်း က ပြဿနာတွေ က မြန်မာဘက်က အဓိက စတင်ခဲ့တာ ဆိုပြီး လက်ညိုး မထိုးဖို့ တုန့်ပြန် လိုက်ပါတယ်။

လှေစီးပြေး ရွှေ့ပြောင်းသူတွေ ထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘက် က ဘင်္ဂ࿿ါလီတွေ ပါကောင်းပါနိုင်ကြောင်းနဲ့ အခု လှေစီးပြေးသူတွေဟာ ဘင်္ဂ္လားဒေ့ရှက ဘင်္ဂ࿿ါလီတွေ လည်းပါကြောင်း၊ အဲဒီအတွက် သူတို့ ကိုသာ ပြောနေလို့ မဖြစ်ကြောင်း မြန်မာအစိုးရ သမ္မတရုံး က ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်ရင် သူတို့တာဝန်ယူနိုင်ကြောင်းနဲ့ လူကုန်ကူးသူများ ကိုလည်း သူတို့သိပါက ဖမ်းဆီးတားဆီးနေကြောင်း တုန့်ပြန်ပါတယ်။

နိုင်ငံသားဖြစ်ရေး နဲ့ပတ်သက်လို့လည်း ဘင်္ဂ࿿ါလီ လူမျိုးအဖြစ် သတ်မှတ်လက်ခံ ပါက နိုင်ငံသား ဖြစ်မှုကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေးနေကြောင်းလည်း ဦးဇော်ဌေး က ပြောပါတယ်။

အခု လှေစီးပြေး ရွှေ့ပြောင်းသူများအရေး နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ထိုင်းနိုင်ငံ က ဖိတ်ကြား ပြီး အစည်းအဝေး လုပ်မယ့်ကိစ္စ အပေါ်မှာ လည်း သူတို့အနေနဲ့ အခုထိ ဖိတ်ကြား တာကို လက်ခံ မရရှိသေးကြောင်းနဲ့ သူတို့လက်မခံတဲ့ အသုံးအနှုန်း တွေ နဲ့ လူမျိုးနာမည် ခေါ်ဝေါ်သုံးစွဲ ဖိတ်ကြားမယ် ဆိုရင် လည်း မြန်မာနိုင်ငံ ကတက်ရောက်မှာ မဟုတ်ကြောင်း တုန့်ပြန်ပြောဆိုပါတယ်။

BBC Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template