အမေရိကန် ပြည်ထောင်စု အရှေ့တောင်ဖက် ကယ်ရိုလိုင်းနားကမ်းခြေတွေကို
အခုနှစ်ထဲ ပထမဆုံး ဟာရီကိန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်နေပြီး
ပင်လယ်ကမ်းခြေသွားရောက်သူတွေ သတိနဲ့ သွားရောက်ကြဖို့ မေ ၁၀ ရက်မှာ
အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
အန်နာအမည်ရ မုန်တိုင်းဟာ လောလောဆယ် ၁ နာရီ လေတိုက်နှုန်း မိုင် ၆၀ နဲ့
တိုင်ခတ်နေပြီး ကယ်ရိုလိုင်းနား ကမ်းခြေတွေဆီ ၁ နာရီ ၅ မိုင်နှုန်းနဲ့
ဦးတည်ရွေ့လျား နေတယ်လို့ အမေရိကန်မိုးလေ၀သအေဂျင်စီတွေက ထုတ်ပြန်ထားပါတယ်။
မေ ၉ ရက်နေ့က အားပြင်းတဲ့ အပူပိုင်းမုန်တိုင်းအဖြစ်
မိုးလေ၀သအာဏာပိုင်တွေက ပြောင်းလဲ သတ်မှတ်ခဲ့ပြီး
မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးရေချိန် ၅ လက်မအထိ ရွာနိုင်တယ်လို့
ခန့်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်းရာသီဟာ ဇွန် ၁ ရက်နေ့ကစပြီး နိုဝင်ဘာလကုန်အထိ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီမုန်တိုင်းဟာ မုန်တိုင်းရာသီမတိုင်မီ စောပြီး
ဝင်ရောက်တာဖြစ်ပြီး ၁၉၅၀ ခုနှစ် နောက်ပိုင်း အခုလို ၀င်ရောက်တဲ့ ၇
ခုမြောက်မုန်တိုင်း ဖြစ်တယ်လို့ အမေရိကန်မိုးလေ၀သအေဂျင်စီက ဆိုပါတယ်။