
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ရာပြည့်
မွေးနေ့အထိမ်းအမှတ် လူထုနဲ့ တွေ့ဆုံဟောပြောပွဲလုပ်ဖို့ မွန်ပြည်နယ်ကို
ဒီနေ့ စတင်ခရီးထွက်ပြီး သထုံမြို့ လူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒီနေ့မနက် သထုံမြို့ကိုရောက်ရှိစဉ် ချမ်းမြေ့ဧည့်ရိပ်မွန်ရှေ့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားခဲ့တာပါ။ ခရီးစဉ်အဖြစ် မော်လမြိုင်နဲ့ သံဖြူဇရပ်တို့မှာလည်း လူထုနဲ့ တွေ့ဆုံဟောပြောမှာ ဖြစ်ပါတယ်။
ဒီခရီးကို ပြီးခဲ့တဲ့မတ်လကထဲက သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် ရွှေ့ဆိုင်းခဲ့ရာက အခု မေလကျမှ သွားရောက်ဖြစ်တာလို့ ခရီးမှာ လိုက်ပါသွားတဲ့ အန်အယ်ဒီပါတီ၊ဥတရသီရိလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
ဓာတ်ပုံ – ကောင်းထက်ကျော်
By ဒီဗွီဘီ