Headlines News :
Home » » ဒုတိယဆုဖြင့် ကျေနပ်လိုက်ရသည့် မြန်မာ အမျိုးသမီးအသင်း

ဒုတိယဆုဖြင့် ကျေနပ်လိုက်ရသည့် မြန်မာ အမျိုးသမီးအသင်း

Written By Live100 on Sunday, May 10, 2015 | 9:21 PM

 IMG_0900
၂၀၁၅ အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် ဗီယက်နမ်နိုင်ငံ ဟိုချိမင်းမြို့မှာ မြန်မာနဲ့ ထိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားရာမှာတော့ ထိုင်းအသင်းက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ထိုင်းအသင်းက မြန်မာ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာ အသင်းအနေနဲ့ ၂၀၁၃ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ရှုံးကြွေးကို ပြန်လည် မဆပ်နိုင် ဖြစ်ခဲ့ပါတယ်။
ပထမပိုင်း ၃၅ မိနစ်မှာ ထိုင်းအသင်း တန်ပြန် တိုက်စစ်ကနေ တဆင့် ကျောနံပါတ် ၂၁ ကနေ ဗွေဆော်ဦးဂိုး သွင်းယူသွားပါတယ်။
ပထမပိုင်းမှာ မြန်မာ အသင်း အချိတ်အဆက်မမိသလို ဖိအားတချို့ကြောင့် ကစားပုံ အနည်းငယ် လေးခဲ့ပါတယ်။ ဒါအပြင် ဘောလုံးဆွဲပြေးရာမှာ ဘောလုံးထုတ်တာ အနည်းငယ် များတဲ့ အတွက် ထိုင်းအသင်းက အလွယ်တကူ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ထိုင်းအသင်းက သက်လုံနဲ့ သမ္ဘာကို အားပြုပြီး အမှားစောင့် ကစားခဲ့ပါတယ်။
ဒုတိယပိုင်း စပေးဘောလုံး စပေးပြီးတဲ့နောက် ထိုင်းအသင်းက ထိုးစစ်ဆင်ကစားဖို့ ကြိုးစားပါ တယ်။ ဒုတိယပိုင်းစပြီး ၇ မိနစ်လောက်အထိ မြန်မာ အသင်းဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပါ တယ်။
ဒါပေမယ့် ထိုင်း ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒီနောက် မြန်မာ အသင်း ကစားသမား တဦးကို လဲလှယ်ကစားခဲ့ပါတယ်။
ဒီနောက်မှာတော့ ဒုတိယပိုင်း ၅၄ မိနစ်မှာ မြန်မာ အသင်းက ချေပဂိုး ရရှိသွားပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ်မှာ မြန်မာ အသင်းက ကစားသမား တကိုယ်တော် ထိုးဖောက် တိုက်စစ် ဆင်ခဲ့ပေမယ့် ကန်သွင်းတဲ့ဘောလုံးပျော့သွားတဲ့ အတွက် ထိုင်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ထိုင်းအသင်းက တန်ပြန်တိုက်စစ်ကနေ တဆင့် မြန်မာ အသင်းကို ဖိအားပေးဖို့ကြိုးစားနေပါတယ်။ ဒုတိယပိုင်း ၆၄ မိနစ်မှာတော့ ထိုင်းအသင်းက ခေါင်းတိုက်ပြီး ဒုတိယ ဂိုးကို သွင်းယူသွားခဲ့ ပါတယ်။
မြန်မာ အသင်းနောက်တန်း အနည်းငယ် မတည်ငြိမ် ဖြစ်ခဲ့နေတာကို အခွင့်ကောင်းယူပြီး ထိုင်းအသင်းက ဖိအားပေးဖို့ ကြိုးစားနေပါတယ်။
ဒုတိယပိုင်း မိနစ် ၇၀ မှာတော့ ထိုင်းအသင်းက တတိယဂိုး ထပ်မံသွင်းယူသွားပါတယ်။
ဒုတိယပိုင်း ၇၃ မိနစ်မှာတော့ မြန်မာ အသင်း ကျောနံပါတ် ၁၂ က ဒုတိယ ချေပဂိုးကို ထပ်မံ သွင်းယူသွားပါတယ်။
ဒီနောက်မှာတော့ မြန်မာ အသင်းက ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ၂၀၁၅ အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template