Headlines News :
Home » » ကိုးကန့်ဒေသစစ်အုပ်ချုပ်ရေး ၃ လတိုးမြှင့်

ကိုးကန့်ဒေသစစ်အုပ်ချုပ်ရေး ၃ လတိုးမြှင့်

Written By Live100 on Friday, May 15, 2015 | 10:37 PM



parliament-pyitaungsu-305.jpg
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသမှာ နိုင်ငံတော်သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အရေးပေါ်အခြေအနေ ကြေညာချက်ကို နောက်ထပ်ရက်ပေါင်း ၉ဝ တိုးမြှင့်ဖို့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
သမ္မတကိုယ်စား ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တာပါ။
"လောက်ကိုင်မြို့ရဲ့ တောင်ဘက်ခြမ်းမှာ ဒေသလုံခြုံရေးကောင်မွန်ပြီးတော့
 မြောက်ဘက်အခြမ်းကတော့ တပ်မတော်စစ်ကြောင်းများ ဆက်သွယ်ရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်၊ လောက်ကိုင်မြို့ဟာ လုံခြုံရေးဟာ စိတ်ချရတဲ့အခြေအနေတော့ ရောက်နေပါပြီ၊ သို့သော်လည်းပဲ ရာနှုန်းပြည့်အာမခံနိုင်တဲ့ အနေအထားမရှိသေးပါဘူး"
အခုလို အရေးပေါ်အခြေအနေ ထပ်တိုးလိုက်တဲ့အတွက် လောက်ကိုင်ဒေသခံတွေရဲ့နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမယ့်အရေး စိုးရိမ်မိကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက လွှတ်တော်မှာတင်ပြခဲ့သလို NLD ပါတီကိုယ်စားလှယ် နောက်တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကလည်း လုံခြုံရေးအခြေအနေတွေကြောင့် လောက်ကိုင်ဒေသခံတွေ လာမယ့်၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးမယ့်အရေး စိုးရိမ်ကြောင်း တင်ပြခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။


RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template