Headlines News :
Home » , » မြန်မာ-ထိုင်း ဗိုလ်လုပွဲ ပွဲကြိုခန့်မှန်းချက်

မြန်မာ-ထိုင်း ဗိုလ်လုပွဲ ပွဲကြိုခန့်မှန်းချက်

Written By Live100 on Sunday, May 10, 2015 | 1:21 PM

 myanmar-thai
၂၀၁၅ ခုနှစ် အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖြစ် မြန်မာနဲ့ ထိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။
အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာနဲ့ ဗီယက်နမ်အသင်းတွေဟာ အအောင်မြင်ဆုံး အသင်းတွေ ဖြစ်သလို ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်မှာ မြန်မာအသင်းဟာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းလည်း ရှိနေပါတယ်။
အဖြူရောင် နတ်သမီးများလို့ သ၀ုတ်ခေါ်ဝေါ်နေတဲ့ မြန်မာ အသင်းဟာ အရှေ့တောင်အာရှ ပြိုင်ပွဲတွေမှာ ငွေတံဆိပ် ၃ ကြိမ်၊ ကြေးတံဆိပ် ၅ ကြိမ် ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။
စစ်ဆင်ရိုင်းလို့ အမည်ပြောင်ပေးထားတဲ ထိုင်းအသင်းကို ကြည့်မယ်ဆိုရင်လည်း ကမ္ဘာဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရထားသလို အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာကောင်းလည်း ရှိနေပါတယ်။
ဒါအပြင် အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ (ဆီးဂိမ်း)မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။
မြန်မာနဲ့ ထိုင်းဟာ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပြိုင်ပွဲကြီး အဖြစ် ပထမဆုံးအနေနဲ့ ပြန်လည် ကစားရတာ ဖြစ်ပါတယ်။
လက်ရှိပြိုင်ပွဲမှာ ထိုင်းအသင်းက နီဆာရုန်းယန်းက ၈ ဂိုးသွင်းယူထားသလို အာလီဆာ ရက်ကီနစ်ခ်ျက ၆ ဂိုး သွင်းယူထားတဲ့အတွက် တိုက်စစ်ကိုတော့ မြန်မာအသင်း သတိထား ကစားရမယ့် အနေအထား ဖြစ်ပါတယ်။
ထိုင်းနဲ့ မြန်မာ အသင်းဟာ အုပ်စုတွေမှာ ဒုတိယ ရရှိတဲ့ အသင်းတွေ ဖြစ်သလို အုပ်စု ပထမ ရတဲ့ အသင်းတွေကို အနိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်လာတာဟာလည်း ဒီပြိုင်ပွဲရဲ့ ထူးခြားချက်ဖြစ်ပါတယ်။
ထိုင်းဟာ မြန်မာက ရှုံးထားတဲ့ ဗီယက်နမ်ကို အနိုင်ရထားသလို မြန်မာက ထိုင်းရှုံးထားတဲ့ သြစတြေးလျ အသင်းကို အနိုင်ရထားတာလည်း ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ မြန်မာ အသင်းရော ထိုင်းအသင်းပါ မနိုင်ဘူးလို့ ယူဆထားတဲ့ အသင်းတွေကို ကျော်ဖြတ်လာတာ ဖြစ်ပါတယ်။
ဒီအတွက် ၂ သတင်းစလုံးဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံး အနေအထားကို ရောက်ရှိနေတယ်လို့ အားကစား ကလောင်ရှင် ကိုစိုးညီက သုံးသပ်ပါတယ်။
ဒါအပြင် မြန်မာ အသင်းဟာ အရင်က နိုင်ငံခြားသား နည်းပြကို ဌားရမ်းခဲ့ပေမယ့် ၂၀၁၃ နောက်ပိုင်း ပြည်တွင်းက နည်းပြနဲ့ ကစားခဲ့တဲ့ အတွက် ကစားကွက် တည်ငြိမ်လာသလို အသင်းလိုက် ကစားပုံနဲ့ စည်းလုံးမှု ပိုကောင်းလာတယ်လို့ သူက ပြောပါတယ်။
“ထိုင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲဟာ ၂ သင်းလုံးအတွက်တော့ တော်တော်ခက်မယ်၊ ဘယ်အသင်းပဲနိုင်နိုင်အလွယ်တကူနဲ့တော့ မနိုင်နိုင်ဘူးလို့ ထင်ပါတယ်၊ ကြားကွင်းလည်း ဖြစ်နေတယ်၊ မဖြစ်မနေ ရွေးရမယ်ဆိုရင်တော့ လက်ရှိအချိန်မှာ မြန်မာ အသင်းကို ရွေးရပါမယ်”လို့ သူက ပြောပါတယ်။
ဒီပွဲမှာ မြန်မာအသင်း တိုက်စစ်က အကောင်းဆုံး အနေအထားမှာ ရှိနေသလို သြစတြေးလျနဲ့ ပွဲမှာ ကစားခဲ့တဲ့ ခံစစ်က မိနစ် ၉၀ လုံး ဂိုးမပေးရအောင် ထိန်းကစားနိုင်တယ်လို့ ကိုစိုးညီက ပြောပါတယ်။
ထိုင်းအသင်းက နည်းစနစ်ပိုင်း အားသာသလို ကစားသမားတွေရဲ့ ပျမ်းမျှ အသက်အရွယ်ကမြန်မာထက်ငယ်တဲ့ အတွက် ကစားအားကောင်းသလို ကြံ့ခိုင်မှုပိုင်း ပိုကောင်းတယ်လို့ ဆိုပါတယ်။
ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကတော့ သြစတြေးလျကို နိုင်လိုက်တဲ့ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရနေတဲ့ မြန်မာ အသင်းက သာမယ်လို့ ခန့်မှန်းပါတယ်။
“ဂဏာန်းတွက်သလို တွက်မယ်ဆိုရင် သြစတြေးလျ ယူ ၂၀ အသင်းကို ထိုင်းက  ၃ ဂိုး ဂိုးမရှိ ရှုံးတယ်၊ ထိုင်း ၃ ဂိုး ဂိုးမရှိရှုံးတဲ့ အသင်းကို မြန်မာက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်ဆိုရင် ထိုင်းကို နိုင်မယ်လို့တော့ ပြောလိုရပါတယ်။ ထိုင်းကတော့ ကိုယ် ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ဗီယက်နမ်အသင်းကို သူတို့က ၂ ဂိုး ၁ ဂိုးနဲ့နိုင်တယ်။ အဲလိုသာ အပြန်အလှန်တွက်နေရင် အဖြေက အမျိုးမျိုးဖြစ်တယ်၊ ဒါပေမယ် ဒါဟာ ဘောလုံးပွဲ ဖြစ်တယ်၊ အားကစားပြိုင်ပွဲ ဖြစ်တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်အနေနဲ့ကတော့ သြစတြေးလျကိုနိုင်တဲ့ မြန်မာမလေးတွေကတော့ စိတ်အားလည်း တက်ကြွနေတယ်၊ ဗိုလ်လုပွဲကို မြန်မာ အသင်းက ၅ ကြိမ်မြောက်ရောက်တာ၊ ပထမ ၂ ကြိမ် ဒုတိယ ၂ ကြိမ် ရထားတယ်၊ ၃ ကြိမ်မြောက် ပထမရဖို့ ကြိုးစားကြပါလိမ့်မယ်၊ မြန်မာပဲနိုင်မယ်လို့ တွက်ဆလို့ရပါတယ်။”
ဗိုလ်လုပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းတို့ရဲ့ ဗိုလ်လုပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြားက ညနေ ၆ နာရီ ၁၅ မိနစ်ကနေစပြီး တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template