Headlines News :
Home » » တရုတ်နှင့်ကန် နျူကလီယား ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့အဆိုပြု

တရုတ်နှင့်ကန် နျူကလီယား ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့အဆိုပြု

Written By လွင့်မောင်မောင် on Tuesday, May 12, 2015 | 9:54 AM



အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကြား နျူကလီယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စကို နောက်ထပ် အနှစ် ၃၀ သက်တမ်းတိုး လုပ်ဆောင်သွားဖို့ဆိုတဲ့ အမေရိကန်လုံခြုံရေးနဲ့ နျူကလီယားစွမ်းအင်ဌာနရဲ့ အကြံပြုချက်နဲ့ပတ်သက်ပြီး အဖွဲ့ရဲ့တာဝန်ရှိ သူတွေက လွှတ်တော်အမတ်တွေကို တနင်္လာနေ့မှာ ရှင်းပြခဲ့ပါတယ်။
ဒီနှစ်အကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ် တရုတ်-အမေရိကန် နျူကလီယား ပူးပေါင်းဆောင်ရွက်ရေး အစီစဉ်ကို ဆက်ပြီး သက်တမ်းတိုး မတိုး ဆိုတာ ၀ါရှင်တန်ဒီစီမှာလုပ်တဲ့ တခါးပိတ်ဆွေးနွေးပွဲအတွင်း ကွန်ဂရက်စ် လွှတ်တော်အမတ်တွေက စပြီး စဉ်းစားနေကြပါတယ်။
သဘောတူညီမှုတွေသာရခဲ့မယ်ဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နျူကလီယားနဲ့ပတ်သက်တဲ့ အကြီးဆုံး ဈေးကွက်ဖြစ်လာနိုင်ပြီး စွန့်ပစ်လောင်စာကနေ ပလူတိုနီယံ ထုတ်နိုင်မယ့် အမေရိကန်က တီထွင်ထားတဲ့ အဏုမြူဓါတ်ပေါင်းဖိုတွေကို ပိုပြီး ၀ယ်ယူလာမယ့် အခြေနေ ရှိနေပါတယ်။
တရုတ်နိုင်ငံလိုပဲ နျူကလီယားစွမ်းအင်နဲ့ ပတ်သက်လို့ အမေရိကန်ရဲ့နည်းပညာနဲ့ ပူးတွဲဆောင်ရွက်နေတဲ့ အခြား ၂၁ နိုင်ငံထဲမှာ ထိုင်ဝမ် ကျွန်းလည်း ပါဝင်ပါတယ်။ သမ္မတအိုဘားမားကတော့ တရုတ်နဲ့ နျူကလီယား ပူးပေါင်းဆောင်ရွက်ရေးကို ကွန်ဂရက်က သဘောတူ ခွင့်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template