Headlines News :
Home » » ဖိလစ်ပိုင် အရှေ့မြောက်ပိုင်း မုန်တိုင်းဝင်ပြီ

ဖိလစ်ပိုင် အရှေ့မြောက်ပိုင်း မုန်တိုင်းဝင်ပြီ

Written By လွင့်မောင်မောင် on Sunday, May 10, 2015 | 10:05 PM

Storm Tracker Map
Typhoon NOUL: Probability of tropical storm winds to 12 hours lead  (TSR)

နူအယ်လ်လို့ နာမည်ပေးထားတဲ့ တိုက်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်း ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေပြီလို့ ဖိလစ်ပိုင် အစိုးရက ထုတ်ပြန်ပါတယ်။
ဒီနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မှာ အရှေ့မြောက်ပိုင်း လူဇွန်ကျွန်းကို ၀င်ရောက်ပြီလို့ ဖိလစ်ပိုင် အစိုးရ မိုးလေ၀သ ဌာနက ထုတ်ပြန်ပါတယ်။
မုန်တိုင်းဟာ ဖိလစ်ပိုင် အရှေ့မြောက်ပိုင်းကို ၀င်ရောက်လာတဲ့ အချိန်မှာ ပိုမို အားပြင်းလာတဲ့ အတွက် ရေကြီး မြေပြိုတာတွေ ဖြစ်မယ်လို့ သတိပေးချက်ထုတ်ထားပါတယ်။
“ရာသီဥတုက အလျင်အမြန်ကို ဆိုးဝါးလာပါတယ်၊ တိုင်ဖုန်းက အလျင်အမြန်ကို ရွှေ့လျားနေ တယ်ဆိုတာ သိသာပါတယ်” လို့ မုန်တိုင်းကို စောင့်ကြည်နေတဲ့ ဂျိမ်းစ်ရေးနော့က ပြောပါ တယ်။
မုန်တိုင်းလမ်းကြောင်းမှာ ရှိတဲ့ အိမ်ထောင်စု ၁၂၀၀ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ တနာရီ ၁၆၀ မိုင်နှုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါအပြင် အရှေ့မြောက်ပိုင်း ကာဂေယန် ခရိုင်ကိုလည်း မုန်တိုင်းနဲ့ ပတ်သက်ပြီး ပြင်ထန်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
သ တင်း DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template