
တောင်ငူ မေ ၁၁
ေ တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု ကံရိုးကျေးရွာ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ လျှံလျှံစားသောက်ဆိုင်တွင် ယနေ့မွန်းလွဲ ၂ နာရီခွဲက ငွေစက္ကူအတုများ လဲလှယ်မှုပြုလုပ်ရန် ရောက်ရှိနေကြောင်းသိရှိရ၍ တောင်ငူခရိုင် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး လှသိန်းစိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စိုင်းကျော်မျိုးထွန်း၊ ရဲအုပ်စိုးညွန့်နိုင်နှင့် အဖွဲ့ဝင်များသည် သက်သေများနှင့်အတူဝင်ရောက်ရှာဖွေရာ စားသောက်ဆိုင်၏ သီးသန့်ခန်းအတွင်းရှိ စောအယ်မောင်(၂၂နှစ်) နာလောပိုလီကျေးရွာ လိပ်သိုမြို့နေသူ ၏ လွယ်အိတ်အတွင်းမှ ငွေစက္ကူအတု ၅ဝဝဝ တန် ၄၁၄ ရွက်၊ ၁ဝဝဝဝ တန် ၅၅၄ ရွက်၊ ၁ဝဝဝ တန် ရှစ်ရွက် စုစုပေါင်း ငွေကျပ် ၇၆၁၈ဝဝဝ နှင့် ဆိုင်ကယ်တစ်စီးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။
အဆိုပါဖြစ်စဉ်အား တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရ(တောင်ငူ)
Myanmaalinn