Headlines News :
Home » » ကိုးကန့် အရေးပေါ်အခြေအနေ ရက် ၉၀ ထပ်တိုးပေးရန် အဆိုတင်

ကိုးကန့် အရေးပေါ်အခြေအနေ ရက် ၉၀ ထပ်တိုးပေးရန် အဆိုတင်

Written By Live100 on Thursday, May 14, 2015 | 9:57 PM

 
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်

 ကိုးကန့်ဒေသမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို နောက်ထပ် ရက်ပေါင်း ၉၀ ခွင့်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်း လိုက်ပါတယ်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ ဥပဒေလို အာဏာတည်တဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အမိန့်အမှတ် (၁/၂၀၁၅) ထုတ်ပြန်ထားတာ မေလ ၁၇ ရက်နေ့ ပြည့်မှာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဒေသမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုး ရေးဟာ မူလအခြေအနေကို ပြန်မရောက်သေးတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၉၀ ဆက်လက်အတည် ပြုပေးဖို့ အခုလို တင်သွင်းတာလို့ ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က သတင်းထောက်တွေကို ပြောပါတယ်။

“မနေ့ကတောင် သတင်းစာထဲ ပါတာပဲ။ မေ ၁၁ ရက်၊ မေ ၁၂ ရက် တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အခြေအနေ။ ဒါကြောင့် မူလအခြေအနေကို ပြန်မရောက်သေးဘူးလို့ ပြောတဲ့သဘောပါပဲ။ လုပ်တယ်ဆိုတာက ကိုယ်က တယောက်တည်း လုပ်တာမဟုတ်ဘူး၊ ရန်သူကလည်း လုပ်နေတာ။ အဲတော့ ရန်သူ့ရဲ့ အနေအထားပေါ် မူတည်ပြီး၊ လောလောဆယ် အချိန်ကတော့ မပြည့်သေးဘူး။ မေ ၁၇ ရက်မှ ရက်ပေါင်း ၉၀ ပြည့်မှာ။ အဲတော့ နောက်ထပ်တိုးပေးဖို့ လုပ်တဲ့သဘောပါပဲ။ ဒါပေမယ့် ကိုယ်တို့က အဆိုတင်တာပဲရှိတာ၊ လွှတ်တော်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကတော့ မနက်ဖြန်ကျမှ သိရမှာပါ။”

အခု ရက်ပေါင်း ၉၀ ထပ်ခွင့်ပြုပေးဖို့ အဆိုကိုတော့ မေလ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေကြေညာတာကို နောက်ထပ် ရက်ပေါင်း ၉၀ ခွင့်ပြုပေးဖို့ လွှတ်တော်ကို အဆိုတင်ထားပေမယ့် နယ်မြေ ပြန်လည် အေးချမ်းသာယာဖို့ကတော့ ရန်သူ့အခြေအနေပေါ်မှာ မူတည်တယ်လို့ ၀န်ကြီးက ပြောပါတယ်။

“ရန်သူနဲ့ ကိုယ်နဲ့ ၂ ယောက်ရှိတဲ့နေရာမှာ ကိုယ်တယောက်တည်းနဲ့လည်း လုပ်လို့မရဘူး၊ သူ့အပေါ်မှာလည်း မူတည်တာပေါ့” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။

ကိုးကန့်ဒေသမှာ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အရေးပေါ်အခြေအနေ အမိန့်အမှတ် (၁/၂၀၁၅) နဲ့ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် (၂/၂၀၁၅) တို့ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေအေ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နဲ့  အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင် ဖြစ်ပွားခဲ့ရာမှာ ၃ လကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

 By နေဖြိုးဝင်း (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template