Headlines News :
Home » » NED ၏ ၂၀၁၂ ဒီမိုကရေစီဆု ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အပါအ၀င် မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လူပ်ရှားသူ (၅) ဦး ကို ချီးမြှင့်

NED ၏ ၂၀၁၂ ဒီမိုကရေစီဆု ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အပါအ၀င် မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လူပ်ရှားသူ (၅) ဦး ကို ချီးမြှင့်

Written By လွင့်မောင်မောင် on Thursday, August 30, 2012 | 11:32 AM


 National Endowment for Democracy ( NED) မှ ၂၀၁၂ ခုနှစ်အတွက် ချီးမြှင့်မည့် ဒီမိုကရေစီဆုအား မြန်မာနိုင်ငံမှ ရှစ်ဆယ်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်  နောက်ထပ် အထင်ကရ ဒီမိုကရေစီ အရေး လူပ်ရှားသူ ၃ ဦးတို့ကို ချီးမြှင့်သွားမည်ဟု သတင်း ရရှိသည်။ (၂၀၀၈ ခုနှစ်က NED က ချီးမြှင့်သော Democracy Award) ၂၀၁၂ ဒီမိုကရေစီ ဆု (Democracy Award) ကို ရရှိကြသူများမှာ ရှစ်ဆယ်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရုပ်ရှင်မင်သား ဦးကျော်သူ၊ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်နှင့် US campaign for Burma မှ ဦးအောင်ဒင်တို့ ဖြစ်ကြသည်။
အဆိုပါ ဆုကို မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး လူပ်ရှားမူကို ဂုဏ်ပြုသည့် အနေဖြင့် ပေးအပ်ခြင်း ဖြစ်ပြီး ဆုပေးပွဲကို စက်တင်္ဘာလ ၂၀ နေ့တွင် အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန် ဒီစီတွင် ပြုလုပ်သွားမည်ဟု NED ၀က်ဆိုက်စ်တွင် ဖေါ်ပြသည်။
ကိုမင်းကိုနိုင် ကိုယ်တိုင် အဆိုပါ ဆုကို တက်ရောက် လက်ခံယူမည်ဟု သိရသည်။
ဆုပေးပွဲ အခမ်းအနားသို့ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်ပြီး သဘာပတိ အဖြစ် ဆောင်ရွက်ကာ မိန့်ခွန်းစကားလည်း ပြောကြားမည် ဟု သတင်း ရရှိသည်။
NED ကို ၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး  အစိုးရ မဟုတ်သော ပုဂလိက အဖွဲ့ တစ်ခု ဖြစ်ပြီး နိုင်ငံတာ ဒီမိုကရေစီ အခြေခံ အုတ်မြစ်များ ခိုင်ခန့်ရေးကို အားပေး ထောက်ကူနေသော အဖွဲ့ဖြစ်သည်။ ယခုအခါ  နိုင်ငံပေါင်း ၉၀ တွင် ဒီမိုကရေစီ ထွန်းကား တည်တံ့ရေး အတွက် အကူအညီများ ပေးနေသော အဖွဲ့ ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template