Headlines News :
Home » » ပူတာအိုမြို့ တွင်သံဃာတော် များဆန်မရောင်းပါ

ပူတာအိုမြို့ တွင်သံဃာတော် များဆန်မရောင်းပါ

Written By လွင့်မောင်မောင် on Wednesday, August 29, 2012 | 9:04 AM


ဖားကန့်မြို့နယ်သံဃာတော်များ၏ မဟာတဏ္ဌုလဒါန အလှူတော်အဖြစ် ဖားကန့်မြို့နယ်သံဃနာယကအဖွဲ့၏ စီမံမှုဖြင့်ဆန်းကြွယ်ဆရာတော်ဦးက၀ိသာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)ဦးဆောင်သော
သံဃာတော်များသည် ဆန်ပြတ်လပ်မှုပြဿနာနှင့်ကြုံတွေ့နေရသော ကချင်ပြည်နယ်ပူတာအိုမြို့သို့သြဂုတ်လ(၂၄)မှ(၂၇)ရက်နေ့ထိလေယာဉ်နှစ်စီးဖြင့်
ဆန်အိတ်(၂၂၀)အိတ်၊သင်္ကန်းအစုံ(၉၀)၊ငါးပိ၊ငါးခြောက်၊ဆေးဝါးစသည့်စားသောက်ဖွယ်ရာ
မျိုးစုံကိုကိုယ်တိုင်သွားရောက်လှူဒါန်း ဝေငှပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။
ထိုသို့လှူဒါန်းရာတွင်ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာပေါင်း(၂၅)ရွာ၊
ဘုန်းတော်ကြီးကျောင်း(၃၂)ကျောင်း၊သီလရှင်ကျောင်း(၁)ကျောင်း၊
ဘကကျောင်း(၁)ကျောင်းရှိလူဦးရေစုစုပေါင်း
(၆၃၂၇)ဦးထံသို့ကိုယ်တိုင် အခမဲ့ပေးဝေခဲ့ကြောင်းသိရှိရပါသည်။လှူဒါန်းခဲ့သောပစ္စည်းများ၏ ကာလတန်ဘိုးမှာ(၁၆၅)သိန်းဖြစ်ပါသည်၊လူတစ်ဦးလျှင်နို့ဆီဗူး(၅)ဗူး၊အချို့ခက်ခဲသောဒေသများတွင်နို့ဆီဗူး(၈)ဗူးပေးဝေခဲ့ကြောင်းသိရှိရပါသည်။ယခုဆန်လှူဒါန်းမှုမှာ ယာယီဖြေရှင်းနိုင်သော်လည်းခက်ခဲနေဦးမှာဖြစ်ကြောင်းဆရာတော်မှရှင်းပြပါသည်။
ထိုသို့ပေးလှူခဲ့ခြင်းအပေါ်နိုင်ငံပိုင်မီဒီယာဖြစ်သော၂၆.၈.၂၀၁၂ရက်နေ့ထုတ်ဝေသောကြေးမုံ သတင်းစာတွင်ဆန်အိတ်များကိုဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေးသွားမည်ဟု ရေးသားဖော်ပြခဲ့
ပါသည်။
ထိုသို့ရောင်းချခြင်းသည် ပြည်နယ်အစိုးရနှင့်ဌာနဆိုင်ရာမှသာဖြစ်ပြီး သံဃာတော်များမှာအခမဲ့ ပေးဝေခဲ့ခြင်းဖြစ်ကြောင်းဆရာတော်မှ ပြောကြားခဲ့ပါသည်။ အလှူရှင်များသာဓုခေါ်နိုင်ကြပါစေ..
ငြိမ်းချမ်း(MPA) Hot News

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template