ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin တို့တွေ့ဆုံ
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin နဲ့အဖွဲ့ဝင်တွေကို
သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ညနေ ၆ နာရီကနေ ၇ နာရီထိ တွေ့ဆုံတဲ့ဒီတွေ့ဆုံမှုမှာ UNFPA ရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ၊ လုပ်ဆောင်မှုတွေ၊
လုပ်မယ့်လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ လူငယ်မြင့်တင်ရေး၊ အသက်ကြီးသူတွေကိုစောင့်ရှောက့်ရေး၊ အမျိုးသမီး တွေကို ကာကွယ်စောင့်ရှောက်ရေး အထူးသဖြင်
့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာခံခဲ့ရသော အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်ရေးဟာ UNFPA နဲ့ တစ်သားတည်းဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ပြည်သူလူထု ကြားမှာ
ICPD အတွက် လူတွေသိစေရန်အလို့ငှာ UNFPA အားထောက်ခံအားပေးရန် ပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။