Headlines News :
Home » » ပြန်ကြားရေးဌာနကို ဦးကျော်ဆန်း စွန့်ခွာ

ပြန်ကြားရေးဌာနကို ဦးကျော်ဆန်း စွန့်ခွာ

Written By လွင့်မောင်မောင် on Tuesday, August 28, 2012 | 7:43 PM


ပြန်ကြားရေးဝန်ကြီးဌာနကို နှစ်ပေါင်းအတန်ကြာ အပိုင်စားရခဲ့တဲ့ ဦးကျော်ဆန်းတယောက် သမဝါယမ ဌာနကို ပြောင်းသွားပါပြီ။

ဒီမနက် ကိုးနာရီခွဲမှာ ပြန်ကြားရေးဌာနကို သွားပြီးတော့ နှုတ်ဆက်စကားပြောခဲ့ကြောင်း ပြန်ကြားရေးဌာန ညွှန်ချုပ်တယောက်က ဆိုပါတယ်။

"၀န်ကြီး ဦးကျော်ဆန်း ၀န်ထမ်း အားလုံးကို လာရောက်နှုတ်ဆက်စကားပြောသွားပါတယ်။ ၀န်ကြီးကတော့ ဆယ်နှစ်ကျော် လက်တွဲ ထမ်းဆောင်ခဲ့သူများကို ကျေးဇူးတင်ကြောင်း၊ အားလုံးနိုင်ငံအတွက် ဆက်ပြီးတာဝန်ကျေပွန်အောင် ကြိုးစားဖို့တိုက်တွန်းကြောင်း၊
သူတာဝန်ထမ်းဆောင်စဉ်ကာလမှာ ၀န်ထမ်းများအတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးခဲ့ပေမယ့် ချို့ယွင်းချက်များ၊ လိုအပ်ချက်များရှိရင်လည်း သူ့ရဲ့ အားနည်းချက်သာဖြစ်ကြောင်း ပြောကြားသွားပါတယ်" လို့
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ချုပ်ဦးရဲထွဋ်က အွန်လိုင်းမှာ ဒီမနက် ရေးထားပါတယ်။

တခြား သတင်းရင်းမြစ်တခုအဆိုအရ ဦးကျော်ဆန်းက နှုတ်ဆက်ချိန်မှာ ၀မ်းနည်းပက်လက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

"၀န်ကြီး နှုတ်ဆက်ပွဲမှာ ငိုတယ်ဗျ" လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

မီဒီယာခေတ်မှာ ပြန်ကြားရေးဌာနဟာ ဂွင်ကောင်းတဲ့၊ လုပ်ကိုင်စရာပေါတဲ့ဌာနကြီးဖြစ်ပါတယ်။

ဦးကျော်ဆန်းက ပြန်ကြားရေးဌာန၊ ယဉ်ကျေးမှုဌာနတို့ကို တာဝန်ယူခဲ့ရသူမို့ အင်မတန် အလုပ်များတဲ့ ၀န်ကြီးတပါး ဖြစ်ခဲ့သူပါ။

ခုတော့ သူရောက်သွားတဲ့ သမဝါယမ ၀န်ကြီးဌာနဟာ ရှိလို့ရှိမှန်း မသိရတဲ့ဝန်ကြီးဌာနပါပဲ။
အဲဒီမှာ ဌာနခွဲ ၃ ခု ရှိပါတယ်။

သမ၀ါယမပို့ကုန်/သွင်းကုန်လုပ်ငန်း
သမ၀ါယမဦးစီးဌာန
အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

ဦးနေ၀င်းရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ခေတ်တုန်းကလို သမ၀ါယမဆိုင်တွေလည်း မရှိတော့ဘူး ဆိုတော့ ဒီဌာနက အလုပ်များမယ့်ပုံမပေါ်ပါဘူး။ (သမ၀ါယမဆိုင်တွေ နိုင်ငံအနှံ့ လိုက်ဖွင့်ရေး ဆိုပြီး လုပ်မယ် ဆိုရင်တော့ ၀န်ကြီး အလုပ်များမယ့်သဘော ရှိပါတယ်)

အချိန်တွေပိုလာမယ့် ၀န်ကြီး ဦးကျော်ဆန်းက သူ့အတွေ့အကြုံများကို ရေးမယ်ဆိုရင် ရေးဖို့ အချိန်ကောင်းပါပဲ။ ခေတ်စားနေတဲ့ Facebook သုံးမယ် ဆိုရင်လည်း သုံးဖို့ အချိန်ကောင်းပါပဲ။
သုံးဖြစ်ရင်တော့ မြန်မာပြည်မှာ Facebook ပထမဆုံးအသုံးပြုတဲ့ဝန်ကြီး ဖြစ်လာမှာပါ။

သူရောက်သွားတဲ့ သမ၀ါယမ၀န်ကြီးဌာနဟာ အရင်တုန်းက ဦးအုန်းမြင့်ကိုင်ရတဲ့ ဌာနတခုပါ။
အခုတော့ ဦးအုန်းမြင့်က မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနတခုတည်းကိုပဲ ကိုင်တွယ်ရတော့မယ်လို့ သမ္မတထုတ်ပြန်ချက်က ဆိုပါတယ်။

ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template