Headlines News :
Home » » ယနေ့ထားဝယ်ဖတ်စာ(တည့်တည့်ရေးသောစာ)

ယနေ့ထားဝယ်ဖတ်စာ(တည့်တည့်ရေးသောစာ)

Written By လွင့်မောင်မောင် on Wednesday, August 29, 2012 | 1:00 AM



ပီပါခွံများ နှင့် ပြည်ထောင်စုကျောက်တိုင်
ဓါတ်ပုံ (ဖိုးဇော်)

ယခုနှစ် ထားဝယ်တွင် မိုးများ၏။  မကြာခဏ ရေကြီးလေ သည်။
အချို့ ကလည်း ရထားလမ်း တာပေါင် ကြောင့်ဟုဆို ကြ၏။ ပညာရှင် များသာ သိလိမ့်မည်။ သက်ဆိုင်ရာ  တာဝန် ရှိသူတွေ စဉ်းစားဖို့ သင့်မည် ထင်၏။
မိုးများခြင်း ကြောင့်ရေကြီး၊ ရေကြီး ခြင်းကြောင့် လမ်းတွေ ပျက်သည်။ ပြင်နေ သည်ကိုခုထိ မတွေ့ရသေး။ အစဉ် အလာ အရ မိုးကုန်သည် ကိုစောင့်ကြ ဦးမည်ဖြစ်သည်။ “ပျက်အစဉ် ပြင်ခဏ”ဟူသော ဆိုရိုး ကိုထိန်းသိမ်း သည်လည်းဖြစ်နိုင်၏။
မြိတ်မြို့နယ် မှလွှတ်တော် အမတ်က မြိတ် ကမ်းနားလမ်းတွင် မြို့သူမြို့သားတို့ အပန်းဖြေရင်း အားကစား လေ့ကျင့်ရန် ပစ္စည်းတွေ ထားပေးဖို့ လွှတ်တော် တွင် တင်ပြနေ ချိန်တွင် ထားဝယ် ကမ်းနားလမ်း မှာအင်္ဂါဂြိုဟ် ဖြစ်နေ၏။ ထားဝယ် အမတ်များ ကမ်းနားလမ်း သို့ရောက်ဖူးဟန် မတူ။ ကမ်းနားလမ်း ရှိ ပြည်ထောင်စု ကျောက်တိုင် ပင်လျှင် ခြုံနွယ် ပိတ်ပေါင်း များခြံရံလျက် ပီပါခွံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူ လျက်ရှိနေ ရရှာ၏။
လွှတ်တော် အမတ်မင်း များနှင့် ဦးဦးစည်ပင် တို့ ကြည့်ကျက် လုပ်ကြပါဦး။
အရုပ်ဆိုး အကျည်းတန် လှပါ၏။
ထားဝယ်တွင် ခရီးသွားတွေများ လာသည်။ ထားဝယ်အလှ ကျက်သရေ ဂုဏ်သတင်း ဆောင်ကြဉ်း သွားလျှင် မခက်ပါလား။
ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ၊ သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ လက်မှတ် ထိုးတာတွေမြင်ရ၊ ကြားရ၏။
 လျှပ်စစ်မီး ထိန်ထိန် ညီးတော့မည်မို့ ၀မ်းသာ ၀မ်းနည်းဖြစ်ရ၏။
မီတာခ တွေမည်မျှ ကျသင့်မည် တော့မသိရ။ ဖိုးသီးချိုရေ…မီတာခ တွေလျှော့ချစေ ချင်၏။ အပြိုင်အဆိုင် တွေလာတော့မည်ကို သတိပြု စေချင်ပါ၏။

ထားဝယ် လွှတ်တော် အမတ်များ နှာစေး နေကြသည်။ ဘာမီတွန်တော့ တိုက်လို့မဖြစ်ပါ။
လွှတ်တော် ထဲတွင်အိပ်ပျော် ကုန်မည် စိုးပါ၏။ Sky net မှာ ပါလာလျှင် မခက်ပါလား။
ထားဝယ် အမတ်များတိတ်ဆိတ် နေဘိ၏။
ထားဝယ် ရေနက်ဆိပ်ကမ်း အကြောင်းကို ထားဝယ် အမတ်မင်းများ လေသံမဟဘဲ ရန်ကုန် သင်္ကန်းကျွန်းအမတ်က ထပြော၏။ ထားဝယ် အမတ်များက ပြောပြန်လျှင် လည်း အလွဲလွဲ အချော်ချော် ။ အချို့ ကလည်းဆန္ဒ စောလွန်းနေ၏။ ခေတ် ရှေ့ပြေးသည်ဟု ပဲဆိုရမည်လား။ အချိန်အခါ မသင့်သေးသည့် ဆင်ဖြူတော် စွယ်တော်၊ သီပေါမင်း အရိုးအိုး ပြန်သယ်ရန် တင်ပြန်၏။ ဒေသအရေး အရာကိစ္စတွေ အတွက်ဦးထိပ် ထားသင့်၏။ လွှတ်တော်သည် မိမိစိတ်ဝင်စားရာ နယ်ပယ် အတွက်သာ တင်ပြရန် မဟုတ်သည်ကို သတိချပ် သင့်၏။
 အမတ်မင်း တို့ပညာရှိ သတိဖြစ်ခဲ ဖြစ်နေ၏။ အမတ်အချို့ ကတင်ပြကြပြန်လျှင်လည်း မိမိ စီးပွားရေးနှင့် ဆိုင်သော နယ်ပယ် ကဏ္ဍတွေဖြစ်နေ ပြန်၏။ ပြည်သူတို့၏ အသံ မဟုတ်ချေ။ လွှတ်တော် ဆောင်ပုဒ်ကို ထိုထိုအမတ်မင်း အပေါင်း လေ့လာလိုက်ပါဦး။
အသည်း ကြားကမဲတစ်ပြား အတွက်ရင်နာစ ပြုနေသည်။ အမတ်မင်း များ အချိန်မီ ပါသေး၏။

ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းနေကြ၏။ ကျောင်းသား၊ ကျောင်းသူများ အရေးကို ဆောင်ရွက်မည် ဆိုသဖြင့်ကြိုဆို ပါ၏။ မျိုးဆက်သစ်များ ၏တက်ကြွမှုကို အသိအမှတ်ပြုပါ၏။ ကျောင်းသားခေါင်းဆောင်တို့ ကိုယ်တိုင် ရင့်ကျက်မှုရအောင်၊ စံပြ ခေါင်းဆောင်တွေ ဖြစ်အောင် လေ့ကျင့် ပျိုးထောင်ထား ဖို့လို၏။ စာဖတ်အား ကောင်းအောင်လည်း ကြိုးစားပေး ကြပါဦး။
ကျောင်းသား သမဂ္ဂများ အနေဖြင့် နိုင်ငံရေး ပါတီများ၏ အရိပ်နှင့် ကင်းအောင် နေထိုင် တတ်ရန်လို၏။ မည်သည့် အဖွဲ့အစည်း ကိုမဆို အနှောင်အဖွဲ့ ကင်းစွာ ဝေဖန်ရဲဖို့ လိုပါ၏။ လူအမျိုးမျိုး၊ စိတ်အထွေထွေ တွင်ပါတီ ပယောဂများကြောင့် အကွဲကွဲအပြားပြား ဖြစ်ခဲ့ရသည့် သမိုင်း သင်ခန်းစာကို လေ့လာ ထားဖို့လိုပါမည်။

နိုင်ငံရေး ပါတီများလည်း တက်ကြွစွာ စည်းရုံး လှုပ်ရှားနေကြ၏။ နိုင်ငံ့အရေး ကိုပွင့်လင်းစွာ စိတ်ဝင်စား ခွင့်ရလာသဖြင့်  ကျေးဇူးလည်း တင်ပါ၏။ နိုင်ငံရေး အစဉ်အလာ ယဉ်ကျေးမှု အတိုင်း ခြံခုန်သူတွေလည်း ပေါ်လာ၏။ သာကူးတွေ လည်းပေါ်လာ၏။ မြန်မာ ပီပီအုပ်စုလေး တွေလည်းဖွဲ့လာ၏။ သက်တမ်းနုနု ဒီမိုကရေစီကို  မဖျက်ဆီး ကြပါနှင့်ဦး။
မင်းသား မလုပ်ရ သဖြင့် ပတ်မ ထိုးဖောက်သည့် ကိစ္စတွေ မပေါ်အောင် လည်း ထိန်းသိမ်းကြပါဦး။

ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ထားဝယ် ဒေသခံ စက်မှုဇုန် အတွက် အီတာလျံ-ထိုင်းကုမ္ပဏီ ထံမှ မြေနေရာအချို့ ပြန်ယူမည်ဟု သိရ၏ မည်သူတွေ ကပြန်ယူကြမည်လဲ။  စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ ထားဝယ် ဒေသတွင်“ခရိုနီ”လက်သစ်များ မပေါ်ပေါက်လာ ပါစေနှင့်။ အိမ်ကြက် အချင်းချင်း အိုးမည်း သုတ် ခွပ်ခိုင်း ကြတာမျိုး မဖြစ်အောင်လည်း သတိ ထားကြ ရမည်ဖြစ်ပါ၏။ နဘုလယ် ဒေသခံတွေ အတွက် မြေနိမ့်ရာ လှံစိုက်တာမျိုး မဖြစ်အောင် ခရိုနီ ဖြစ်ချင်သူများ ကြိုတင် စဉ်းစားထား သင့်ပါ၏။

အမြန်ရေ ယာဉ်များလည်းကောင်းစွာ အနားယူနေ၏။ တော်တော်ဆိုး တဲ့မိုးလေ၀သ ။
 နောက်နောင် ဆိုလျှင်လေ တိုက်တာနဲ့တောင် အမြန်ရေ ယာဉ်တွေ မထွက်ရတော့ဘူး ထင်၏။ Safety First ဆိုတော့လည်းအားပေး ရမည်ပေါ့။ ခရီး သွားတွေ စိတ်ချမ်းသာဖို့လိုပါ၏။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေချင်၏။

ထားဝယ်- မြိတ်လမ်း ပေါ်ကလွတ်လွတ်-သမုတ်တံတား ဆောက်ရန် အစီအစဉ်မရှိသေး ဟု လွှတ်တော်မှာေ ဖြေလိုက်သဖြင့် ကားပိုင်ရှင်တွေ မျက်ခုံးလှုပ်နေသည်။
ကားများ ကြံ့ခိုင်ရေး ကောင်းကြပါစေ။ ထားဝယ်-ရေးလမ်းပျက်အစဉ်၊ ပြင်ခဏဖြစ်နေ၏။ လေအိတ် ကားများ ပြေးနိုင်အောင်ကြိုးစားကြပါဦး။ ထားဝယ်သားတွေ လက်မြန်ဖို့လိုပါ၏။ လမ်းကောင်းသည်နှင့် မိုးကျရွှေကိုယ် ကားလိုင်းတွေ ရောက်လာလိမ့်မည်။ ခုတောင် ရေး အထိတောင် ရောက်နေပြီဆိုပဲ။

ခေတ်သစ် စနစ်သစ်မှာ ရဲတပ်ဖွဲ့ကို ခေတ်မီ အောင် ကြိုးပမ်းနေကြ၏။
 ရုပ်ပိုင်း ဆိုင်ရာတွေ ပြုပြင်ပြောင်းလဲ နေသည်ကိုတွေ့ရ ပါ၏။ ရဲရိပ်သာ လမ်းတွင် ခေတ်အဆက်ဆက် က တန်းလျားအို တွေ နိဋ္ဌိတံပြီဖြစ်ချေ၏။ ခေတ်မီ အဆောက်အဦ တွေဆောက်နေပြီ။ ပြည်သူ့ရဲကြီးများ တိုက်ပေါ်ရောက်တော့မည်။ မုဒိတာပွား ၀မ်းသာပါ၏။  စိတ်ဓာတ်များလည်း သစ်လွင်အောင် ကြိုးစားကြပါဦး။
အားကိုးရသော ပြည်ချစ်ရဲများ ဖြစ်စေချင်ပါသည်။

ထားဝယ် မှာသေစရာ ရှိလျှင်သေပျော်ပြီ ဖြစ်၏။ နာရေး ကူညီမှုအသင်းကြောင့် ဇိမ်နှင့်ပျော်ပျော်ကြီး သေနိုင်၏။
အအေးခန်း ခေါင်းတွေကို ရပ်ကွက် အလိုက်မျှဝေထား ပြီးဖြစ်၏။ အေးအေးလေးသေနိုင်၏။ နောက်ဆုံး ခရီးကိုလည်း ခေတ်မီ နိဗ္ဗာန်ယာဉ် ဖြင့်မြန်းနိုင်၏။ အသေမတိုက်ဖို့တော့လိုပါသည်။ အသေတိုက် လျှင်တော့ အအေးခန်း ခေါင်းက ဦးရာလူ ရမည်ထင်ပါသည်။ အသေမ တိုက်အောင်အသေစော ဖို့လိုမည်လား မသိ။
မည်သို့ပင် ဖြစ်စေ။ အခြေအနေ သာသာယာယာ ရှိပါ၏။ အိုကေ စိုပြည်ပါ၏။
ဤတွင် ထားဝယ်ဖတ်စာ ပြီးပါပြီ။

(သရော်စာမဟုတ်ပါ။ တည့်တည့်ရေးသောစာဖြစ်ပါသည်)
ဖိုးဇော်(ထားဝယ်)
၁၉ သြဂုတ် ၂၀၁၂
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template