Headlines News :
Home » » သမ္မတ ဦးသိန်းစိန်အတွက် သမ္မတအိုဘားမားက လမ်းခင်းထား

သမ္မတ ဦးသိန်းစိန်အတွက် သမ္မတအိုဘားမားက လမ်းခင်းထား

Written By လွင့်မောင်မောင် on Thursday, August 30, 2012 | 12:03 PM

သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး အင်တာနက်စာမျက်နှာ
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေကို အားပေးနေတယ်ဆိုတာ ပြသတဲ့အနေနဲ့ လာမည့် စက်တင်ဘာလ မှာ ကုလ သမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ရှိတဲ့ သမ္မတ ဦးသိန်းစိန်အတွက် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ထားမှုကို သမ္မတ လုပ်ပိုင်ခွင့်နဲ့ ယမန်နေ့က ဖယ်ရှားလိုက် ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ဦးသိန်းစိန်ကို လွတ်လွတ်လပ်လပ် ခရီးသွားခွင့် ပြုဖို့ တချိန် က မြန်မာ ခေါင်းဆောင်တွေကို ဗီဇာ ကန့်သတ်ပိတ်ပင်ထားတာတွေကို ခြွင်းချက်မိန့် ထုတ်ပြန်ခဲ့တာပါ။ ဒီလိုမှ မဟုတ်ရင် နယူး ယောက် မြို့က ကုလ သမဂ္ဂ ပရ၀ုဏ်အတွင်း နေရာ ကျဉ်းကျဉ်းလေးမှာပဲ နေလို့ ရမှာပါ။ အပြင်ထွက်ပြီး လွတ်လပ်စွာ သွားလို့ ရမှာ မဟုတ်ပါဘူးလို့ AFP သတင်းတပုဒ်မှာဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ် ဥပဒေအရ မြန်မာ ခေါင်းဆောင်တွေနဲ့ စစ်တပ်အရာရှိတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ် သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုတွေ လုပ်ထားခဲ့တာဖြစ် ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်
ပြည်ထောင်စုရဲ့ ထိပ်တန်း ဂုဏ်ပြုမှု တခုဖြစ်တဲ့ ကွန်ဂရက် လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ်

 ( Congressional Gold Medal ) ကို လက်ခံယူ ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ တချိန်တည်းလောက်ပဲ အမေရိကန်ကို သွားဖို့ ရှိတာပါ။


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template