Headlines News :
Home » »  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေးအဆို ပြည်ထောင်စုလွှတ်တော်၌ အတည်ဖြစ်

 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေးအဆို ပြည်ထောင်စုလွှတ်တော်၌ အတည်ဖြစ်

Written By လွင့်မောင်မောင် on Monday, August 27, 2012 | 7:08 PM

 
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေး အဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ကြပြီး လျို့ဝှက်ဆန္ဒမဲပေးမှုဖြင့် ဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးအနက် ၄၄၇ ဦးက ထောက်ခံခဲသဖြင့် အဆိုအတည်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမည့် အစီအစဉ်များတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်းဆောင်ရွက်ခဲ့မိကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ၂၂ ဦးက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြန်လည်ရှင်းလင်းခဲ့ပါသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ဆန္ဒမဲပေးစနစ်ဖြင့် ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒမဲပေးမှုအရ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးရှိသည့်အနက် ထောက်ခံမဲပေးသူ ၄၄၇ ဦးရှိပြီး ကန့်ကွက်မဲပေးသူ ၁၆၈ ဦးရှိ ကြောင်း သိရသည်။ ကြားနေမဲအရေအတွက်မှာ ၄ မဲ ဖြစ်ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template