Headlines News :
Home » » ဂျပန်နိုင်ငံရှိ အိုင်တီ၊ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ ၁၀ ခုကျော်မှ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်နေ

ဂျပန်နိုင်ငံရှိ အိုင်တီ၊ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ ၁၀ ခုကျော်မှ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်နေ

Written By လွင့်မောင်မောင် on Monday, December 16, 2013 | 9:04 AM

Sunday, 15 December 2013 22:55
ဂျပန်နိုင်ငံရှိ အိုင်တီ၊ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ ၁၀ ခုကျော်မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် Business Support Center မှတစ်ဆင့် အချက်အလက် လာရောက်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  
အဆိုပါ Business Support Center ကို Japan External Trade Organization (JETRO) မှ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ရှိ JETRO ရန်ကုန်ရုံးတွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခန်းသုံးခန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် ဂျပန်ကုမ္ပဏီများအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို JETRO (ရန်ကုန်ရုံး)မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Toshihiro Mizutani နှင့် အကြီးတန်း အကြံပေး Mr. Tetsu Yama-guchi တို့မှ ကူညီပေးမည်ဖြစ်ပြီး Business Support Center သို့ လာရောက်သည့် ဂျပန်ကုမ္ပဏီများ အနေဖြင့် ရုံးခန်းငှားရမ်း အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုလျှင် ရက်ပေါင်း ၇၀ အထိ ငှားရမ်းခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
"Business Support Center ကနေ ဂျပန်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေကို အမြန်ဆုံး ရရှိအောင် ကူညီပေးမှာပါ။ ရုံးခန်းသုံးခန်း ပါဝင်တာကြောင့် ရက်ပေါင်း ၇၀ အတွင်းမှာ ကုမ္ပဏီသုံးခု တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။" ဟု JETRO (ရန်ကုန်ရုံး) မှ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Mr. Toshihiro Mizutani က ပြောကြားသည်။
ရုံးခန်း ငှားရမ်းအသုံးပြုခများ အနေဖြင့် အသေးစားနှင့် အလတ်စား ကုမ္ပဏီ ဆိုပါက ရက်ပေါင်း ၇၀ အတွက် ဂျပန်ငွေ ၃၁၅၀၀ ယန်း၊ အသေးစား အလတ်စား ကုမ္ပဏီထက် ကြီးပါက ဂျပန်ငွေ ၇၆၅၀၀ ယန်း သတ်မှတ်ထားပြီး JETRO အဖွဲ့ဝင် ကုမ္ပဏီများ ဆိုပါက အဖွဲ့ဝင်ဈေးများဖြင့် ငှားရမ်းခွင့် ရရှိမည် ဖြစ်သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template