Headlines News :
Home » » တနိုင်းမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ဖမ်းမိ

တနိုင်းမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ဖမ်းမိ

Written By လွင့်မောင်မောင် on Saturday, December 21, 2013 | 10:35 AM

 
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်အတွင်း နိုင်ငံခြားသားများ သွားလာခွင့် ကန့်သတ်ထားသော တနိုင်းမြို့နယ်သို့ ခွင့်ပြုချက်မပါဘဲ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို တနိုင်းမြို့နယ် ကောင်ရာကျေးရွာ စစ်ဆေးရေးဂိတ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေးမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မန္တလေးမြို့မှ အထူးအမြန် အိပ်စင်ရထားဖြင့် မြစ်ကြီးနားမြို့သို့ လိုက်ပါလာခဲ့ကာ တနိုင်းမြို့သို့အသွား ကောင်ရာကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသား ယာဉ်မောင်းငါးဦး ပါဝင်ပြီး ဖမ်းဆီးရမိသူ အားလုံးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့ နယ်မြေခံရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေက အလည်အပတ် ဗီဇာနဲ့ ရောက်လာသူတွေ ဖြစ်ပါတယ်။ တရားဝင် ခွင့်ပြုချက်မပါဘဲ ကန့်သတ်နယ်မြေကို သွားတဲ့အတွက် ဖမ်းတာပါ။ ဘာကိစ္စနဲ့ တနိုင်းဘက်သွားတယ် ဆိုတာလည်း စစ်ဆေးနေတုန်းပါ။ အထက်ကို တင်ပြပြီးမှပဲ ဘယ်လို အရေးယူမယ်ဆိုတာ သိမယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးရမိထားသော တရုတ် နိုင်ငံသားများကို မြစ်ကြီးနားမြို့ အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်းတို့တွင် ရှစ်ဦးစီခွဲကာ ထိန်းသိမ်း ထားရှိကြောင်း အမှတ် (၁) ရဲစခန်းထံမှ သိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template