ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံမှာ ကျင်းပခဲ့တဲ့ ဗိုဗီနမ် အားကစား ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံ ရွှေတံဆိပ် ၃ ဆု
ရရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အမျိုးသမီး ၆၀ ကီလိုတန်း အတိုက် အပြပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ပပ၀င်းနဲ့ ခြူးသင်ဇာစိုး တို့က ရမှတ် ၁၇၀ နဲ့ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး တစ်ဦးချင်း ဓါးအလှ ပြိုင်ပွဲမှလည်း နှင်းသီတာက ရမှတ် ၂၆၉ မှတ်နဲ့ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲ တွေမှာ အိမ်ရှင်မြန်မာနိုင်ငံမှ ကစားသမားတွေ အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင် ခဲ့တာကြောင့် ယခုလို ရွှေတံဆိပ် ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံမှ ခိုင်ဇာဝင်း၊ ဆုလဲ့ဖြိုး တို့က ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဗိုဗီနမ် ပြိုင်ပွဲမှာ အိမ်ရှင် မြန်မာနိုင်ငံမှ အားကစားသမားတွေ အနေနဲ့ ရွှေတံဆိပ် ရယူနိုင်ဖို့ ပစ်မှတ်ထား မျှော်လင့်ခဲ့တဲ့ အတိုင်း ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုဗီနမ် ပြိုင်ပွဲမှ ကစားသမားတွေ အနေနဲ့ အိမ်ရှင်မြန်မာနိုင်ငံ အနေနဲ့ ရွှေတံဆိပ် ၃ ဆုအထိ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4