ဘရူနိုင်း လေကြောင်းလိုင်းသစ် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
"အခုလက်ရှိမှာ လေကြောင်းလိုင်း စုစုပေါင်း ၂၅ လိုင်း ဖြစ်ပါတယ်။ မကြာခင် ဘရူနိုင်း လေကြောင်းလိုင်းတစ်ခု ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ ဒါဆိုရင် စုစုပေါင်း လေကြောင်းလိုင်း ၂၆ လိုင်းဖြစ်သွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။
၂၀၁၃ ပွင့်လင်းရာသီ ကာလတွင် စတင်ပျံသန်းခဲ့သည့် လေကြောင်းလိုင်းသစ်များမှာ ယမန်နှစ်ကဲ့သို့ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ ပါဝင်ခြင်းမရှိဘဲ ဒေသတွင်း နိုင်ငံများမှ လေကြောင်းလိုင်းများသာ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ ပျံသန်းခဲ့သည်။
၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလတွင် နိုင်ငံတကာ လေကြောင်းလိုင်းသစ် ခုနစ်ခုမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းခဲ့ပြီး၊ ယခုနှစ်တွင် နိုင်ငံတကာ လေကြောင်းလိုင်းသစ် လေးခုသာ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းမည် . . . . . |
ယခုစတင် ပျံသန်းမည့် ဘရူနိုင်း လေကြောင်းလိုင်းနှင့် ဆိုပါလျှင် ယခုနှစ်အတွင်း စတင်ပျံသန်းသည့် လေကြောင်းလိုင်း လေးခုထိ ရှိလာမည်ဖြစ်သည်။
၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလတွင် နိုင်ငံတကာ လေကြောင်းလိုင်းသစ် ခုနစ်ခုမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းခဲ့ပြီး၊ ယခုနှစ်တွင် နိုင်ငံတကာ လေကြောင်းလိုင်းသစ် လေးခုသာ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်သည်။
ယမန်နှစ်၂၀၁၂ ပွင့်လင်းရာသီ ကာလတွင် ပြည်ပလေကြောင်းလိုင်းသစ်များနှင့် ခေါက်ရေတိုးချဲ့ ပျံသန်းခဲ့သည့် ပြည်ပလေကြောင်းလိုင်း ၁၂ ခုထိ ရှိခဲ့သည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် စတင်ခဲ့သည့် နိုင်ငံများတွင် ဂျာမနီ၊ ကာတာ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများ ပါဝင်ခဲ့သည်။
ယခု ၂၀၁၃ ခုနှစ်တွင်မူ ယင်းကဲ့သို့ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ဥရောပနိုင်ငံများမှ လေကြောင်းလိုင်းသစ်များ ပါဝင်ခြင်း မရှိဘဲ ဒေသတွင်းနိုင်ငံများမှ လေကြောင်းလိုင်းသစ်များသာ စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။
Eleven Media Group