နေပြည်တော်၊ ဒီဇင်ဘာ ၁၇
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ
၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊
မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား
ကြောင်းသတင်းအရ ကျိုက်ထိုရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ
မော်လမြိုင်မှ ရန်ကုန်သို့ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ
သက်နိုင်ဝင်း(၂၉)နှစ် မောင်းနှင်လာသော ၆က/xxxxxx ဖောအမျိုးအစား
ကုန်းလမ်းပို့ဆောင်ရေးပိုင် အပြာရောင်ယာဉ်သည် ရှေ့မှမောင်းနှင်
နေသောယာဉ်အားကျော်တက်စဉ် မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြောရှိ ရန်ကုန်မှ
မော်လမြိုင်သို့ ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊
အင်းယားမြိုင်လမ်းနေ ဦးတင်မြင့်(၅၀)နှစ် မောင်းနှင် လာသော ယာဉ်အမှတ်
၈စ/xxxxx ဖူဆိုအမျိုးအစား ““ရွှေထားဝယ်”” ခရီးသည်တင် မှန်လုံယာဉ်နှင့်
မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြကြောင်း တွေ့ရှိရသည်။
ယာဉ်တိုက်မှုကြောင့်
သက်နိုင်ဝင်းသည်အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ပြီး
ဖောယာဉ်ပေါ်တွင်လိုက်ပါလာသူ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ
အေးအေးအောင်(၂၈)နှစ်ပါ ၃ ဦးတွင် ယာလက်ခုံ/ယာနားထင်ပြတ်ရှ၊
ယာဒူးခေါင်းဖူးရောင် ဒဏ်ရာများအသီးသီးရရှိသည့်အပြင်
ဖူဆိုယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊
အင်းယားမြိုင်လမ်းနေ စိုးရန်ကျော် (၂၀)နှစ်ပါ(၂)ဦးတွင် ယာဘက်ခြေဖမိုး
ဖူးရောင်၊ ၀ဲနားထင်၊ ၀ဲ/ယာခြေသလုံးပြတ်ရှဒဏ်ရာများ
အသီးသီးရရှိခဲ့သောကြောင့် သက်နိုင်ဝင်းအား အပိုင်နယ်မြေဖြစ်သည့်
သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်