Headlines News :
Home » » ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်များတွင် ဖမ်းဆီးရမိ ´´

၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်များတွင် ဖမ်းဆီးရမိ ´´

Written By လွင့်မောင်မောင် on Tuesday, December 17, 2013 | 2:57 PM

 
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့ ဒီဇင်ဘာ(၁၆)ရက်နေ့အထိ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု များ(၃၈၈)ရွက်နှင့် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတုများ(၃၁)ရွက် စတင်သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နေ့(၁၁)နာရီအချိန်ခန့်တွင် ထီးလင်းမြို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မတင်မာစန်း(၂၂)နှစ်မှ စိုက်ပျိုးစရိတ်ချေးငွေလာရောက်သွင်းကြောင်း၊ သွင်းငွေများမှာ ၅၀၀၀ ကျပ်တန်ရွက်ရေ (၄၀)ဖြင့် ငွေနှစ်သိန်းကျပ်တိတိသွင်းကြောင်း၊ ၎င်းငွေစက္ကူများအား မင်္သကာ၍စစ်ဆေးကြည့်ရာ အတုများဖြစ်နေ ၍ ဘဏ်မန်ဂျာဦးထွန်းကျော် မှ ထီးလင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှအောင် ဦးစီးသောအဖွဲ့မှ သိမ်းဆည်းပြီး မတင်မာစန်းထံ ဆက်လက်ရှာဖွှေခဲ့ရာ ၅၀၀၀ ကျပ်တန်ငွေစက္ကူ အတု(၅)ရွက်ကိုထပ်မံသိမ်းဆည်းရရှိကြောင်း၊ ၎င်းငွေစက္ကူများမှာ မူရင်း၅၀၀၀ ကျပ်တန်ငွေစက္ကူများထက် အလျား (၂)မီလီမီတာတိုနေကြောင်း၊ဆင်ဖြူတော်ပုံနှင့်ဂဏန်းရေစာများမပါရှိကြောင်း၊ ရေစာငွေမှင်ပါပြီး မှင်ကြိုး မပါရှိကြောင်း၊ စက္ကူသားမှာချောမွေ့လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

    အဆိုပါငွေစက္ကူတုများနှင့်ပတ်သက်၍ မတင်မာစန်းအားစစ်ဆေးရာ လွန်ခဲ့သောငါးရက်ခန့်တွင် ဆင်စွယ် ရွာနေဖခင်ဖြစ်သူ ဦးမြင့်ထူးက နွားထီးတစ်ကောင်အား ငွေကျပ်(၃၉၀၀၀၀) သုံးသိန်းကိုးသောင်းကျပ်ဖြင့် ရောင်းချ၍ ၎င်းငွေများကိုလက်ခံရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးလှအောင်နှင့် အမှတ်(၂) မှုခင်းရဲတပ်ဖွဲ့စု(မကွေး) မှ ဒုရဲအုပ်အောင်ကိုလတ်တို့ ပူးပေါင်းပြီး ကွင်းဆက်ဖော် ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

    အလားတူ ကွင်းဆက်အရ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ကျောက်အုတ်ရွာနေ ဦးဥာဏ်ဝင်းပိုင် နွားထီး တစ်ကောင်အား ငွေကျပ် လေးသိန်းငါးသောင်းကျပ်ဖြင့်ရောင်းချ၍ လက်ခံရရှိသောငွေများမှာ ၅၀၀၀ ကျပ်တန် အတုစက္ကူများ ဖြစ်နေ၍သိမ်းဆည်းရမိကြောင်း၊ စုစုပေါင်းသိမ်းဆည်းရမိသောငါးထောင်ကျပ်တန် အတု(၁၆၉) ရွက်၊ တန်ဘိုးငွေ (၈၄၅၀၀၀) ကျပ်ခန့်ဖြင့် ဒီဇင်ဘာ(၁၄) ရက်နေ့တွင်ထီးလင်းမြို့မရဲစခန်း၌ (ပ)၃၈/၂၀၁၃ ပုဒ်မ ၄၈၉-ခ ဖြင့်အမှုဖွင့်ပြီး ငွေစက္ကူအတုများဖြင့် နွားဝယ်ယူသွားသူများအား လိုက်လံရှာဖွှေဖမ်းဆီးနေကြောင်း သိရသည်။

    အလားတူ ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၃)နာရီအချိန်ခန့်တွင် ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် မြောက်ကုန်း ရပ်၊ ဗိုလ်ချုပ်လမ်းရှိ မိုးသူအောင်ဆိုင်ကယ်ပြုပြင်ရောင်းဝယ်ရေးဆိုင်သို့ အသက်(၄၀)ခန့်အမျိုးသား နှင့် အသက် (၂၀)ခန့်အမျိုးသားလူနှစ်ဦးတို့ရောက်လာကြောင်း၊ အဆိုပါလူနှစ်ဦးသည် ဆိုင်ပိုင်ရှင် ကိုမိုးသူအောင်  ထံမှ 125- FASTAR(အနက်ရောင်)ဆိုင်ကယ်တစ်စီးကိုငွေကျပ်(၃၉၅၀၀၀) သုံးသိန်းကိုးသောင်း ငါးထောင်ကျပ် ဈေးဖြင့်ဝယ်  ယူသွားကြောင်း၊ ကိုမိုးသူအောင်နှင့်ဇနီးမသဲဖြူအေးတို့က ည(၈)နာရီအချိန်တွင် ဆိုင်ကယ်ရောင်း သောငွေများ အား ပြန်လည်ရေတွက်စစ်ဆေးရာ ငွေ(၃၉၅၀၀၀)ကျပ် ငါးထောင်တန်(၇၉)ရွက်ထဲမှ (၅၉)ရွက်(၂၉၅၀၀၀)ကျပ် သည် ငွေစက္ကူအတုများဖြစ်နေကြောင်းသိရသည်။ ထို့ကြောင့် ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ၎င်းငွေစက္ကူအတု (၅၉)ရွက် အား ဂန့်ဂေါမြို့မရဲစခမ်းသို့ လာရောက်အပ်နှံပြီး(ပ)၇၈/၂၀၁၃၊ ပုဒ်မ-၄၈၉-ခ အရအမှုဖွင့်တိုင်ကြား ကြောင်း သိရသည်။

    ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ဆင်စွယ်ကျေးရွာသား မောင်ထက်မင်းစိုး (၁၈)နှစ်မှ ၎င်းတို့ရွာကျေးအုပ်ချုပ်ရေး မှူး ဦးစံဝင်းအိမ်၌ရောက်ရှိလာသော ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှအောင်နှင့်အဖွဲ့ထံသို့ (၁၀၀၀၀) တစ် သောင်းကျပ်တန် ငွေစက္ကူအတု(၁၁)ရွက်အားလာရောက်အပ်နှံကြောင်း၊၎င်းငွေများကို ဒီဇင်ဘာ(၉)ရက်နေ့က ဖခင်ဖြစ်သူ ဦးစောမောင်မှ စို့ပြားကျေးရွာနေ ဦးဝင်းဆွေထံသို့ နွားထီးတစ်ကောင်အား(၃၄၀၀၀၀)ကျပ်ဖြင့် ရောင်းချ၍ရသောငွေများဖြစ်ကြောင်း၊ ၎င်းငွေထဲမှ တစ်သောင်းကျပ်တန် ငွေစက္ကူ(၁၁)ရွက်မှာ အတုဖြစ်နေ ကြောင်း၊ မူရင်းငွေစက္ကူအစစ်မှာ(၁၅.၂ X ၇) မီလီမီတာရှိပြီး သိမ်းဆည်းရရှိသောငွေစက္ကူအတုများမှာ (၁၅.၃ X ၆.၉) မီလီမီတာရှိကြောင်း၊ ရေစာကြိုးတွင်ရောင်ပြန်မပါရှိကြောင်း၊ ရေစာကြာပွင့်ပုံသည် ထင်ရှားပေါ်လွင်ခြင်း မရှိကြောင်းတွေ့မြင်ရသည်ဆို၏။ ထို့ကြောင့် ငွေစက္ကူအတုများအသုံးပြု၍ နွားဝယ်ယူသွားသူများကို ဖမ်းဆီးရမိ ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

    အလားတူ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ကျောက်အုပ်ကျေးရွာသို့ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ရောက် စဉ် ၎င်းရွာမှ ဒေါ်ခင်တင့်(၅၆)နှစ်သည် စို့ပြားကျေးရွာနေ ဦးဝင်းဆွေအား နွားထီးတစ်ကောင် လေးသိန်းတစ် သောင်းဖြင့် ရောင်းချခဲ့ကြောင်း၊ ၎င်းနွားရောင်းချ၍ရသော ငွေထဲမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု(၂၂)ရွက်ကို ဒေါ်ခင်တင့်(၅၆)နှစ်မှ ရဲမှူးလှအောင်ထံသို့အပ်နှံကြောင်း၊ ကျောက်အုပ်ရွာနေ ဦးစိုးဝင်း(၃၅)နှစ်ကလည်း နွားပွဲခရ ငွေ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု(၂)ရွက် လာရောက်အပ်နှံကြောင်း၊ လောင်းပိုကြီးကျေးရွာမှလည်း ဦးအောင်စိုး (၃၅)နှစ်မှ စို့ပြားကျေးရွာနေ ဦးဝင်းဆွေထံသို့ နွားထီးတစ်ကောင်(၄၅၅၀၀၀)ကျပ်ဖြင့်ရောင်း ချခဲ့ကြောင်း၊ ၎င်းနွားဖိုးရငွေထဲမှ ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု(၂၀)ရွက်နှင့် ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု (၄၉)ရွက်တို့ကို လောင်းပိုကြီးကျေးရွာသား ဦးအောင်စိုးမှ ရဲမှူးလှအောင်နှင့်အဖွဲ့ထံလာရောက်အပ်နှံကြောင်း သိရသည်။

    ဒီဇင်ဘာ(၁၆)ရက်နေ့အထိ မသမာသူလူတစ်စုမှ ငွေစက္ကူအတုများပြုလုပ်၍ သယ်ယူလာကြပြီး မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၊ ဂန်ဂေါမြို့နယ်တို့အတွင်းရှိကျေးရွာများမှ ရိုးသားစွာဖြင့် မသိ နားမလည် ကြသောလုပ်သားပြည်သူများ၊ တောင်သူလယ်သမားများထံမှ ခိုင်းနွားများကိုဝယ်ယူကြခြင်း နှင့် မော်တော်ဆိုင်ကယ် ၀ယ်ယူခြင်းတို့ပြုလုပ်နေကြာင်း၊ ၎င်းဆိုင်ကယ်ရောင်းရငွေ နှင့် ခိုင်းနွားများ ရောင်းရငွေများ ထဲမှ လက်ခံရရှိကြသောငွေများတွင် (၁၀၀၀၀) ကျပ်တန်ငွေစက္ကူအတု(၃၁)ရွက် နှင့် (၅၀၀၀) ကျပ်တန်ငွေစက္ကူ အတု (၃၈၈)ရွက် သိမ်းဆည်းရမိပြီးကြောင်း၊ အဆိုပါအမှုများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ပြည်သူလူထုနှင့် အတူပူးတွဲ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂန့်ဂေါခရိုင်/မြို့နယ်ရဲတပ်ဖွဲ့၊ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၂)မှုခင်းရဲ တပ်ဖွဲ့စု(မကွေး) မှ ဒုရဲအုပ်အောင်ကိုလတ်နှင့်အဖွဲ့တို့ က ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
BY THIT HTOO LWIN
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template