Headlines News :
Home » , » ဗြိတိန်ရုပ်ရှင်မင်းသား Peter O'Toole ကွယ်လွန်

ဗြိတိန်ရုပ်ရှင်မင်းသား Peter O'Toole ကွယ်လွန်

Written By လွင့်မောင်မောင် on Monday, December 16, 2013 | 9:13 AM

၇၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ ဂုဏ်ထူးဆောင် အော်စကာဆုရရှိသူ မင်းသားကြီး Peter O'Toole (မတ်လ ၂၃၊ ၂၀၀၃)
 ၇၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ ဂုဏ်ထူးဆောင် အော်စကာဆုရရှိသူ မင်းသားကြီး
 Peter O'Toole (မတ်လ ၂၃၊ ၂၀၀၃)
ဗွီအိုအေ (မြန်မာဌာန)
Lawrence of Arabia ရုပ်ရှင်နဲ့ နာမည်ကြီးပြီး ၈ ကြိမ်တိုင် အကယ်ဒမီဆု တစ်ပေးခံခဲ့ရတဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသား Peter O’Toole ကွယ်လွန် သွားပါပြီ။

အသက် ၈၁ နှစ်အရွယ် မင်းသား Peter O’Toole ဟာ နာတာရှည်ရောဂါနဲ့ လန်ဒန်မြို့ဆေးရုံမှာ ကုသမှု ခံနေစဉ် စနေနေ့က ကွယ်လွန်ခဲ့တာလို့ သူ့ရဲ့ မန်နေဂျာကပြောပါတယ်။

၁၉၆၂ ခုနှစ်က ဒါရိုက်တာ David Lean ရိုက်ကူးတဲ့ Lawrence of Arabia ရုပ်ရှင်မှာ အဓိကဇတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Peter O’Toole ဟာ ပထမဆုံးအကြိမ် Oscar Academy ဆုရှင်အဖြစ် လျာထားတဲ့ အမည်စာရင်းမှာ ပါဝင်ခဲ့သလို ၂၀၀၆ ခုနှစ်ကပြသခဲ့တဲ့ Venus ဇာတ်ကားအတွက်လည်း နောက်ဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။ အကယ်ဒမီဆုမရခဲ့ဖူးပမယ့် အမည်စာရင်း လျာထားတဲ့အထဲမှာ အကြိမ်အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ၂၀၀၃ ခုနှစ်မှာ ဂုဏ်ထူးဆောင်အော်စကာဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

Peter O’Toole ဟာ နံမည်ကျော်ဗြိတိသျှမင်းသား Richard Burton နဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Beckett ဆိုတဲ့ဇတ်ကားအတွက်လည်း အကယ်ဒမီဆု လျာထားခံခဲ့ရဖူးပါတယ်။ အဲဒီဇတ်ကားရိုက်ကူးနေတဲ့ တလျှောက်လုံး Richard Burton ရော၊ Peter O’Toole ပါ အရက်မူးနေကြတယ်လို့ ၀န်ခံခဲ့ဖူးပါတယ်။
Lawrence of Arabia ဇာတ်ကားမှာအသုံးပြုခဲ့သော ပေါင် ၁ သောင်း ၂ ထောင်ကနေ ၁ သောင်း ၆ ထောင်အထိ တန်ကြေးရှိနေတဲ့ သံလိုက်အိမ်မြှောင်၊ နာရီနဲ့ စီးကရက်ဗူး။
Lawrence of Arabia ဇာတ်ကားမှာအသုံးပြုခဲ့သော ပေါင် ၁ သောင်း ၂ ထောင်ကနေ ၁ သောင်း ၆ ထောင်အထိ တန်ကြေးရှိနေတဲ့ သံလိုက်အိမ်မြှောင်၊ နာရီနဲ့ စီးကရက်ဗူး။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template