Headlines News :
Home » » ဆီးဂိမ်း အမျိုးသမီး မီတာ ၁ဝဝ ရေကူး ပြိုင်ပွဲ အငြင်းပွားဖွယ်ဖြစ်ခဲ့

ဆီးဂိမ်း အမျိုးသမီး မီတာ ၁ဝဝ ရေကူး ပြိုင်ပွဲ အငြင်းပွားဖွယ်ဖြစ်ခဲ့

Written By လွင့်မောင်မောင် on Wednesday, December 18, 2013 | 3:55 PM

ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသား အားကစား 
aရကူးပြိုင်ပွဲ ပထမနေ့ တတိယပွဲစဉ် အမျိုးသမီး မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အသင်း ရဲ့  ရွှေတံဆိပ်ရရှိမှုမှာ အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ သိရသည်။ 


 ဆီးဂိမ်း တွင် အမျိုးသမီး ရေးကူးပြိုင်ပွဲတခု၊ ဓာတ်ပုံ-ဆီးဂိမ်းစာမျက်နှာ
ဖြစ်စဉ်မှာ ရေကူးပြိုင်ပွဲ စတင်ကူးခတ်ရန် နိုင်ငံခြားသား ဒိုင်တဦးက တာလွှတ်ခလုတ်ကို နှစ်ချက်နှိပ်မိ သွားသောကြောင့် ပြိုင်ပွဲဝင် ထိုင်းရေကူးမယ်မှာ တုံ့ဆိုင်းသွားပြီး ဆက်လက်ကူးခတ်ခဲ့သော်လည်း ဆု မရရှိပဲ ဖိလစ်ပိုင်အသင်းက ရွှေတံဆိပ်ရရှိသွားခဲ့သည်။ 

ယင်းရလဒ်ကို ထိုင်းနိုင်ငံအသင်းက ကန့်ကွက်ရာ အပြည်ပြည်ဆိုင်ရာ ရေကူးအဖွဲ့ချုပ်မှ ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် အသင်းမန်နေဂျာအားလုံးကို အစည်းဝေးခေါ်ယူ ညှိနှိုင်းခဲ့ပြီး ယင်းပွဲစဉ်ကို ပြန်လည်ယှဉ် ပြိုင်ရန် သဘောတူညီခဲ့ရာ ထိုင်းအသင်းက ပထမ ပန်းဝင်ပြီး ရွှေတံဆိပ်ရရှိခဲ့ပြီး ဒုတိယ ငွေတံဆိပ်ကို စင်ကာပူ နှင့် တတိယ ကြေးတံဆိပ်ကို ဖိလစ်ပိုင်နိုင်ငံတို့က ရရှိခဲ့သည်။ 

“ နိုင်ငံခြားသားဒိုင်က တာလွှတ် ခလုတ်ကို နှစ်ချက်သွားနှိပ်မိတော့ ထိုင်းက Complain တက်တယ်။ သူ က ရွှေရဖို့ သေချာပြီးသားလို့ ပြောတယ်။ အဲဒါနဲ့ ဒိုင်ချုပ် ၊ ဂျူရီလူကြီးတွေရဲ့ အဆုံးအဖြတ်နဲ့ ပွဲပြန်လုပ်တာ ထိုင်းကရွှေပြန်ရသွားတယ်”ဟု မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဝဏ္ဍထွန်းက ပြောသည်။ 

ရေကူးပြိုင်ပွဲတွင် ပါဝင်သော နိုင်ငံများမှာ အင်ဒိုနီးရှား ၊ မြန်မာ ၊ ထိုင်း ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား ၊ လာအိုနှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။ 

ဒီနေ့ နောက်ဆုံး ရရှိတဲ့ သတင်းအချက်အလက်တွေအရ အခု ဆီးဂိမ်ပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ်ဆု ၅၂ ခုနဲ့ ဒုတိယနေရာ ပြန်တက်လာခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဒုတိယနေရာမှ တတိယ၊ စတုတ္ထနေရာ အထိ အဆင့် ကျဆင်းနေခဲ့ရာ ဒီနေ့ နေ့လယ် မြန်မာစံတော်ချိန် ၁ နာရီကျော် ထုတ်ပြန်ချက်အရ အခုလို  ဒုတိယ အဆင့်ပြန်ရောက်လာခြင်းဖြစ်သည်။ 

ထက်နိုင်ဇော် ~ ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template