Headlines News :
Home » , » ပတ်ဆောင်ဟွာ၏ စကားပြန် ဦးနိုင်ဝင်း နှင့် အင်တာဗျူး

ပတ်ဆောင်ဟွာ၏ စကားပြန် ဦးနိုင်ဝင်း နှင့် အင်တာဗျူး

Written By လွင့်မောင်မောင် on Wednesday, December 18, 2013 | 4:39 PM

 
 နည်းပြချုပ်ပတ်ဆောင်ဟွာ၏ စကားပြန် ကိုနိုင်ဝင်း ဓာတ်ပုံ - ထွန်းခိုင်/ 7day Daily 

““သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့””

အင်ဒိုနီးရှားကို  မယုံနိုင်စရာ ရှုံးပွဲကြုံရသည့် ဒီဇင်ဘာ ၁၆ ည တွင် မြန်မာအသင်း ဘာတွေဖြစ်ခဲ့ပါလဲ။ ဒေါသကြီးသည့် ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမား၊ နည်းပြများအကြား ဘာသာပြန်အဖြစ် တာဝန်ယူရမည့် ဦးနိုင်ဝင်းက ထိုညအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာများကို ပြောပြခဲ့သည်။

ခပ်အေးအေးနေတတ်ပြီး မြန်မာကစားသမားများ ချစ်ခင်ကြသည့်  ကိုနိုင်ဝင်းသည် ပတ်ဆောင်ဟွာဒဏ် မခံနိုင်သောကြောင့် ထွက်စာတင်သည့် စကားပြန်သုံးဦးနောက်တွင် ဘာသာပြန်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။  မြန်မာဘောလုံးအသင်းအတွက် နည်းပြပတ်၏ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုပင် ခံခဲ့ရသည့် ဦးဝင်းနိုင်နှင့် 7Day Daily တွေ့ဆုံခန်းမှ အချို့ကို ဖော်ပြလိုက်ပါသည်။

နည်းပြနဲ့ ကစားသမားတွေကြားမှာ အစ်ကိုက အနီးကပ်ဆုံးနေရတာဆိုတော့ ပထမဆုံးမေးချင်တာ မနေ့က ဘာတွေဖြစ်သွားခဲ့တာလဲ။

ဘာဖြစ်လို့ဆိုတာကတော့ အဓိကကိုင်တွယ်တဲ့ ကာယကံရှင်တွေရဲ့ သိသိကြီးနဲ့ အမှားလား၊ မသိဘဲနဲ့မှားတဲ့ အမှားလားဆိုတာ ကာယကံရှင်ကလွဲလို့ မသိဘူး။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရတာက မဖြစ်သင့်တဲ့ကိစ္စလို့ ဒီလိုပဲပြောနိုင်တယ်။ မမှားသင့်တဲ့ကိစ္စ။ အသေးအဖွဲ မဟုတ်ဘူး။ အကြီးကြီး။

သတင်းစာရှင်းလင်းပွဲမှာလည်း အစ်ကိုရှိတယ်။ ပတ်ဆောင်ဟွာက နောက်ဆုံးအချိန်မှ စည်းမျဉ်းကိုသိတယ်ပြောတယ်။ ဒီအဖြစ်အပျက်က တကယ်လား။

အဲဒါက ကျွန်တော်သိသလောက် အမှန်အတိုင်း ပြောပြပါ့မယ်။ သတင်းစာရှင်းလင်းပွဲမှာပြောတယ်ဆိုတာက ကျွန်တော့်ရဲ့ တာဝန်အရ သူပြောတာ ဘာသာပြန်ပေးတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဖြေရှင်းပိုင်ခွင့်မရှိတဲ့အချိန်ပေါ့။ သိတယ်၊ မသိဘူးဆိုတာက မကစားခင် သုံးရက်လောက်အလိုမှာဖြစ်မယ်။ ထမင်းစားနေတဲ့ စားပွဲဝိုင်းမှာ နည်းပြတွေနဲ့ တာဝန်ရှိသူတွေနဲ့ အမြဲဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အချိန်မှာ AFC စည်းမျဉ်းနဲ့ပတ်သက်ပြီး သူက သိချင်တဲ့အခါကျတော့ ဆရာဦးတင်မြင့်အောင်က ဦးစိုးမိုးဆီကနေပြီး i-Pad လေးနဲ့ သွားကူးလာပြီး သူ့ ကိုပြတယ်။ စည်းမျဉ်းကတော့ အင်္ဂလိပ်လို ရေးထားတာ။ ဒါက ကတ်နဲ့ထိတာ ဘာညာပေါ့။ ဦးတင်ကလည်း ပြောနေတာပေါ့။ အင်္ဂလိပ်လို။ နည်းပြကြီးက i-Pad ယူသွားပြီး လက်တွေဘာတွေနဲ့ ဆွဲကြည့်တယ်။ ကြည့်ပြီးတော့ ကျွန်တော့်ကို ဒါဘာလဲလို့ သူမသိရင် မေးရင်လည်း ဖြေရမယ့်တာဝန် ကျွန်တော့်မှာရှိတယ်လေ။ သူ ကြည့်တယ်။ ပြီးတော့ သူလက်ခံလိုက်တယ်။ ပြီးတော့ ဦးတင်မြင့်အောင်ကို ပြန်ပေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဒါ စည်းမျဉ်းကို သူသိပြီလို့ပဲ ခံယူလိုက်တယ်။ မသိရင် မေးခွန်းထုတ်လာမှာကို။ မမေးတဲ့ကိစ္စကို ကျွန်တော်က မဖြေမိလိုက်ဘူးပေါ့နော်။ ကျွန်တော်လည်း သူသိထားပြီလို့ ခံယူထားတယ်။ ပြီးတော့ ဒီပွဲနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌက ညဘက်လည်းကျရော ဖုန်းလာတယ်။ ဒီပွဲက မဖြစ်မနေ နိုင်မှ တက်ရမယ့်ပွဲဆိုတာပြောခိုင်းတယ်။ အရင်တုန်းက ဥပမာပေးတယ်။ ဆူဇူကီးတုန်းက ကျွန်တော်တို့ တစ်ဖက်အသင်းကို လျှော့တွက်ပြီးကစားခဲ့လို့ ရှုံးတာပြောခိုင်းတယ်။ မနက်ဖြန် အ၀ါတစ်ကတ်နှစ်ကတ်ကို အသာထား။ နိုင်ဖို့အရေးကြီးတယ်ဆိုတာ ဥက္ကဋ္ဌက သူ့ကိုပြောခိုင်းတဲ့အချိန်မှာ ဆရာဦးတင်မြင့်အောင်ဖုန်းကနေတစ်ဆင့် ကျွန်တော့်ကို ပြောခိုင်းတဲ့အချိန်မှာ နည်းပြကြီးက ကြည့်တယ်။ ကျွန်တော်ပြန်ပြောမယ်ဆိုတော့ သူကမင်းငါ့ကို ဘာမှမပြောနဲ့တဲ့ သူဘာပြောမယ်ဆိုတာ ငါသိတယ်ဆိုတော့။ သူစိတ်တိုနေရင် သူ့ကို ဘာတစ်ခုမှ ပြောခွင့်မရဘူး။ သူပြောမယ့် စကားကို ငါပြောပြမယ်ကွာတဲ့။ မန္တလေးမှာ မိန်းကလေးပွဲကလည်း ရှုံးသွားပြီ။ အဲဒီတော့ မနက်ဖြန် မင်းတို့ နိုင်ကိုနိုင်ရမယ်။ ဘယ်လိုကစား ဒီလိုကစား ဒါပဲမဟုတ်လားဆိုတော့ မဟုတ်ဘူးလို့။ မန္တလေးပွဲ မိန်းကလေးရှုံးတာ မပြောဘူးလို့။ မနက်ဖြန်ပွဲနိုင်ဖို့ပြောတယ်။ ဆူဇူကီးဖလားမှာ  ဖိလစ်ပိုင်နဲ့ရခဲ့တဲ့သင်ခန်းစာကို သတိပေးတယ်။ အ၀ါကတ်ထိထားတဲ့ ကစားသမားတွေကိုလည်း မနက်ဖြန်ပွဲနိုင်မှ နောက်တစ်ဆင့် ဆက်စဉ်းစားမယ်။ နိုင်ဖို့အတွက် ထည့်သုံးပါဆိုတော့ အဲဒီမှာ သူဘာပြောလဲဆိုတော့ အ၀ါကတ်ထိတာ ဥက္ကဋ္ဌ ဘယ်လိုသိလဲ။ ဒီကလူတွေ သတင်းပို့လို့ သိတာပေါ့ဆိုပြီး သူက Staff တွေအပေါ် မဲတာပဲ။  နောက်နေ့မနက် အစောကြီးလည်း ဥက္ကဋ္ဌက ကစားသမားတွေ မနက်စာစားနေတုန်း အစောကြီးရောက်လာတယ်။ ထပ်ပြီး နိုင်အောင်ကစားဖို့ ဒီနေ့နိုင်ရင် ဆုတွေဘယ်လောက်ချမယ်ဆိုတာ ပြောသွားတယ်။ ဒါကို ကျွန်တော် သူ့ကိုလည်း ဒီနေ့နိုင်အောင်ကစားရမယ်။ နိုင်ရင်ဆုချမယ်ဆိုပြီး ဘာသာပြန်ပေးလိုက်တာပေါ့။ သူ့နားထဲကို ဒီနေ့နိုင်အောင်ကစားရမယ်။ ဒီပွဲနိုင်အောင်ကစားရမယ်ဆိုတာ အကြိမ်ကြိမ်သိနေပြီးသား။ စည်းမျဉ်းကိုလည်း ဦးတင်မြင့်အောင်ဆီက သူယူကြည့်ထားပြီးသား။တစ်ခါ ပွဲကစားမယ့်အချိန် ကွင်းထဲမရောက်ခင်မှာ ၂ နာရီ ၄၀ မိနစ် တွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဒီနေ့ နိုင်ကိုနိုင်ရမယ်။ မနိုင်ရင် နေပြည်တော်မရောက်တော့ဘူး။ နာတဲ့ ကစားသမားတွေရှိတယ်။ တစ်ရက်ခြားပွဲဖြစ်တဲ့အတွက် အားမပြည့်သေးဘူးဆိုတာ သူသိတယ်။ သို့သော် ပွဲအရေးကြီးတဲ့အတွက် ကြိုးစားပြီး ကစားပေးပါလို့ပြောတယ်။ နေပြည်တော်ကို ပျော်ပျော်ရွှင်ရွှင်သွားကြမယ်ပေါ့။ ဒီနေ့ပွဲမှာ အင်ဒိုနီးရှားက ဘယ်လိုကစားမလဲလို့ မင်းတို့ထင်လဲလို့ ကစားသမားတွေကို မေးတယ်။ တိုက်စစ်နဲ့ကစားမယ်လို့ သိတယ်ပေါ့။ အဲဒါဆိုတို့က ခံစစ်နဲ့ကစားရမယ်။ တန်ပြန်တိုက်စစ်နဲ့ ကစားရမယ်ပေါ့။ အဲဒီလိုလည်း သူက ပြောတယ်။ နောက်ပြီး ရှုံးရင်ထွက်ရမယ်ဆိုတာရော သိလားဆိုတော့ ကစားသမားတွေက နှုတ်နဲ့လည်း ဖြေတယ်။ ခေါင်းညိတ်လည်းဖြေတယ်။ အဲဒီအချိန်မှာ ဆီးဂိမ်းအောင်နိုင်ရေးဥက္ကဋ္ဌ ဦးအောင်မိုးကျော်လည်း အနားမှာရှိနေတယ်။

မြန်မာရှုံးတဲ့အတွက် သူကရော ခံစားရတဲ့ပုံရှိလား။

ပွဲပြီးပြန်လာတော့ “ Why..Why...Why... I don't know” ဆိုပြီး သူက အဲလိုပြောတယ်။ ပြောတော့ ဦးတင်မြင့်အောင်ကလည်း နည်းပြကြီးကို ပြတယ်လေတဲ့။ အဲဒီမှာ သူက ဘာပြန်ပြောလဲဆိုတော့ ပြတာ သူမသိဘူးပေါ့။ တကယ်တမ်းဆို သူမေးရမှာလေ။ သူ မသိရင် မမေးဘဲနဲ့ ဒီလောက်အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခုကို အစအဆုံးသူဖတ်မိလိမ့်မယ်။ နားမလည်တာရှိရင် မေးလို့ရတာပဲ။ မမေးတာက သူ့အပိုင်း၊ မပြောဖြစ်တာက ကျွန်တော်တို့တာဝန်ပေါ့။ အဲဒါကို သူကအခုမှသိတယ်တဲ့။ နောက်ပြီး Head to Head ဆိုတာ အသက် ၆၀ မှာ အခုမှ ပထမဦးဆုံးအကြိမ် ကြားဖူးကြုံဖူးတာလို့ သူကိုယ်တိုင်က ဦးတင်မြင့်အောင်ရှေ့မှာ ပြောတာ။ သူက တစ်ခါဘာပြောသေးလဲဆိုတော့ သူမသိဘူးလားဆိုaတာ့ နည်းပြကြီးတောင် ပြောသေးတယ်လေလို့ meeting room ထဲမှာ ဒီနေ့ပွဲ ရှုံးလို့မဖြစ်ဘူး။ ရှုံးရင်ထွက်ရမယ် သိလားလို့ မေးaတာ့ ကစားသမားတွေက သိတယ်လို့ ဖြေတယ်လေလို့ ပြောတယ်ဆိုတော့ သူက ငါအဲဒီလိုajပာလိုက်တာ ကစားသမားတွေ ပိုပြီးတော့ ကြိုးစားချင်စိတ်ပေါက်သွားအောင် အဲဒီအဓိပ္ပာယ်နဲ့ ပြောတာလေတဲ့။ ဒါကတော့ သူပဲသိမယ်။ သိသိကြီးနဲ့ မသိဘူးလုပ်တာလား။ ၂ နာရီ ၄၀ Meeting မှာ အရှေ့သုံးပွဲမှာ အရမ်းကြိုးစားပြီး ကစားလာတာနော်တဲ့။ ဒီနေ့ပွဲမှာ ခြေချော်လက်ချော်ဖြစ်သွားရင် ကြိုးစားထားသမျှတွေ အရာမ၀င်ဖြစ်သွားလိမ့်မယ်လို့ သူက အဲဒီလို ပြောတာကို ကျွန်တော်က ဗမာလို အလွဲအချော်ဖြစ်သွားရင် သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်သေးတယ်။ ဒါတွေ အားလုံးက ကစားသမားတွေရော၊ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌကြီးရော၊ ဦးစိုးမိုးတို့အားလုံးရှိတယ်။

အစ်ကိုက သူနဲ့အနီးကပ်နေရတော့ ဒီပြဿနာဟာ သာမန်လွဲချော်မှုလို့ ထင်လား။ နောက်ဆုံးအကြိမ်ကျမှ တေ့ဖြုတ်လိုက်တဲ့သဘောလို့ ထင်လား။

ကျွန်တော်က ဒီစကားကြီးကို ပြောသင့်၊ မပြောသင့်တော့ တော်တော်စဉ်းစားတယ်။ အစ်ကိုတို့ကတော့ မီဒီယာသဘောအတိုင်းပဲလုပ်ပါ။ သူက ဆီးဂိမ်းပြီးရင် သူ့စာချုပ်က ပြီးပြီပေါ့နော်။ တစ်လပိုင်း သုံးလပိုင်းမှာလည်း ယူ-၂၂ တို့ AFC ပွဲတွေ ရှိနေတဲ့အခါမှာ အဲဒီပွဲတွေကို အရမ်းကို မျှော်လင့်နေတာပေါ့နော်။ ကျွန်တော့်ကို စကားစပ်တိုင်းမေးတာ ယူ-၂၂ က ကပ်နေပြီ။ သူ့ကို အခုထိ မကမ်းလှမ်းသေးဘူး။ ပွဲပြီးမှပြောမယ်ဆိုရင် သူ့ဘက်က ပြင်စရာရှိတာ ပြင်ရမယ်ပေါ့။ အဲဒီလို (စာချုပ်သစ်ကိစ္စ) မပြောတဲ့အပိုင်းလေးတွေမှာတော့ သူက ဖုနေတာရှိတာပေါ့။ ဒါက သူနဲ့ ကျွန်တော်ရဲ့ အတွင်းစကားပါ။ (သာမန်လွဲချော်မှုနဲ့ တမင်ကြံစည်မှု) နှစ်ခုစလုံးကတော့ ၅၀/၅၀ ပေါ့ အစ်ကိုရာ။ သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့။ ဒါကလည်း ကျွန်တော့်အတွေးပါ။ သူ့ကို လစာပေးထားတာက ဒေ၀ူးပေါ်စကိုကေ ပးတယ်အစ်ကိုရာ။ ဥက္ကဋ္ဌကတော့ အသုံးစရိတ်နဲ့ အိမ်ကား အားလုံးပြည့်စုံအောင် ပေးထားတယ်။ ဒေ၀ူးက သူ့ကို လုံးဝမပေးတော့ဘူးလည်းဆိုရော သူက နည်းနည်းလေး ပျာသွားပြီးတော့ ဥက္ကဋ္ဌမှာလည်း ပိုက်ဆံရှိတာပဲ။ သူပေးချင်ပေးလို့ ရတယ်ပေါ့။ အဲဒီလိုတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဆီးဂိမ်းကို ပထမဦးစားပေးနေတော့ သူ့ကိစ္စက ဒုတိယနေရာရှိနေတာပေါ့။ အင်ဒိုတွေထခုန်ပြီး မြန်မာတွေငိုတော့မှသိတယ်ပြောတယ်။ အဲဒါကရော။အင်ဒိုတွေက ထခုန်တော့ ဘာဖြစ်လို့လဲမေးတော့ သူတို့က တက်သွားတယ်လေလို့။ မြန်မာတွေက ဟိုမှာငိုနေကြတယ်လို့ သူတို့ထွက်သွားရတယ်လေလို့။ အဲဒီတော့မှ သူက “ Why.. why..why ” ဆိုပြီး မေးတော့ (ကိုရီးယားလူမျိုး) သူ့နည်းပြနှစ်ယောက်ကလည်း ပြောတယ် ထွက်ရလို့ ငိုတာလို့။

သူ့လက်ထောက်နှစ်ယောက်ကရော သိလား။

နည်းပြကြီးက မေးလိုက်တဲ့ အချိန်မှာ သူတို့က မသိဘူးလို့ ဖြေတယ်။ ဒါပေမဲ့အရန်ခုံမှာ ထိုင်နေတော့ ကျွန်တော့်ကို ဂိုးနည်းပြက ဒီနေ့ပွဲရှုံးရင် နည်းပြကြီးသိလားဆိုတော့ သူသိထားလို့မေးတယ်လို့ ကျွန်တော်က ဒီလိုယူဆတယ်။ သူသိထားလို့ ဒီမေးခွန်းကို ကျွန်တော့်ကို မေးတာပေါ့။

ပြိုင်ပွဲပြီးသွားတော့ အ၀တ်လဲခန်းထဲမှာ ဘာတွေဖြစ်ကြသေးလဲ။

ဦးတင်မြင့်အောင် ဘာလို့မပြောတာလဲဆိုတော့ ဦးတင်မြင့်အောင်က ပြောတယ်လေ။ သူ့ကိုပြတယ်လေဆိုတော့ မပြောဘူးတဲ့။ ပြောတာက တခြားကိစ္စ၊ အ၀ါကတ်ကိစ္စဘာညာပဲ ပြောတာပေါ့။ ဒီစည်းမျဉ်းနဲ့ ပတ်သက်ပြီး ပြောတာမဟုတ်ဘူးဆိုတော့။ ၀ုန်းဝုန်း..၀ုန်းဝုန်းနဲ့ တော်တော်လေး ရုတ်ရုတ်သဲသဲဖြစ်တာပေါ့။ တစ်ယောက်အော်၊ တစ်ယောက်အော်နဲ့ ပြောကြတာ။ ပြီးတော့မှ ဟိုတယ်ပြန်ရောက်တော့မှ စားပွဲမှာပြန်ထိုင်မှ ပြောတော့မှ ဦးတင်မြင့်အောင်က ပြတယ်။ သူကလည်း ကြည့်တယ်ဆိုတော့မှ ဟုတ်တယ်။ ငါကြည့်တာက ကတ်တလောက်ကိုပဲ သူကြည့်လိုက်တာတဲ့။ အောက်အထိ သူမကြည့်လိုက်ဘူး။ သူက အင်္ဂလိပ်လိုနားမလည်ဘူး အဲဒီလိုကာလိုက်တယ်။

7day Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template