Headlines News :
Home » » အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU တပ်မဟာ (၅) တွင် ရှိနေ

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU တပ်မဟာ (၅) တွင် ရှိနေ

Written By လွင့်မောင်မောင် on Friday, December 20, 2013 | 12:37 PM

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများအတွင်း နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုး ဆိုသူမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ တွင် ရှိနေကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်စသည့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှု များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့သူများနှင့် သံသယ ရှိသူများမှာ KNU အဖွဲ့ အစည်းနှင့် ပတ်သက်နေသည်ဟု အစိုးရဘက်က ထုတ်ပြန်မှုများ ရှိခဲ့သည်။
ယင်းအပေါ်တွင် KNU ဘက်ကလည်း ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကာ ၎င်းတို့နှင့် ပတ်သက်မှုရှိပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
KNU အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်တွင် KNU ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရော်ဂျာခင် ဦးဆောင်သော စုံစမ်းရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားကြောင်းနှင့် အစိုးရမှ ဖမ်းဆီးရမိ ထားသူများကို စစ်ဆေးပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် စောနေတိုးကို လာရောက် အစစ်ဆေးခံရန် ကြေးနန်းရိုက် ခေါ်ထားကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
''လက်ရှိ နောက်ဆုံး အနေအထားကတော့ ကော်မရှင်ကို လာရောက် အစစ်ဆေးခံဖို့ စောနေတိုးကို ကော်မရှင်က ကြေးနန်းရိုက်ပြီး ခေါ်ထားတဲ့အဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်မှာ ကျွန်တော် ခရီးထွက်လာတာပါ။ သူက တပ်မဟာ ၅ မှာရှိတယ်။ အဖွဲ့အစည်းရဲ့ ထုံးစံအရတော့ ဒီလိုပြဿနာ ရှိထားတဲ့သူကိုတော့ တာဝန်က ယာယီရပ်ဆိုင်းထားတယ်'' ဟု ၎င်းက ပြောကြားသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ အနှံ့အပြား ဗုံးဖောက်ခွဲမှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်မှုများ ရှိနေကြောင်းနှင့် ၎င်းတို့မှာ ရွှေတိဂုံ ဘုရားတွင်ပါ ဗုံးဖောက်ခွဲရန် ရည်ရွယ်ထားကြောင်း၊ နောက်ကွယ်မှ ခိုင်းစေသည်ဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU ဗဟို၏ စီးပွားရေး တာဝန်ခံ မဟုတ်ဘဲ မြို့နယ်အဆင့် တာဝန်ခံ တစ်ဦးသာ ဖြစ်ကြောင်း၊ စီးပွားရေးသမား ဖြစ်သည့်အတွက် ငွေကြေးကြောင့် နိုင်ငံရေး သမားများ၏ အသုံးချမှုကို ခံရသူသာ ဖြစ်ကြောင်း၊ KNU နှင့် တစ်စုံတစ်ခု ပတ်သက်နေသည့်အတွက် တာဝန်ယူ၊ တာဝန်ခံသွားမည် ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲမှုများမှာ KNU ၏ သဘောထား မဟုတ်ဘဲ ပုဂ္ဂလိက ခံစားချက် များကြောင့် သာဖြစ်ပြီး နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အောက်တိုဘာ လအတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် KNU ဘက်က ပြောကြားထားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template