ယနေ့လာရောက်အားပေးကြသောမြန်မာပရိဿတ်(ဓာတ်ပုံ-Ko Ko Gyi )
ယနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဍအားကစားကွင်းတွင် မြန်မာနှင့်
အင်ဒိုနီးရှားသော ကစားသောပွဲတွင် မြန်မာအသင်း တစ်ဂိုး ဂိုးမရှိဖြင့်
ရှုံးနိမ့်သွားသဖြင့် ပြိုင်ပွဲမှ နုတ်ထွက်သွားရပြီဟု သိရသည်။
ယနေ့ပွဲကို လူပေါင်း ၃၀၀၀၀ ခန့် လာရောက်ကြည့်ရှု့ခဲ့ပြီး
မြန်မာအသင်းရှုံးနိမ့်သွားသဖြင့် လူအချို့မှ ခုံများဖြင့် ပစ်ပေါက်ကာ
ဆူပူအကြမ်းဖက်မူများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
မြန်မာအသင်းပါဝင်သော အုပ်စု (ခ)တွင် ထိုင်း အသင်းသည် ၂ ပွဲနိုင်၊ ၂
ပွဲသရေ ရမှတ် (၈) မှတ်ဖြင့် အုပ်စုဗိုလ်၊ အင်ဒိုနီးရှားသည် အသင်းသည် အုပ်စု
ဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။