Headlines News :
Home » » တရုတ်နိုင်ငံရောက် NLD ကို လက်ပံတောင်းကိစ္စ ၀မ်ပေါင် ရှင်းပြ

တရုတ်နိုင်ငံရောက် NLD ကို လက်ပံတောင်းကိစ္စ ၀မ်ပေါင် ရှင်းပြ

Written By လွင့်မောင်မောင် on Tuesday, December 17, 2013 | 3:16 PM

 
အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၈ ရက်တွင် တ ရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် NLD ကိုယ်စားလှယ်အဖွဲ့ကို ပေကျင်းမြို့ရှိ ၀မ်ပေါင်ကုမ်ဏီရုံးခန်းသို့ ဖိတ်ခေါ်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆိုင်ရာကိစ္စများ ရှင်းလင်းပြောဆိုခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ဒီဇင်ဘာ ၁၆ ရက်တွင် မဇိ္ဈမကို ပြော သည်။

ဝမ်ပေါင်ကုမ္ပဏီ၏ ဒုတိယအထွေထွေမန်နေဂျာက ဒီဇင်ဘာ ၁၀ ရက်တွင် NLD ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်၍ ပေကျင်းမြို့ရှိ ကုမ္ပဏီရုံးချုပ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

“ပေကျင်းမြို့မှာ ၀မ်ပေါင်ကုမ္ပဏီကလူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံက လက်ပံတောင်း အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြတယ်။ လက်ရှိ လက်ပံတောင်းဒေသမှာ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက် ပြီးရှင်းပြတယ်။ NLD ပါတီကနေတစ်ဆင့် သိရှိအောင်လို့ ပြန်လည် ရှင်းပြတဲ့သဘောပါ။ လက်ပံတောင်း ဒေသမှာ ပြောခိုင်းတာ မဟုတ်ဘူး။ ပါတီအနေနဲ့ကတော့ ပြန်လည် ဆွေးနွေးတာမရှိဘူး”ဟု ခရီးစဉ်တွင် ပါဝင်ခဲ့သူ မုံရွာအောင်ရှင်က မဇ်္ဈိမကို ပြောသည်။

NLD ကိုယ်စားလှယ်အဖွဲ့၏ အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး၊ တရုတ်နိုင်ငံရေးရာ အသင်းဥက္ကဋ္ဌ၊ တရုတ်နိုင်ငံခြားရေး အတိုင်ပင်ခံ၊ ဆင်းရဲမွဲတေမှုလျှော့ချရေး ဖောင်ဒေးရှင်း၊ NGO နှင့် နိုင်ငံတကာဆက်ဆံရေးကွန်ရက်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန၊ ဒုတိယ၀န်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ နိုင်ငံရေးစနစ် မတူဘူးဆိုပေမယ့် တရုတ်ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုတွေ၊ မြန်မာနိုင်ငံက တရုတ်ကနေ ရယူနိုင်ရင် ကောင်းတာပေါ့”ဟု မုံရွာအောင်ရှင်က ပြောသည်။
ရက်သတ္တပတ် တစ်ပတ်ကြာမြင့်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ကျန်မင်း မြို့တို့သို့ သွားရောက် လေ့လာခဲ့ကြသေးသည်။ ခရီးစဉ်သို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်း ဦးဆောင်၍ မုံရွာဦးအောင်ရှင်၊ စီးပွားရေးပညာရှင် ဦးမျိုးမြင့်၊ ဦးလေးညွန့်၊ ဦးလှဦး၊ ဒေါ် ကြည်ကြည်ဝင်း၊ တနင်္သာရီတိုင်းမှ ကိုဥက္ကာမင်း၊ မွန်ပြည်နယ်မှ ကိုအေးမင်းဟန်၊ ရှမ်းပြည်နယ်မှ ကိုရှမ်း စောသလင်းစောတို့ လိုက်ပါခဲ့ကြသည်။

ရွှေရည်ဝင်းထက်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template